ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များအား ဖေဖော်ဝါရီ (၁၉) ရက်မှ စတင်ကာ ပြန်လည်ခွင့်ပြုပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၄) ရက်မှစတင်၍ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်မှု လုပ်ငန်းစဉ်များအား ယာယီရပ်နားထားရာမှ ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး (ထိုင်းလိုင်စင်ရ) အေဂျင်စီများမှ MoU စနစ်ဖြင့် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် အလုပ်သမားများ စေလွှတ်ပို့ဆောင်နေသော်လ ည်း အချို့သောအေဂျင်စီများသည် အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးထပ်မံကောက်ခံခြင်း၊ စာချုပ်တွင် ပါရှိသည့် လုပ်ငန်းခွင်သို့ ပို့ဆောင်မပေးခြင်းနှင့် စာချုပ်ပါအချက်များကို ချိုးဖောက်ခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သော်လည်း အေဂျင်စီများ တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်း၊ ထိုင်းလုပ်ငန်းရှင်များ၏ လုပ်အားခေါင်းပုံဖြတ်မှုကြောင့် မြန်မာအလုပ်သမားများ နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
