Thursday, June 4, 2026

ရန်ကုန်မြို့၌ အပူဒ-ဏ်အန္တရာယ် ကာကွယ်ရေး လူထုအသိပညာပေး...

ကမ္ဘာလုံးဆိုင်ရာ အပူဒ-ဏ်ခံနိုင်ရည်ရှိရေး လှုပ်ရှားမှုနေ့ (Heat Action Day) အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) က ဦးဆောင်၍ ရန်ကုန်မြို့...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ (ဇွန်လ ၄ ရက်) နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်...

မြန်မာ-အိန္ဒိယ-ထိုင်း (၃) နိုင်ငံ အဝေးပြေးလမ်းမ...

မြန်မာ-အိန္ဒိယ-ထိုင်း (၃)နိုင်ငံအဝေးပြေးလမ်းမ စီမံကိန်းအား အင်မတန်အလေးထားသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံ DD India သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းမှုပြုလုပ်စဥ်ဖြေကြားခဲ့ခြင်းဖြစ်သည်။ "မြန်မာ-အိန္ဒိယ-ထိုင်း (၃) နိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းဟာ မိုင်ပေါင်း...

ပေါင်မြို့နယ်၌ ခရိုင်အဆင့် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်...

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်အဆင့် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြသည်။ မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်၊ သ‌င်္ဘောဆိပ်ဟောင်း၌...
HomeNewsLocal NewsMNL U-20 Week-3...

MNL U-20 Week-3 ပွဲစဉ်များ ဇွန် ၅ ရက် စတင်မည်

ယခုနှစ်ဘောလုံးရာသီတွင် ပရိသတ်အားပေးမှု အခိုင်အမာရရှိနေသည့် MNL U-20 League 2026 ၏ Week-3 ပွဲစဉ်များကို ဇွန်လ (၅) ရက်နေ့မှ စတင်ကာ ကျင်းပသွားတော့မည်ဖြစ်သည်ဟု မြန်မာနေရှင်နယ်လိဂ်ကော်မတီက ယနေ့တွင် အသိပေးထုတ်ပြန်သည်။

ယခု Week- 3 တွင် အမှတ်ပေးဇယား အပြောင်းအလဲဖြစ်စေနိုင်သည့် အကြိတ်အနယ်ပွဲစဉ်များပါဝင်နေပြီး အဓိကစောင့်ကြည့်ရမည့် ပွဲစဉ်များအနေဖြင့် (၂)ပွဲကစား (၂)ပွဲနိုင်ရလဒ်ဖြင့် ရာနှုန်းပြည့်နိုင်ပွဲရရှိထားသည့် Galaxy FC နှင့် အမှတ်ပေးဇယားအဆင့်(၃)နေရာ၌ ရပ်တည်နေသည့် ISPE FC တို့ထိပ်တိုက်တွေ့ဆုံမည် ဖြစ်သည်။

အလားတူ နိုင်ပွဲရရှိရန် ရုန်းကန်နေရသည့် နာမည်ကြီး ဒဂုံစတားယူနိုက်တက်နှင့် Falcon FC တို့၏ ပွဲစဉ်အပါအဝင် ရလဒ်ကောင်းရရှိရန် ကြိုးစားနေသည့် ရတနာပုံအက်ဖ်စီနှင့် မြဝတီအက်ဖ်စီတို့လည်းထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သည်။

ထို့အပြင် ဧရာဝတီယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ ဟံသာဝတီယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်နှင့် ရန်ကုန်စီးတီးအသင်း၊ ချင်းလန်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့လည်း ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ် သည်။

Week-3 ပွဲစဉ်တွင် ရာနှုန်းပြည့်နိုင်ပွဲရထားသည့် အသင်းများဖြစ်သော Galaxy FC နှင့် ရန်ကုန်ယူနိုက်တက်တို့ နိုင်ပွဲဆက်မလား သို့မဟုတ် အောက်ဆုံးအဆင့်မှ အသင်းများက အံ့အားသင့်ဖွယ် ရလဒ်များ ဖန်တီးပြမလားဆိုသည်မှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည့် အခြေ အနေဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့၌ အပူဒ-ဏ်အန္တရာယ် ကာကွယ်ရေး လူထုအသိပညာပေး လှုပ်ရှားမှု ပြုလုပ်

ကမ္ဘာလုံးဆိုင်ရာ အပူဒ-ဏ်ခံနိုင်ရည်ရှိရေး လှုပ်ရှားမှုနေ့ (Heat Action Day) အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) က ဦးဆောင်၍ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် လူထုအသိပညာပေး လှုပ်ရှားမှုများကို ယမန်နေ့ ဇွန်လ ၃ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုတွင် ရန်ကုန်တိုင်းအတွင်းရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များက လမ်းသွားလမ်းလာ ပြည်သူများကို အပူလျှပ်ခြင်း (Heat Stroke) ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊အပူလှိုင်းဆိုင်ရာ ဗဟုသုတမေးခွန်းများ မေးမြန်း၍ အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခြင်းနှင့်အတူ...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ (ဇွန်လ ၄ ရက်) နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် နာယက ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျင်းပပြီးစီးခဲ့သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများမှ တင်ပြလာသော အစီရင်ခံစာများ၊ ဥပဒေကြမ်းများကို ဖတ်ကြားတင်ပြခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းများကို လုပ်ဆောင်ခဲ့သည်။ ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်...

မြန်မာ-အိန္ဒိယ-ထိုင်း (၃) နိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းအား အင်မတန်အလေးထားဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

မြန်မာ-အိန္ဒိယ-ထိုင်း (၃)နိုင်ငံအဝေးပြေးလမ်းမ စီမံကိန်းအား အင်မတန်အလေးထားသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံ DD India သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းမှုပြုလုပ်စဥ်ဖြေကြားခဲ့ခြင်းဖြစ်သည်။ "မြန်မာ-အိန္ဒိယ-ထိုင်း (၃) နိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းဟာ မိုင်ပေါင်း (၈၀၀) ကျော် ရှည်ပါတယ်။ အဓိက ကတော့ မြန်မာနဲ့ ထိုင်းနိုင်ငံရဲ့လမ်းကြောင်းတွေကတော့ အတော်များများသွားနေပါတယ်။ အိန္ဒိယဘက်ခြမ်းကတော့ အရေးကြီးပါတယ်။ အိန္ဒိယမှာလည်း အရှေ့မြောက်ဒေသ တမူးနဲ့ မိုရေးနဲ့ ဆက်သွယ်တဲ့လမ်းပေါက်သွားတဲ့လမ်းကြောင်းပါ။ ဒါ့ကြောင့် အိန္ဒိယနိုင်ငံအတွက် ပိုပြီးတော့အရေးကြီးပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ "အရေးကြီးတာက မြန်မာနိုင်ငံကို အိန္ဒိယထုတ်ကုန်တွေ နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့်လာနိုင်ဖို့၊ အိန္ဒိယပြည်သူ၊ ပြည်သားတွေ မြန်မာနိုင်ငံကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071