သမ၀ါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ် (စစ်ကိုင်း) တွင် စီးပွားရေးဆိုင်ရာ မဟာဘွဲ့သင်တန်းများကို အွန်လိုင်းဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများမှာ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်း (MBA)၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့သင်တန်း (MPA)၊ အသုံးချသုတေသနပညာမဟာဘွဲ့သင်တန်း (MAR) တို့ဖြစ်သည်။
သင်တန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ်ဖြစ်သည်။
အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူ ၊ တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတက်ရောက်နေသူ မဖြစ်ရ၊ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာ၊ သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူ၊ အွန်လိုင်းသင်တန်းဖြစ်သည့်အတွက် လိုအပ်သော နည်းပညာများအား ကောင်းစွာ အသုံးချနိုင်သူဖြစ်ရမည်ဟုဆိုသည်။
သင်တန်းလျှောက်လွှာပုံစံများကို သမ၀ါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ် (စစ်ကိုင်း) တွင် လူကိုယ်တိုင်ဖြစ်စေ (သို့) မိမိလျှောက်ထားလိုသည့် သင်တန်း၏ အွန်လိုင်းမှ ဖြစ်စေ ဇန်နဝါရီ (၂၂) ရက်နေ့မှ စတင် ရယူပြီး ဧပြီ (၃) ရက်နေ့တွင် နောက်ဆုံးထား လျှောက်ရမည်ဖြစ်သည်။
ဘွဲ့လက်မှတ် (သို့) ယာယီဘွဲ့ထောက်ခံစာ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်၊ ပညာအရည်အချင်းထောက်ခံချက်နှင့် လုပ်ငန်းအတွေ့အကြုံလုပ်ဆောင်ချက်၊ ပတ်စ်ပို့ဓာတ်ပုံ (၄) ပုံမှတ်ချက် – စာရွက်စာတမ်းများသည် မူရင်းကို Scan ဖတ်ထားသော မိတ္တူများဖြစ်ပြီး Email (သို့) Viber ဖြင့် ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ဝင်ခွင့်ရေးဖြေစာမေးပွဲကို ဧပြီလ ၈ ရက် (ဗုဒ္ဓဟူးနေ့)တွင် Online မှ နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့အချိန်စာရင်းကို ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။
