Sunday, June 14, 2026

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော ဧရာမ သဘာဝဓာတ်ငွေ့သိုက်သစ်များ...

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းဒေသများတွင် ပမာဏအလွန်ကြီးမားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်သစ်များကို ထပ်မံရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန်...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့်...

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ...

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀...

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀...
HomeNewsLocal NewsLNG လုပ်ငန်းများ၌ လာရောက်ရင်းနှီးမြှုပ်နှံရန်...

LNG လုပ်ငန်းများ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

တနင်္သာရီတိုင်းဒေသကြီး ကံပေါက်ဒေသမှတဆင့်ပြည်တွင်းနှင့် ထိုင်းနိုင်ငံသို့ LNG တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဖိတ်ခေါ်ထားသည်။

ထိုင်းနိုင်ငံ PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံစဉ်ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ်နှင့် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကမ်းလွန်စီမံကိန်းများနှင့်စပ်လျဉ်း၍ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာဧည့်ခန်းမ၌ တွေ့ ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဇောတိက စီမံကိန်းတွင် တူးဖော်နေသည့် တွင်းအသစ်များမှ သဘာဝဓာတ်ငွေ့များ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်တွင်းလျှပ်စစ်ထုတ်လုပ်မှုတွင် အသုံးပြုရန်ရည်ရွယ်ဆောင်ရွက်နေသည့် စီမံကိန်းအသစ်ဖြစ်သည့် ကမ်းလွန်လုပ်ကွက်အောင်သိင်္ခစီမံကိန်းမှ ၂၀၂၈ ခုနှစ်တွင် ပထဆုံးသဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး ကြိုးစားဆောင်ရွက်ရန်နှင့် စာချုပ်များအမြန်ဆုံးချုပ်ဆိုနိုင်ရေးအတွက်လည်း ဝန်ကြီးဌာနမှလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အာမခံချက်ကောင်းမွန်သည့် ကမ်းလွန်စီမံကိန်းအသစ်များတွင်လည်း ရင်းနှီးမြှုပ်နှံနိုင်ရန်အခွင့်အလမ်းများရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အထွက်နှုန်းကျဆင်းနေသော ကမ်းလွန်စီမံကိန်းများဖြစ်သည့် ရတနာနှင့် ဇောတိကစီမံကိန်းများမှ သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွင်းအသစ်များ တူးဖော်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ကမ်းလွန်စီမံကိန်းအသစ်များ ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည့်စာချုပ်များ အမြန်ဆုံးချုပ်ဆိုသွားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ် Mr. Montri Rawanchaikul က ဆွေးနွေးတင်ပြခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော ဧရာမ သဘာဝဓာတ်ငွေ့သိုက်သစ်များ ရှာဖွေတွေ့ရှိ၊ တနင်္သာရီကမ်းလွန်တွင် ၉၅ ထရီလီယံကုဗပေခန့်အထိ ထွက်ရှိနိုင်ခြေရှိ

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းဒေသများတွင် ပမာဏအလွန်ကြီးမားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်သစ်များကို ထပ်မံရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ရတနာ၊ ဇောတိက၊ ရွှေ နှင့် ရဲတံခွန် ကဲ့သို့သော ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း (၄) ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီမံကိန်းများမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေဩဇာ ထုတ်လုပ်မှု လုပ်ငန်းများနှင့် ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများတွင် အဓိကမောင်းနှင်အားအဖြစ်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည် ထူထောင်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ ထပ်မံရောက်ရှိလာ

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန် ၁၃ ရက်)က ထပ်မံရောက်ရှိခြင်း ဖြစ်ကာ ပထမအကြိမ်အဖြစ် မေ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မေ ၃၁ ရက်တွင် လည်းကောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထိုထောက်ပံ့ရေးပစ္စည်းများတွင် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များနှင့် မီးသတ်ကားများ...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့် ဘော့စနီးယားတို့ တစ်ဂိုးစီ သရေကျ

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ သရေကျသွားခဲ့ကြောင်း Daily Mail ၏ ဖော်ပြချက်အရ သိရသည်။ ​အဆိုပါပွဲစဉ်ကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၌ ဇွန်လ (၁၂) ရက်က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၂၁)မိနစ်တွင် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းအတွက် ဦးဆောင်ဂိုးကို ဂျိုဗိုလူကစ်က ခေါင်းတိုက်ကာ သွင်းယူပေးခဲ့သည်။ ​ပထမပိုင်းတွင် ကနေဒါအသင်းအနေဖြင့် ဂိုးသွင်းခွင့်အချို့ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုနှင့် ဘော့စနီးယားအသင်း၏ ခိုင်မာသည့် ခံစစ်ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071