
Melody World သီချင်းဆိုပြိုင် ပွဲမှတစ်ဆင့် အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ အဆိုတော် ဆန်းထူးအောင်ရဲ့ ပထမဆုံးတစ် ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ‘အချစ် ရှိရာ အရပ်ဆီ’ စီးရီးခွေကတော့ ထွက်ရှိခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ ပထမ ဆုံးတစ်ကိုယ်တော်တေးစီးရီးနဲ့ ပတ် သက်ပြီး …
”ကျွန်တော့်ရဲ့ ပထမဆုံး စီးရီး ခွေထဲက တေးရေး ဆရာတွေကတော့ ဦးအောင်ကိုလတ်၊ ဆရာရွှေဂျော် ဂျော်စတဲ့ တေးရေးဆရာတွေ အများ ကြီးပါဝင်ပါတယ်။ သီချင်းအားလုံး ပေါင်း ၁၃ ပုဒ်ပါဝင်ပါတယ်။ သီ ချင်းတွေကတော့ မြူးမြူးကြွကြွ သီ ချင်းတွေလည်း ပါသလို အဆွေး သီချင်းတွေလည်း ပါတယ်။ ပြီးတော့ အန်တီနွဲ့ယဉ်ဝင်းနဲ့ တွဲဆိုထားတဲ့ စုံတွဲသီချင်းတစ်ပုဒ်လည်း ပါတယ်။ အခုကတော့ Audio အနေနဲ့ပဲ ထွက် ဖြစ်တာပါ။ ပရိသတ်တွေက ဘယ် သီချင်းကို ကြိုက်တယ်ဆိုပြီး တုံ့ပြန် မှုတွေရှိလာတဲ့အခါကျရင် MTV လည်း ရိုက်ကူးသွားဖို့ရှိပါတယ်။ ဒီ အခွေနဲ့ပတ်သက်ပြီး ကျွန်တော် အကောင်းဆုံးဖြစ်အောင် ကြိုးစား ထားပါတယ်။ ပရိသတ်တွေကိုလည်း ကျွန်တော့်ရဲ့ သီချင်းတွေကို နား ထောင်ပြီး ဝေဖန်အကြံပြုပေးကြပါ” လို့ ဆန်းထူးအောင်က ပြောပြခဲ့ပါ တယ်။
အနုပညာလောကထဲ ဝင် ရောက်လာပုံနဲ့ တွေ့ကြုံခဲ့ရတဲ့အခက် အခဲတချို့ကိုလည်း ဆန်းထူးအောင် က ပြောပြခဲ့ပါသေးတယ်။
”ကျွန်တော်က ရန်ကုန်မှာ ဆွေ မျိုးမရှိဘူး။ နယ်ကနေ လာရောက် ပြီးတော့ 2016 Melody World မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ဆရာ တွေရဲ့ သွန်သင်ဆုံးမမှုတွေကို အမြဲ တမ်း နားထောင်ခဲ့တယ်။ သေချာ လေ့လာခဲ့ပါတယ်။ ပြိုင်ပွဲဝင်တုန်း ကတော့ အဲဒီလောက်ထိ အခက်အခဲ မရှိသေးဘူး။ ပြိုင်ပွဲဝင်ပြိုင်ရင် ပြီးရင် ပြန်လို့ရတယ်။ ဒါပေမဲ့ ကိုယ်ကိုယ် တိုင် တစ်ကိုယ်တော်အခွေ ထွက်ဖို့ လုပ်တဲ့အခါမှာတော့ ရန်ကုန်မှာ အမြဲတမ်းနေထိုင်မှ အဆင်ပြေမှာ လေ။ သေချာလေး အစီအစဉ်တကျ ကြိုးစားပြီးတော့ သီချင်းတွေကို လည်း သေချာဆိုထားပါတယ်”လို့ သူက ပြောပြခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်
