Monday, January 20, 2025

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန်...

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို...

တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ အုပ်စုအဆင့်ဗိုလ်လုပွဲ သရေရလဒ်ထွက်ပေါ်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့်ဗိုလ်လုပွဲကို ယနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ(၂)နာရီ ၌...

အင်းစိန် ကွယ်ကဘောဆေးရုံတည်ထောင်သူ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်...

အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာသည် ဇန်နဝါရီလ (၁၈) ရက် ညပိုင်းက...

အီရန်ကမြေအောက်ရေတပ်စခန်းကို ထုတ်ဖော်ပြသ

တေရန်၊ဇန်နဝါရီ ၁၉ အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ရေတပ်သည် တိုက်ခိုက်ရေးရေယာဉ်များ အများအပြားထားရှိနိုင်သော မြေအောက်‌ေရတပ်အခြေစိုက်စခန်းတစ်ခုကို ထုတ်ဖော်ပြသလိုက်ကြောင်း IRGC ၏ တရားဝင်သတင်းထုတ်ပြန်ချက် Sepah...
HomeInterviewsLGBT တွေရဲ့ ချစ်ခြင်းမှာမှ...

LGBT တွေရဲ့ ချစ်ခြင်းမှာမှ လူတွေ ဘာကြောင့် အပြစ်မြင်ကြသလဲ


ဒီတစ်ပတ်ရဲ့ အထူးအချပ်ပိုကဏ္ဍအဖြစ် ပေါ်ပြူလာဂျာနယ်အနေနဲ့ LGBTတွေရဲ့အချစ်အပေါ်ခံစားမှုတွေ၊ ချစ်ခြင်းမေတ္တာအပေါ်သူတို့ရဲ့အမြင်တွေကိုသိရှိရနိုင်ဖို့စကားဝိုင်းတစ်ခုတင်ဆက်ခဲ့ပါတယ်ဒီစကားဝိုင်းမှာတော့ LGBT အဖြစ်ခံယူ ထားကြတဲ့ JD၊စစ်ပိုးအိမ်၊ ဟန်နီ၊ ငယ်လေး(ရွှေဘိုတို့ပါဝင်ပါတယ်ဒီစကားဝိုင်းကနေတစ်ဆင့် LGBT တွေရဲ့ ချစ်ခြင်းမေတ္တာအပေါ် ခံစားချက်တွေကို သိမြင်ခံစားရမှာပဲဖြစ် ပါတယ်။

စစ်ပိုးအိမ်

အချစ်နဲ့ပတ်သက်ရင် အများ အားဖြင့်တော့ ကံမကောင်းခဲ့တာ တွေချည်းပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ကလည်း စချစ်ကတည်းက တော့ သူတို့နဲ့တစ်သက်လုံး အတူ တူနေလို့ မရဘူးဆိုတာကိုတော့ သိ ပြီးသားပါ။ ဒီအချိန်အတိုင်းအတာ လေးတစ်ခုမှာပဲပေါ့။ စစ်ပိုးက တအား အချစ်ကြီးတယ်။ ကိုယ်က တအားချစ်ပေးချင်တယ်။ တအား ပေးဆပ်ချင်တယ်။ အဲဒီတော့ အချစ် ကြီးတဲ့လူတွေအားလုံးကလည်း ပိုခံ စားကြရတာပေါ့လေ။ ပတ်ဝန်းကျင် ကြောင့်ရော၊ မိဘတွေကြောင့်ရော အတိုက်အခိုက်တွေမျိုးစုံကတော့ ရှိမှာပဲဆိုတော့လေ။ သူတို့လည်း စိတ်အနှောင့်အယှက်တွေ ရှိမှာပဲ လေ။ တစ်ခါတလေကိုယ်နဲ့ ကြိုက်တဲ့ သူကိုတောင်မှ အားနာမိတယ်။ ကိုယ့် ကြောင့်အပြောခံရတဲ့ဟာမျိုး တွေမှာပေါ့။ အပြင်မှာယောက်ျားနဲ့ မိန်းကလေးနေတဲ့ ပုံစံမျိုး လက်ထပ်တာတို့ ကလေးယူတာ မျိုးတို့ မရနိုင်တဲ့အခါကျတော့ သူ့ ကိုကိုယ်က အားနာတယ်။ ကိုယ်များ အတ္တကြီးနေမိလား ပေါ့။ ကိုယ်နဲ့ တွဲတဲ့အခါ သူ့ကို နှစ်ထားသလိုမျိုး ဖြစ်နေမလား ဆိုပြီး စိတ်မကောင်းဖြစ်ရတယ်။

 

JD

Tomboy တွေနဲ့ ကြိုက်တဲ့မိန်း ကလေးတွေလည်းအဲဒီလိုပါပဲ။မိန်းက လေးအချင်းချင်းကို ရှာကျွေးနေရ တာ ဘယ်လောက်အထိ နာစရာ ကောင်းလဲ။ Tomboy တွေရဲ့ မိဘ တွေကပါလာပြီ။ ဘာကြောင့်လဲ ဆိုတော့ မိန်းကလေးအချင်းချင်းကိုး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့သမီးကို ယောက်ျားလေးလို မမြင်နိုင်ဘူး။ အမှန်ဆို ယောက်ျားလေး လုပ်စာ ထိုင်စားရမယ့်ဘဝကနေ မိန်းကလေး
အချင်းချင်းရှာကျွေးနေရတယ်ဆို တာမျိုးတွေ တွေးမယ်။ လက်ခုပ်ဟာ နှစ်ဖက်တီးမှမြည်တာပါ။ နှစ်ဦးသ ဘောတူကြည်ဖြူလို့ ဘယ်သူက ရှာကျွေးရှာကျွေးပါ။ တစ်ယောက်နဲ့ တစ်ယောက်ကြည်ဖြူလို့ ဖြစ်ကြတဲ့ ကိစ္စလေ။ သူတို့ကသူတို့ဘာသာသူတို့ ကောက်ချက်တွေချကြတယ်။ အဲဒါ က ဒီနှစ်ယောက်မှာ တအားကိုအ ခက်အခဲဖြစ်စေတယ်။ မေတ္တာ စစ်မေတ္တာမှန်နဲ့ ဘယ်လောက်ပဲ ချစ် ချစ် တစ်ချိန်မှာဒါတွေက နင့်အဖေ က ဘယ်လိုပြောတာ နင့်အမေက ဘယ်လိုပြောတာဆိုပြီး ဒါတွေကဖြစ် လာတဲ့ အခါမှာရင်ဆိုင်လာရတယ်။

 

ငယ်လေး(ရွှေဘို)

ငယ့်မှာချစ်သူရှိပါတယ်။ ငယ့်ချစ်သူကလည်း တစ်ခါတလေကျရင် ပတ်ဝန်းကျင်ကပြောတာများတဲ့အခါ သူလည်းခေါင်းရှုပ်ပြီးကိုယ့်ကိုလာ ပြီးတော့ အော်တာမျိုးတွေရှိတယ်။ အဲဒီအခါကျရင်လည်း ကိုယ်ကအမြဲ နားလည်ပေးတယ်။ ဘာကြောင့်နားလည်ပေးလဲဆိုတော့ ကိုယ်က ချစ်နေ တာကိုး။ ကိုယ်ကမှမပြတ် နိုင်တာလေ။ မပြတ်နိုင်တော့လည်း နား လည်ပေးရ တာပေါ့။ အချစ်ကတော့ ပေးရမှချစ်တာမဟုတ်ပါဘူး။ အချစ် ကတော့ အချစ်ပါပဲ။

 

ဟန်နီ

LGBTတွေရဲ့ချစ်ခြင်းမှာမှဘာကြောင့်လူတွေက အပြစ်မြင်နေ ကြတာလဲ။ LGBTတွေက မချစ်ရ တော့ဘူးလား။ ဝမ်းမနည်းရတော့ဘူးလား။ ဒါက လှောင်စရာလည်း မဟုတ်သလို ပြောင်စရာလည်း မဟုတ်ဘူးလေ။ ကိုယ် ကသူ့ကိုပေးပြီးတော့ချစ်တာလား၊ ကိုယ်ကသူ့ကိုရပြီးတော့ချစ်တာလား။ အချင်းချင်းကြည်နူးနေဖို့ အချင်းချင်းနားလည်မှု ရှိနေဖို့ အချင်းချင်း ပြေလည်နေဖို့ ကအဓိကပဲ။ အချင်းချင်းသာနား လည်မှုရှိနေမယ် ပြေလည် နေမယ် ဆိုရင် အဆင်ပြေတာပဲလေ။ တော်ရုံတန်ရုံပတ်ဝန်းကျင်နဲ့ တိုက်ခိုက် တဲ့အချိန်မှာဘာပဲပြောပြော ကိုယ့်ဘေးနားမှာ လက်တစ်စုံရှိနေဖို့က အရေးကြီးတယ်လေ။ ညီမတို့ဆိုရင်လည်း သူ့လည်းကိုယ့်ချစ်တယ်ကိုယ်လည်း သူ့ချစ်တယ်။ ချစ်လွန်းလို့လည်း ပုံမှန်ထက်ကို ပိုပြီးတော့ တိုက်ခိုက်ကြတယ်။ ဟန်နီတို့ဆိုရင် ပုံတက်ပြီးတဲ့အခါမှာ တအားအပြောခံရတယ်။ LGBTတွေ ဂေးတွေ အခြောက်ကအခြောက် လိုမနေဘူး။ LGBT တွေရဲ့အချစ်ရေး အပေါ်မှာ တအားကြီးပြောကြတယ်။ စပ်စုကြတယ်။ ဝေဖန်ကြတယ်။ Request တစ်ခုကတော့ မိဘတွေအနေနဲ့ ပတ်ဝန်းကျင်ကဘယ်လိုပဲ ပြောပြော မိဘဆိုတဲ့နောက်ကအုတ် တံတိုင်းကြီးသာရှိခဲ့ရင် သူတို့ လေးတွေမှာ မှီတည်ရာလေးတစ်ခုရှိတော့ တအားအားရှိတာပါ။

လင်းအက္ခရာ၊

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို (၂)ရက်တာ ကျင်းပ

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို (၂)ရက်တာ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ၂ဝ၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို ယမန်နေ့ ဇန်နဝါရီ (၁၈) ရက် နံနက်ပိုင်းက The Eravati Sule Grand Yangon Hotel ၌ ကျင်းပခဲ့ရာ ဖွင့်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အခမ်းအနားတက်ရောက်လာကြသူများက ခန်းမအတွင်းပြသထားသော...

တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ အုပ်စုအဆင့်ဗိုလ်လုပွဲ သရေရလဒ်ထွက်ပေါ်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့်ဗိုလ်လုပွဲကို ယနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ(၂)နာရီ ၌ တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၂) ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ပထမပိုင်းပွဲချိန်အတွင်း (၂)ဂိုး(၁) ဂိုးဖြင့် တရုတ်(တိုင်ပေ) အသင်းက ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်း ပွဲချိန်အတွင်း ဗီယက်နမ်အသင်းက ချေပဂိုး(၁)ဂိုးသွင်းယူ၍ သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ တရုတ်(တိုင်ပေ)အသင်းသည် အုပ်စုအဖွင့်ပွဲစဥ်၌ မကာအိုအသင်းကို (၁၈)ဂိုး ပြန်ဖြင့် သွင်းယူထားနိုင်ပြီး၊ ဗီယက်နမ်အသင်းသည် မြန်မာအသင်းကို (၅)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိထားသည်။ ထို့အတူ...

အင်းစိန် ကွယ်ကဘောဆေးရုံတည်ထောင်သူ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာ ကွယ်လွန်

အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာသည် ဇန်နဝါရီလ (၁၈) ရက် ညပိုင်းက အမေရိကန်ပြည်ထောင်စု ၊ မေရီလန်းပြည်နယ်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ဒေါက်တာဆိုင်မွန်သာသည် လွန်ခဲ့သည့် ၂၀၀၂ -၂၀၀၃ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် တပ်မတော်အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်းပေးခဲ့ဖူးသူဖြစ်သလို အမျိုးသားညီလာခံသို့ တက်ရောက်ခွင့်ရခဲ့သူလည်း ဖြစ်သည်။ ဒေါက်တာဆိုင်မွန်သာသည် ကွန်လွန်ချိန်တွင် အသက် (၈၃) နှစ်ရှိပြီဖြစ်ပြီး သင်္သာတမြို့တွင် မွေးဖွားခဲ့သူဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071