ကရင်ပြည်နယ်၊ မြဝတီမြို့(တောင်ဘက်)၊ မယ်ထော်သလေးကျေးရွာအနီး KNU တပ်မဟာ(၆)၏ လှုပ်ရှားနယ်မြေရှိ KK Park စီမံကိန်း၌ KNU ခေါင်းဆောင်များကိုယ်တိုင်ပါဝင်ပတ်သက်နေကာ ငွေကြေးရယူလိုမှုတစ်ခုဖြင့် နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့အလွဲသုံးစားလုပ်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
KK Park မြေနေရာနှင့် လုပ်ဆောင်ချက်များကို တရား ဝင်ခွင့်ပြုထားခြင်းမရှိဘဲ KNU သည် ယင်း မြေပေါ်၌ လုပ်ဆောင်နေသော လောင်းကစားလုပ်ငန်းများကို အ ခကြေးငွေရယူ၍ ကြေးစားကာကွယ်မှုများလုပ်ဆောင်ကာ ရရှိလာသော ငွေကြေးများဖြင့် နိုင်ငံတော်နှင့် တိုင်း ရင်းသားများကို အကြမ်းဖက်သတ်ဖြတ်မှုများကျူး လွန်နေကြသည်ဟု ပြောသည်။
” Online လောင်းကစားလုပ်ငန်းတွေကို အကာအကွယ်ပေးထားပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေအပေါ်မှာ ရာဇဝတ်မှုတွေကျူးလွန်အောင် လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါ KK Park စီမံကိန်းလုပ်ဆောင်ရန် “မူလအိအလင်း”ကုမ္ပဏီနှင့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုတို့မှ ကနဦးလုပ်ကွက်အတွက် လုပ်ငန်းမြေဌားရမ်းခသဘော တူညီချက်အား KNU နှင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး မြေဧက (၁၀၀)ခန့်ကို နှစ်ပေါင်း(၃၀)ဌားရမ်းရန်သဘောတူညီခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ၂၀၂၂ ခုနှစ်၊ မေလတွင် KNU သည် KK Park စီမံကိန်းအား “မုလအိအလင်း”ကုမ္ပဏီနှင့်မဟုတ်ဘဲ အခြကုမ္ပဏီတစ်ခုနှင့် ထပ်မံစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
