ဖိလစ်ပိုင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Tourism World မှာ ပါဝင်ခဲ့တဲ့ ဒေါက်တာ နီလာကျော့ကိုက ဒီဇင် ဘာလ ၂၁ ရက်နေ့မှာ Winner ဆုကို မြန်မာပြည်မှာ ပြန်လည်ပေးအပ်ခြင်းခံခဲ့ရပါတယ်။
နိုင်ငံပေါင်းစုံ ဝင်ရောက်ယှဉ် ပြိုင်ခဲ့တဲ့ Miss Tourism World မှ Winner ဆု ပိုင်ဆိုင်ခဲ့တဲ့ အလှမယ် ဒေါက်တာ နီလာကျော့ကိုက …
”ပြိုင်ပွဲကို ပြိုင်ခဲ့ရတာ အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ ညီမအနေနဲ့ International မှာ ပြိုင်တာ ဒါ ပထမဆုံးပါ။ ညီမတို့ အိမ်ထောင်ရှင်တွေက မီးဖိုချောင်ထဲမှာပဲ အချိန်ကုန်နေရတဲ့ခေတ်က ကုန်သွားပါပြီ။ ဖိလစ်ပိုင် မှာပြိုင်ပြီးမှ ဒီမှာဆုပေးတာလည်း ပရိသတ်တွေ တစ်မျိုးမြင်စရာဖြစ်နေတယ်။ ဒါပေမဲ့ လူဆိုတာ အမှားနဲ့မကင်းပါဘူး။ ဒိုင်တွေကိုယ်တိုင်ကလည်း Winner ဆုကို ပြန်ပေးချင်တယ်လို့ ပြောနေတာကို ညီမအနေနဲ့ ငြင်းရင် ရိုင်းရာကျမယ်”လို့ ပြောပါတယ်။
ချယ်ရီ