Thursday, September 17, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeInternationalMH370 လေယာဉ်ပျောက် ရှာပုံတော်...

MH370 လေယာဉ်ပျောက် ရှာပုံတော် ပြန်ဖွင့်

မလေးရှားလေကြောင်းလိုင်း၏ ကြမ္မာဆိုးကြုံခဲ့သော MH370 လေယာဉ် ရှာဖွေမှုကို အိန္ဒိယသမုဒ္ဒရာတွင် စတင်နေပြီဖြစ်ပြီး လွန်ခဲ့သည့် ၁၁ နှစ်က ပျောက်ဆုံးသွားခဲ့သည့် လေယာဉ်ကို တွေ့ရှိရေး နောက်ဆုံးကြိုးပမ်းမှု ဖြစ်လာဖွယ်ရှိသည်။

အမေရိကနှင့် ဗြိတိန်အခြေစိုက် ပုဂ္ဂလိက ရေကြောင်းရှာဖွေရေးကုမ္ပဏီ Ocean Infinity ၏ ရေနက်ပိုင်း ထောက်ပံ့ရေးသင်္ဘော Armada 7806 သည် ပါ့သ်မြို့ကမ်းလွန် ၁၅,ဝဝ၀ စတုရန်းကီလိုမီတာခန့်ရှိ ရှာဖွေရေးဇုန်အသစ်သို့ သီတင်းပတ်ကုန်ပိုင်းတွင် ရောက်ရှိလာခဲ့သည်ဟု သြစတြေးလျနှင့် ဗြိတိသျှ မီဒီယာများက ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။

ရှာဖွေရေးဇုန်သို့ ရောက်ရှိပြီး နာရီပိုင်းအကြာတွင်ပင် သင်္ဘောပေါ်မှ အလိုအလျောက် ထိန်းကျောင်းမောင်းနှင်သော ရေအောက်ယာဉ်များ ဖြန့်ကျက်ခဲ့ကာ သမုဒ္ဒရာကြမ်းပြင်ကို အသေးစိတ်ရှာဖွေမှုများ စတင်နေသည်ဟု ဗြိတိသျှ သတင်းစာ သည်တယ်လီဂရပ်ဖ်က ဖော်ပြခဲ့သည်။

Armada သည် ဘိုးရင်း ၇၇၇ လေယာဉ်၏ အကြွင်းအကျန်များ တည်ရှိနိုင်ကြောင်း သုတေသီအချို့က အကြံပြုထားသည့် အ‌ရေးကြီး‌နေရာလေးခုကို အဓိကထား၍ စတုရန်းကီလိုမီတာ ၁၅,၀၀၀ ရှိ ရေပြင်ဧရိယာတွင် သီတင်းခြောက်ပတ်ကြာ ရှာဖွေမှုလုပ်သွားမည်ဖြစ်ကြောင်း သြစတြေးလျ 9NEWS သတင်းကလည်း ဖော်ပြခဲ့သည်။

သမုဒ္ဒရာကြမ်းပြင်၏ မြေမျက်နှာသွင်ပြင်နှင့် ရာသီဥတုကြောင့် ရှာဖွေမှုသည် ရှုပ်ထွေးမည်ဟု မျှော်လင့်ရသည်။

လေယာဉ်ပျက်အတွက် ရေအောက်ရှာဖွေမှုများ ပြန်လည်စတင်ရန် Ocean Infinity ကို တာဝန်ပေးထားသည်ဟု မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြောဆိုထားသည်။

လုပ်ငန်းသဘောတူညီချက်အရ ရှာမတွေ့လျှင် အခကြေးပေးစရာမလိုဟူသော မူကို အခြေခံထားပြီး မည်သည့်အရာမျှ ရှာမတွေ့ပါက အစိုးရသည် အခကြေးငွေ ပေးချေရမည်မဟုတ်ပေ။

လေယာဉ်အပျက်အစီးကို ရှာတွေ့ခဲ့ပါက Ocean Infinity သည် ၂၀၁၈ ခုနှစ်က အလားတူ အဆိုပြုခဲ့သည့်အတိုင်း ဝန်ဆောင်ခအမေရိ ကန်ဒေါ်လာ သန်း ၇၀ ရရှိမည်ဖြစ်သည်။

၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့က ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါခဲ့သော ဘိုးရင်း ၇၇၇ လေယာဉ်သည် ကွာလာလမ်ပူမှ ပေကျင်းသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် နောက်ပိုင်းတွင် လေယာဉ်သည် ပျောက်ဆုံးသွားခဲ့ပြီး ယခုအချိန်အထိ အစအန ပျောက်နေခဲ့ခြင်းဖြစ်သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံ တော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံ ကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအ ပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ် ငန်းများနှင့်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ် လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင် (၂၈)ဦးကို မဟာအောင်မြေမြို့နယ်၌ဖမ်းမိ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအ တွင်းမှ Online အသုံးပြု၍ ကျောက်မျက်ရတနာများအားလိမ်လည်ရောင်းချလျက်ရှိသော တရုတ်နိုင်ငံသား Mr.Chen Xiao Dai(ချိန်ရှောင်းတိုက်)ဦးဆောင်သည့် တရုတ်နိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၄)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၃ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ "မက်ဒါလီနမွန်(Magdalenamoom)ကျောက်မျက်ရတနာရောင်း ဝယ်ရေး"နေအိမ်မှ အင်ခွန်ခါးတောမ်ပါ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟုလည်း အ သိပေးခဲ့သည်။ ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးဇလကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071