Friday, June 6, 2025

သီတဂူစက္ခုဒါနဆေးရုံ ဇွန်လ (၁၂)ရက်တွင် အခမဲ့...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီတဂူစက္ခုဒါန ဆေးရုံကြီးကို ယခုလ ဇွန် (၁၂) ရက် မှစတင်ကာ အခမဲ့ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံဦးဆောင်နာယက...

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက...

ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက...

နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပလတ်စတစ်ညစ် ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့...

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား...

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer...
HomeNewsLocal NewsMAEX က ရှယ်ယာတစ်စု...

MAEX က ရှယ်ယာတစ်စု ၁၅၀၀ ကျပ်ဖြင့် ရောင်းချမည်

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX PCL) က လက်ရှိတွင် အစုရှယ်ယာရှင်များအား ဦးစားပေးရောင်းချသည့် အစီအစဉ် Right Issue ဖြင့် ရှယ်ယာတစ်စောင်လျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၆၃(ဂ) ၊ ကုမ္ပဏီရဲ့ မူလဖွဲစည်းပုံ အခြေခံစည်းမျဉ်းအပိုဒ် ၅၉ နဲ့အညီ ရန်ကုန်စတော့အိတ်(စ်)ချိန်း – YSX ကို မတက်ရောက်မီ လက်ရှိအစုရှယ်ယာရှင်များအား ဦးစားပေးအနေဖြင့် မူလအစုရှယ်ယာ (၁၀) စု ပိုင်ဆိုင်ပါက (၁) စုနှုန်းဖြင့် ထပ်မံဝယ်ယူခွင့်ပြုရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။

ရှယ်ယာရှင်တွေအနေဖြင့် မိမိအစုရှယ်ယာအချိုးအရ ဝယ်ယူခွင့်ရှိသည့် ရှယ်ယာတွေကို ကိုယ်တိုင်ဝယ်ယူလိုခြင်းရှိ၊ မရှိ ပြန်ကြားနိုင်ရန် Link ကို SMS ပေးပို့သွားမည်ဖြစ်ပြီး ရှယ်ယာရှင်တွေဘက်မှ မတ်လ ၁၀ ရက် (သောကြာနေ့) နောက်ဆုံးထား အကြောင်းပြန်ပေးရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကိုယ်တိုင်ဝယ်ယူမယ်ဟု အကြောင်းပြန်ကြားသည့် အစုရှယ်ယာရှင်တွေအနေဖြင့် ဝယ်ယူမည့် ရှယ်ယာတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ပထမအရစ်အဖြစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ဒုတိယအရစ်အဖြစ် မေလ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်သည်။

ပထမအရစ် ၅၀ ရာခိုင်နှုန်း ပေးသွင်းပြီး ဒုတိယအရစ် ၅၀ ရာခိုင်နှုန်း တန်ဖိုးငွေကို သတ်မှတ်ရက်အတွင်း ပေးသွင်းရန် ပျက်ကွက်သည့် ရှယ်ယာရှင်တွေအနေဖြင့် ပေးသွင်းပြီး တန်ဖိုးနှင့် ကိုက်ညီသည့် ရှယ်ယာအရေအတွက်ကိုသာ ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

သတ်မှတ်ကာလအတွင်း အကြောင်းပြန်ကြားခြင်းမရှိသည့် ရှယ်ယာရှင်များ၊ ဝယ်ယူခြင်းမပြုကြောင်း ပြန်ကြားသည့် ရှယ်ယာရှင်များ သက်ဆိုင်ရာ အရစ်အလိုက် နောက်ဆုံးနေ့ရက်အထိ ငွေပေးသွင်းမှု ပျက်ကွက်သည့် ရှယ်ယာရှင်များ ဝယ်ယူခွင့်ရှိသည့် အစုရှယ်ယာတွေကို ကုမ္ပဏီဘက်က သင့်လျော်သည်ဟု ထင်မြင်သည့်အတိုင်း ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Right Issue တွေကို ဝယ်ယူသူတွေအနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အမြတ်ဝေစု ခွဲဝေခြင်းနှင့် ပတ်သက်ပြီး ကြေညာခြင်းမပြုမီ ရှယ်ယာတန်ဖိုး အပြည့်အဝပေးချေပြီးပါက မူလရှယ်ယာတွေနည်းတူ အမြတ်ဝေစုဆိုင်ရာ အကျိုးခံစားခွင့် ရရှိသွားမည်ဖြစ်ကြောင်း MAEX က ကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူစက္ခုဒါနဆေးရုံ ဇွန်လ (၁၂)ရက်တွင် အခမဲ့ ဖွင့်လှစ်ကုသမည်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီတဂူစက္ခုဒါန ဆေးရုံကြီးကို ယခုလ ဇွန် (၁၂) ရက် မှစတင်ကာ အခမဲ့ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံဦးဆောင်နာယက ဆရာတော်ထံမှ သိရသည်။ သီပေါ သီတဂူစက္ခုဒါန ဆေးရုံကြီးတွင် လျှပ်စစ်မီးဖြင့် အသုံးပြုရသည့် ခွဲခန်းသုံးအဝတ်များ၊ ခွဲစိတ်ကိရိယာများပေါင်းရန်ပေါင်းအိုး (၅)လုံး၊ မျက်စိခွဲစိတ်စက် (၅)လုံး၊ မျက်စိရောဂါရှာဖွေသည့် စက်က (၄)လုံး ၊ မျက်စိရေချိန်တိုင်းစက် (၃)လုံး ၊ ခွဲစိတ်ပြီး မျက်စိအတွင်းထည့်ရန် မှန်ဘီလူးတိုင်းစက် (၂)လုံး၊ လေအေးပေးစက် (၁၈)လုံးရှိပြီး လက်ရှိတွင် သန့်ရှင်းရေးများဆောင်ရွက်လျက်ရှိကြောင်း...

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး ရဟန်းခံရှင်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက သုဝဏ္ဏသျှံတောင်ခြေ တာကော်၊ ဟွေဟင်၊ (၇)မိုင်သီရိမင်္ဂလာကျောင်းတိုက်၌ကျင်းပခဲ့သည်။ လွယ်လုံးကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ(၂၂)ရွာမှ ရှမ်း၊ လားတူ၊ လီဆူ၊ ပလောင်တိုင်းရင်းသား၊ တိုင်းရင်းသူ(၅၀၀)ကျော်မှ ဗုဒ္ဓအ ဆုံးအမခံယူခဲ့ကြခြင်းဖြစ်ပြီး (၂၄၇)ဦးမှာ ရဟန်းခံရှင်ပြုခဲ့ကြခြင်းဖြစ်ကာ အလှူရှင်မှာ ဦးဘိုလေး လူမှုထူးချွန်(ဒုတိယအဆင့်)၊ မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ)နယ်ခြားကော်မတီဆက်ဆံရေးတာဝန်ခံနှင့် မိသားစုတို့ဖြစ်သည်။ ထို့ပြင် ဗုဒ္ဓအဆုံးအမများကိုယုံကြည်သည့် တိုင်း ရင်းသား မိသားစုဝင်များအား ဘုရားဆင်းတုတော်၊ ဆန်နှင့်...

ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပလတ်စတစ်ညစ် ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ ဇွန် ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပသည့် ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက် တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းအ ပါအဝင် စွန့်ပစ်အမှိုက်များကို စနစ်တကျစီမံ ထိန်း ချုပ်နိုင်ရန် မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီ အစဉ်(၂၀၁၈-၂ဝ၃ဝ)ကိုရေးဆွဲထုတ်ပြန်၍ မြို့ပြနှင့်စက်မှုလုပ်ငန်းများတွင် ပေါင်းစပ်အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိကာ ပလတ်စတစ်ညစ်ညမ်းမှုထိန်းချုပ်နိုင်ရေးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071