Friday, January 17, 2025

ငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ၆ ဒဿမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ပြီးတွင် ရေအားလျှပ်စစ်ဆည်တမံ ၁၄ ခုကို စစ်ဆေးခဲ့ရာတွင်...

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထို့ပြင် ပြီးခါးနီးအခန်းများ၏...

လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ...

ပြည်တွင်း၌ လိုအပ်သည့် လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြော င်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောသည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး...

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို...

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ...
HomeNewsLocal NewsMoU မြန်မာလုပ်သားများ မိသားစုထံ...

MoU မြန်မာလုပ်သားများ မိသားစုထံ ငွေလွှဲရာတွင် နှစ်နိုင်ငံဘဏ်များနှင့် စနစ်တကျ လုပ်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

MoU မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေကိစ္စနှင့် ပတ်သက်၍ ငွေလွှဲအများစုအား နှစ်နိုင်ငံဘဏ်များမှ တစ်ဆင့် စနစ်တကျစီးဆင်းစေရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောကြားလိုက်သည်။

သြဂုတ် (၂၉) ရက် မွန်းလွဲပိုင်းက ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“MoU မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေကိစ္စနှင့် ပတ်သက်၍ ငွေလွှဲအများစုအား နှစ်နိုင်ငံဘဏ်များမှ တစ်ဆင့် စနစ်တကျ စီးဆင်းစေရေး ဆောင်ရွက်စေလိုကြောင်း၊ အလုပ်သမားရေးရာကိစ္စရပ်များ၊ ပြဿနာများ၊ ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်ပါက သက်ဆိုင်ရာသို့ သတင်းပို့၍ အချိန်နှင့် တစ်ပြေးညီ အလုပ်သမား သံအရာရှိများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်”ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောကြားသည်။

သက်ဆိုင်ရာ အေဂျင်စီများအနေဖြင့် စာချုပ်ချုပ်ဆိုပြီးသည့် အလုပ်သမားများကို ရက်ပေါင်း ၉၀ အတွင်း စေလွှတ်ရန်လိုအပ်ကြောင်း၊ သတ်မှတ်ရက်အတွင်း စေလွှတ်နိုင်မှု မရှိလျှင် အလုပ်သမားများ၏ တိုင်ကြားမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် အေဂျင်စီများက အလေးထားဆောင်ရွက်စေလိုကြောင်း ဆက်လက်ပြောကြားသည်။

ဩဂုတ် ၂၃ ရက်အထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ စုစုပေါင်း ၄၅၇ ခု နှင့် ထိုင်းလိုင်စင်ရ အေဂျင်စီ ၁၅၀ ရှိကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအား ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းတိုတွင် ပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲချုပ် (MOEAF) မှ ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲဝင်များ၊ နိုင်ငံအလိုက်အဖွဲခေါင်းဆောင်များ တက်ရောက်ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ၆ ဒဿမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ပြီးတွင် ရေအားလျှပ်စစ်ဆည်တမံ ၁၄ ခုကို စစ်ဆေးခဲ့ရာတွင် ၅ ခု၌ အက်ကြောင်းထင်မှုများအပါအဝင် အပြစ်အနာအဆာများ တွေ့ရှိခဲ့သည်ဟု အရေးပေါ်ဌာန အရာရှိတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါဆည်ငါးခုအနက် သုံးခုကို ပြင်ဆင်ထိန်းသိမ်းမှုများလုပ်ဆောင်ပြီးဖြစ်ကြောင်း တိဘက်ဒေသ အရေးပေါ်စီမံခန့်ခွဲရေးအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ငလျင်ဗဟိုချက်ဖြစ်ခဲ့သော Tingri စီရင်စုရှိ ရေအားလျှပ်စစ်ဆည်တစ်ခု၏ နံရံများသည် နိမ့်ဆင်းသွားခဲ့သဖြင့် ဆည်အောက်ပိုင်းရှိ ကျေးရွာခြောက်ရွာမှ လူ ၁,၅၀၀ ခန့်ကို အမြင့်ပိုင်းနေရာများသို့...

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀)ကျော်ကို ထပ်မံငှားရမ်းမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထို့ပြင် ပြီးခါးနီးအခန်းများ၏ လျှပ်စစ်မီတာများကို လျှောက်ရန်ပြင်ဆင်နေပြီး မီတာရရှိပါက ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း (၂၆၀၀)ကျော်နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် အများပြည်သူများ နေထိုင်နိုင်ရေးအတွက် သက်သာသော အိမ်ခန်းငှားရမ်းခနှုန်းထားများဖြင့် နိုင်ငံတော်က စနစ်တကျတည်ဆောက်ပေးထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် (၁၁၆၈) ခန်း၊ ၂၀၂၄ ခုနှစ်တွင်...

လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဟုဆို

ပြည်တွင်း၌ လိုအပ်သည့် လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြော င်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောသည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြုလုပ်နိုင်ရေးအတွက် ပြခန်းများတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေးစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည်နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့် ပတ်သက်၍ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်စေရန် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ပြည်တွင်း၌ လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071