Monday, June 15, 2026

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...
HomeCelebrities' NewsMiss Myanmar World...

Miss Myanmar World ပြိုင်ပွဲကို ဒုတိယ အကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မယ့် အလှမယ်ဟန်တီ

Miss Supranational 2014 ဆုရှင်အလှမယ်သရုပ်ဆောင် ဟန်တီက အခုနှစ်မှာကျင်းပပြုလုပ်မယ့်Myanmar World 2018 ပြိုင်ပွဲကြီး ကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို သူ့အနေနဲ့၂ဝ၁၄ ခုနှစ်ကလည်း ပထမဆုံးအကြိမ်ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာတုန်းက သူ့မှာလိုအပ်ချက်တွေ အားနည်းချက်တွေရှိနေတာကြောင့် ရလဒ်မကောင်းခဲ့ပါဘူး။ အခုလို ဒုတိယအကြိမ ထပ်မံဝင်ရောက် ယှဉ်ပြိုင်ဖြစ်တာကလည်း အရင်က အားနည်းချက်တွေကို အခုရရှိနေတဲ့ အားသာချက်တွေနဲ့ အရာရာပြောင်းလဲပြီး ထပ်မံကြိုးစားကြည့်ချင်တဲ့ စိတ်ကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်တယ်လို့ ဟန်တီက ပြောပြပါတယ်။


ပြိုင်ပွဲအတွက် သူ့ရဲ့ လေ့လာ ပြင်ဆင်နေမှုတွေကိုလည်း ဟန်တီက ပြောပြရာမှာတော့ …

” ကိုယ့်ကြိုးစားမှုကတော့ လုံးဝရာနှုန်းပြည့်ကို ကြိုးစားသွားမှာပါ။ကိုယ့် ကိုယ်ကိုယ်ယုံကြည မှုရှိတယ်ဆိုတာထက် ကြောက်စိတ်တော့ နည်းနည်းဖြစ်မိတယ်။ အခုတော့ ညီမထရိန်နင်တွေ လုပ်နေပါတယ်။ body,brain,beauty အားလုံးအတွက် ပြင်ဆင်ထားပါတယ်။ လေ့လာထားပါတယ်။အခုလည်း ပြင်ဆင်လေ့လာမှုတွေ ဆက်တိုက် လုပ်နေပါတယ်။အရင်နှစ်တွေက ပြိုင်ပွဲတွေကို ပြန်လည်ကြည့်ရှုလေ့လာ နေပါ တယ်။ ဆုရရှိ သွားတဲ့သူတွေက ဘယ်လိုကြိုးစားမှုတွေကြောင့် ဆုရရှိ သွားတာလဲ။ကိုယ်လည်း ဘယ်လိုတွေ ကြိုးစားရမလဲ ဆိုတာတွေကို လေ့လာ နေပါတယ်”လို့ ပြောပါတယ်။ အခုလိုကြိုတင်ပြင်ဆင်မှုတွေပြင်း ပြင်းထန်ထန် ကြိုးစား လုပ်ဆောင်နေသလို ပြိုင်ပွဲအပေါ်ထားရှိတဲ့သူ့ရဲ့ မျှော်လင့်ချက်ကို လည်း …

“ဟန်တီက မျှော်လင့်ချက်တအားကြီးတော့ မထားရဲဘူး။ ဒီပြိုင်ပွဲ အတွက်ကို ကိုယ်ကအကောင်းဆုံးဖြစ်အောင်ကြိုးစားမှာဖြစ် တဲ့ အတွက် ကောင်းတဲ့ရလဒ်ကိုပဲ ရမယ်လို့ ဟန်တီမျှော်လင့်ပါတယ်။ကိုယ့်ကြိုးစားမှုတွေကိုယ်ထုတ်ပြ လိုက်မယ့် အရည်အချင်းတွေကပဲ စကားပြောသွားမယ်လို့ ဟန်တီထင်ပါတယ်”လို့ ဟန်တီက ပြောပါ တယ်။ သူက ဒီပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ် သလို ၂ဝ၁၄ ခုနှစ်တုန်းကလည်း ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Miss Supernational ပြိုင်ပွဲမှာ အာရှကိုယ်စားပြု အလှမယ်ဆုနဲ့ Miss Internet ဆုတို့ကိုရရှိခဲ့သူဖြစ်တဲ့ အတွက်အခုပြိုင်ပွဲဟာ သူ့အတွက် တာဝန်တွေပိုကြီးမားကြောင်း ဖိအားတွေပိုများကြောင်း ဟန်တီ ကဆိုပါတယ်။

“ပိုပြီးတော့ တာဝန်ကြီးတာပေါ့နော်။ အရင် တစ်ခေါက်တုန်းကလည်း မြန်မာပြည်ကိုယ်စားပြုနဲ့သွား ရောက်ယှဉ်ပြိုင်ပြီးသွားပြီ။ ဒီတစ်ခေါက် ပိုပြီးတော့ ကြိုးစား ရတော့မှာပေါ့နော်။ အဲဒီအတွက် စိတ်ဖိအားတော့များပါ တယ်။ ဒါပေမဲ့ အရင်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပြိုင်ပွဲ တွေကနေရရှိခဲ့တဲ့ အတွေ့အကြုံတွေက ဒီတစ်ခေါက် ပြိုင်ပွဲမှာအကူအညီအထောက်အပံ့ဖြစ်မယ့်အရာ တွေ လို့လည်း မြင်မိပါတယ်။ ဟန်တီကိုယ်တိုင်လည်း စိတ် ခွန်အားအပြည့်နဲ့ကိုကြိုးစားသွားမှာပါ”လို့ ဟန်တီ က ပြောပြခဲ့ပါတယ်။

ဒီပြိုင်ပွဲအတွက် မေလ ၃ ရက်နေ့မှာ တော့ လျှောက်လွှာများခေါ်ယူခဲ့ပြီးလူတွေ့စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပြီးတော့ ဇူလိုင်လအလယ် လောက်မှာပြိုင်ပွဲကြီးကိုကျင်းပပြုလုပ်သွားမှာဖြစ်ပါ တယ်။

ဇင်မာနွယ်
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071