Saturday, June 13, 2026

ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုး အခွန်ကင်းလွတ်ခွင့်ပြုနိုင်ရေး...

နိုင်ငံတော်ပိုင် ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံများတွင် အသုံးပြုလျက်ရှိသော ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုးအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး...

ကမ္ဘာ့ဖလား ဖွင့်ပွဲစင်မြင့်ပေါ် တက်ရောက်ဖျော်ဖြေသည့် ပထမဆုံး...

ထိုင်းနိုင်ငံက ကမ္ဘာကျော် အဆိုတော် လီဆာသည် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေခွင့်ရရှိသည့် ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့သည်။ ဇွန်လ (၁၂)...

နယ်မြေအခြေအနေနှင့် ခရီးသွားလာရေးအခက်အခဲများကြောင့် ထမံသီဘေးမဲ့တောသို့ လာရောက်မည့်...

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်အတွင်းရှိ ထမံသီဘေးမဲ့တောသို့ လာရောက်လေ့လာလိုသည့် ခရီးသွားများရှိနေသော်လည်း နယ်မြေအခြေအနေမတည်ငြိမ်မှုနှင့် ခရီးသွားလာရေးအခက်အခဲများကြောင့် လုံခြုံရေးအာမမခံနိုင်သဖြင့် ခရီးစဉ်များကို ငြင်းပယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ထမံသီဘေးမဲ့တောသည် ယခင်က...

မုတ်သုံလေအားကောင်းနေသဖြင့် ကချင်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ...

ကျောက်စိမ်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ မြေစာပုံအနီးလုပ်ငန်းခွင်ဝင်သူများ သတိပြုရန် အကြံပြု ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသများတွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် လာမည့် ၄ ရက်မှ ၅...
HomeMoviesMFF U-15 ပြိုင်ပွဲတွင်...

MFF U-15 ပြိုင်ပွဲတွင် အသက်စစ်ဆေးမှုအတွက် Biometric စနစ် ပထမဆုံး စတင်ကျင့်သုံး​

မြန်မာ့လူငယ်ဘောလုံးပြိုင်ပွဲများ၌ အ ငြင်းပွားစရာ ဖြစ်ခဲ့ရသည့် အသက်ကျော်ကစားသမား ပြဿနာနှင့် လူစားလဲက စားသည့် ကိစ္စများကို မပြုလုပ်နိုင်ရန် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)က နည်းပညာမြင့်စနစ်တစ်ခုကို ပထမဆုံးအကြိမ် စတင်အသုံးပြုလိုက်ပြီ ဖြစ်သည်။

ယင်းမှာ ​ဇွန်လ (၄) ရက်နှင့် (၅) ရက်နေ့၌ သုဝဏ္ဏဘောလုံးကွင်းအတွင်း ပြုလုပ်ခဲ့သည့် MFF Royal-D U15 League (Yan gon Zone)ပြိုင်ပွဲအတွက် အသက်စစ် ဆေးမှုတွင် ကစားသမားများကို Biom etric registration system (လူမှန်၊ မမှန် လက်ဗွေနှိပ်မှတ်ပုံတင်သည့်စနစ်)ဖြင့် စနစ်တကျ စတင်စစ်ဆေးခဲ့ခြင်းဖြစ် သည်။​​

အခုနှစ်ပြိုင်ပွဲတွင် ယခင်နှစ်၌ပြုလုပ်ခဲ့သည့် စာရွက်စာတမ်းစစ်ဆေးမှုသာမကအဆင့်မြင့် Electronic ID စနစ်ကိုပါ တွဲဖက်အသုံးပြုခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

ယခုနှစ်တွင် ​Eye Scan (မျက်လုံး) ဖတ်ခြင်း၊ ​လက်ဗွေနှိပ်ပြီး Smart ကတ် စစ် ဆေးခြင်း၊ ​မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ မွေးစာရင်းမူရင်းများနှင့် သေချာတိုက် ဆိုင်စစ်ဆေးခြင်းအပြင် Biometric စနစ်ကိုပါ တွဲဖက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးခြင်းကြောင့် ​လူစားလဲက စားနိုင်သည့်အခြေအနေလုံးဝမဖြစ်နိုင်တော့သည့်အပြင် နောက်ပိုင်းတွင် အ သက်အရွယ်အလိုက် လူငယ်ပြိုင်ပွဲများ ဆက်လက်ကစားသည့်အခါတွင်လည်း အသက်အရွယ် မှန်၊ မမှန်ကို အချိန်မရွေး အလွယ်တကူ ပြန်လည်တိုက်ဆိုင် စစ် ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ပြိုင်ပွဲ၌ဝင်ရောက်ယှဉ်ပြိုင်မည့် ကလပ်အသင်း (၂၀)၏ကစားသမားအ ချက်အလက်များကို ကွန်ပျူတာ Data base ထဲတွင် ကြိုတင်ထည့်သွင်းထားပြီး ဖြစ်ကြောင်းနှင့် အသက်စစ်ဆေးစဉ်တွင် လက်ဗွေ (Fingerprint)ကိုပါ မှတ်ပုံတင်ယူထားခြင်းကြောင့် လူစားလဲကစားခြင်းမျိုး လုံးဝ(လုံးဝ) ပြုလုပ်၍ရတော့မည် မဟုတ်ဟု MFF ၏ အသိပေးချက်တွင် ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုး အခွန်ကင်းလွတ်ခွင့်ပြုနိုင်ရေး ညှိနှိုင်းနေ

နိုင်ငံတော်ပိုင် ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံများတွင် အသုံးပြုလျက်ရှိသော ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုးအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။ ဇွန်လ ၁၂ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အခြေခံလူထု စားသောက်ကုန်နှင့် ဆေးဝါးများအပေါ် သွင်းကုန်အခွန် လျှော့ချပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်တွင်းဆေးဝါးထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးစေရန်နှင့် ဆေးဝါးထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်စေရန်အတွက် ဆေးဝါးကုန်ကြမ်း ၄၅၄ မျိုးကို ကုန်သွယ်လုပ်ငန်းခွန်...

ကမ္ဘာ့ဖလား ဖွင့်ပွဲစင်မြင့်ပေါ် တက်ရောက်ဖျော်ဖြေသည့် ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည့် လီဆာ

ထိုင်းနိုင်ငံက ကမ္ဘာကျော် အဆိုတော် လီဆာသည် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေခွင့်ရရှိသည့် ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့သည်။ ဇွန်လ (၁၂) ရက်နေ့က အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့ရှိ SoFi Stadium တွင် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနား၌ လီဆာက “Goals” သီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကာ အဆိုပါ ကမ္ဘာ့ဖလား ဂုဏ်ပြုသီချင်းတွင် ဘရာဇီးအဆိုတော် အနစ်တာနှင့် နိုက်ဂျီးရီးယားအဆိုတော် ရမ်မာတို့လည်း အတူပူးပေါင်း သီဆိုဖျော်ဖြေခဲ့ကြသည်။ အသက် (၂၉) နှစ်အရွယ် လီဆာသည် K-Pop အမျိုးသမီးအဖွဲ့ Blackpink...

နယ်မြေအခြေအနေနှင့် ခရီးသွားလာရေးအခက်အခဲများကြောင့် ထမံသီဘေးမဲ့တောသို့ လာရောက်မည့် ခရီးသွားများကို ငြင်းပယ်နေရ

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်အတွင်းရှိ ထမံသီဘေးမဲ့တောသို့ လာရောက်လေ့လာလိုသည့် ခရီးသွားများရှိနေသော်လည်း နယ်မြေအခြေအနေမတည်ငြိမ်မှုနှင့် ခရီးသွားလာရေးအခက်အခဲများကြောင့် လုံခြုံရေးအာမမခံနိုင်သဖြင့် ခရီးစဉ်များကို ငြင်းပယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ထမံသီဘေးမဲ့တောသည် ယခင်က နိုင်ငံခြားသားခရီးသွားများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လေ့လာသူများ စိတ်ဝင်စားစွာ လာရောက်လေ့လာလေ့ရှိသည့် နေရာတစ်ခုဖြစ်ခဲ့သော်လည်း နောက်ပိုင်း ဒေသတွင်းအခြေအနေများကြောင့် လေ့လာရေးခရီးစဉ်များ ရပ်ဆိုင်းထားရခြင်းဖြစ်ကြောင်း သိရသည်။ "နယ်မြေဒေသကမတည်ငြိမ်တော့ ဒေသခံတွေတောင်အကုန်လုံးနဲ့အဆက်အသွယ်ပြတ်နေတာ။ သွားလာရေးလည်းမလွယ်ကူတော့ဘူး။ လေ့လာရေးခရီးစဥ်ဆိုပိုလို့တောင်မရဘူး။ နှမြောဖို့ကောင်းတယ်။ အရင်တုန်းက နိုင်ငံခြားသားဧည့်သည်တွေ အလွန်စိတ်ဝင်စားတဲ့နေရာ" ဟု ဧည့်လမ်းညွှန်တစ်ဦးကပြောသည်။ လက်ရှိတွင် ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ထမံသီနှင့် ခန္တီးဒေသများ၌ နယ်မြေအခြေအနေကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071