Saturday, July 4, 2026

အာကာသယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့အတွက် ‘လကမ္ဘာ လေ့ကျင့်ရေးကွင်း’...

လပေါ်မှာ သွားရောက်တာဝန်ထမ်းဆောင်မယ့် အာကာသယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့အတွက် မြေပြင်အ‌ခြေစိုက် ‘လကမ္ဘာ လေ့ကျင့်ရေးကွင်း’ တစ်ခုကို ရုရှားနိုင်ငံက တည်ဆောက်နေပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံရဲ့ ဖက်ဒရယ်...

AFC Challenge League အတွက်...

ရုရှားတောင်ပံကစားသမား ဒန်နီရယ်မူဆက်ကင်ကို ရန်ကုန်ယူနိုက်တက် တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူ AFC Challenge League 2026-27 နှင့် ပြန်လည်စတင်မည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများအတွက် အသင်းအားဖြည့်ပြင်ဆင်မှုအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းသည်...

အိန္ဒိယဝန်ကြီးချုပ် မိုဒီ အင်ဒိုနီးရှား၊ သြစတြေးလျနှင့်...

ဒေသတွင်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးမည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ အင်ဒိုနီးရှား၊ သြစတြေးလျနှင့်...

လာအိုရိုးရာ ပိုးထည်နှင့် လက်မှုပညာအခြေပြု SME...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးသည် ယနေ့ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ဗီယင်ကျန်းမြို့ရှိ...
HomeMoviesMSME လုပ်ငန်းများနှင့် သီလဝါအထူးစီးပွားရေးဇုန်...

MSME လုပ်ငန်းများနှင့် သီလဝါအထူးစီးပွားရေးဇုန် ချိတ်ဆက်ဆောင်ရွက်ကာ ပြည်ပပို့ကုန်တိုးမြှင့်ရန် ဒုတိယသမ္မတ ဦးညိုစော လမ်းညွှန်

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစောက ပြည်ပပို့ကုန်တိုးတက်စေရေးအတွက် ပြည်တွင်း MSME လုပ်ငန်းများနှင့် သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

ဇူလိုင် ၃ ရက်က ကျင်းပသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယသမ္မတက လက်ရှိအကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန်များသည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကုန်ထုတ်လုပ်မှုနှင့် ပြည်ပပို့ကုန်တိုးတက်စေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားဝင်ငွေ တိုးမြှင့်ရရှိစေခြင်းတို့အတွက် အရေးပါကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ပြည်တွင်း MSME လုပ်ငန်းများနှင့် သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်မှုလုပ်ငန်းများအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများကို သတ်မှတ်အချိန်ဇယားအတိုင်း အဆင့်လိုက်တိုးတက်မှုရှိစေရန် အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။

ထို့ပြင် အထူးစီးပွားရေးဇုန်များ၏ စီမံခန့်ခွဲမှုတွင် အားနည်းချက်များ မဖြစ်ပေါ်စေရေး၊ လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးမြောက်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် စည်းရုံးဆွဲဆောင်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် ဒုတိယသမ္မတ ဦးညိုစောက မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာကာသယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့အတွက် ‘လကမ္ဘာ လေ့ကျင့်ရေးကွင်း’ ရုရှားတည်ဆောက်

လပေါ်မှာ သွားရောက်တာဝန်ထမ်းဆောင်မယ့် အာကာသယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့အတွက် မြေပြင်အ‌ခြေစိုက် ‘လကမ္ဘာ လေ့ကျင့်ရေးကွင်း’ တစ်ခုကို ရုရှားနိုင်ငံက တည်ဆောက်နေပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံရဲ့ ဖက်ဒရယ် ဆေးဘက်ဆိုင်ရာနဲ့ ဇီဝဗေဒအေဂျင်စီ (FMBA) က တာဝန်ရှိသူတစ်ဦးက အခုလို ပြောပြထားတာပါ။ "ကျွန်တော်တို့ FMBA ရဲ့ အာကာသဆေးပညာနဲ့ ဇီဝဗေဒဗဟိုဌာနဟာ ဒီလုပ်ငန်းခွင်ကို အထူးတလည် အကောင်အထည်ဖော်နေပြီး ဒါဟာ ရုရှားအာကာသစက်မှုလုပ်ငန်းရဲ့ မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ အဓိကအနေနဲ့ကတော့ ‘လကမ္ဘာစမ်းသပ်ကွင်း’ လို့ ပြောလို့ရမယ့် မြေပြင်အခြေစိုက် တူညီပတ်ဝန်းကျင်တစ်ခုကို ဖန်တီးဖို့...

AFC Challenge League အတွက် အားဖြည့်

ရုရှားတောင်ပံကစားသမား ဒန်နီရယ်မူဆက်ကင်ကို ရန်ကုန်ယူနိုက်တက် တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူ AFC Challenge League 2026-27 နှင့် ပြန်လည်စတင်မည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများအတွက် အသင်းအားဖြည့်ပြင်ဆင်မှုအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းသည် သီရိလင်္ကာကလပ် Pelicans FC မှ ရုရှားနိုင်ငံသား ညာတောင်ပံကစားသမား ဒန်နီရယ်မူဆက်ကင်ကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။ ဒန်နီရယ်မူဆက်ကင်သည် AFC Challenge League ပြိုင်ပွဲတွင် မွန်ဂိုလီးယားကလပ် SP Falcon အသင်းနှင့် နှစ်ရာသီဆက်တိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး အုပ်စုအဆင့်ပြိုင်ပွဲတွင် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည့် အတွေ့အကြုံရှိ ကစားသမားတစ်ဦးဖြစ်သည်။ ထို့ပြင် SP...

အိန္ဒိယဝန်ကြီးချုပ် မိုဒီ အင်ဒိုနီးရှား၊ သြစတြေးလျနှင့် နူးဇီလန်သို့ သွားရောက်မည်

ဒေသတွင်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးမည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ အင်ဒိုနီးရှား၊ သြစတြေးလျနှင့် နူးဇီလန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ဒေသတွင်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရေးအတွက် သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြီးတန်းတာဝန်ရှိသူ ရူရန်ဒရာ တန်ဒွန်က ယခုခရီးစဉ်သည် အိန္ဒိယ၏ "Act East Policy" အရ အရှေ့ပိုင်းရေကြောင်းဒေသများနှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုအလေးထားဆောင်ရွက်နေခြင်းကို ထင်ဟပ်စေကြောင်း ဇူလိုင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071