Saturday, June 27, 2026

ကမ္ဘောဒီးယားနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် ရှီ ကတိပြု

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် အသင့်ရှိကြောင်း ပေကျင်းတွင် ပြုလုပ်သော ဆွေးနွေးပွဲများတွင် သမ္မတ ရှီကျင့်ဖျင်က ဟွန်ဆန်ကို ပြောကြားခဲ့ပြီး အရှေ့တောင်အာရှရှိ ၎င်း၏...

ဗင်နီဇွဲလားငလျင် သေဆုံးသူ ၉၀၀ ကျော်လာ၊...

ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေ ၉၀၀ ကျော်ရှိလာခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံသားများနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အသက်ရှင်ကျန်ရစ်ဖွယ်ရှိသူများကို အပူတပြင်းရှာဖွေလျက်ရှိကာ နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်အပြီး နှစ်ရက်နီးပါးအကြာမှသာ...

ဝေးလံဒေသများရှိကျောင်းသားကျောင်းသူများ၏ ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာ့အသံမှ...

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ သိရှိနိုင်စေရန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊...

မြန်မာလူငယ်တွေ အတွက်နည်းပညာကျွမ်းကျင်မှုဖွံ့ဖြိုးရေး အခွင့်အလမ်း တွေကို...

“လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကိုပြောင်းလဲပေးနိုင်သည့်ပညာသင်ဆုတစ်ခု” HVD Scholarship Program ကနေတစ်ဆင့်မြန်မာကျောင်းသား၊ ကျောင်းသူ တွေဟာ ထိုင်းနိုင်ငံရှိIRPC Technological Collegeမှာ အဆင့်မြင့်နည်းပညာဘာသာရပ်တွေကို PTT Group...
HomeEntertainmentBusinessJulia’s Collection Gems...

Julia’s Collection Gems and Jewelleryကို ဖွင့်လှစ်လိုက်တဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံ

သရုပ်ဆောင်ပိုင်ဇေရဲထွန်းနဲ့ ဇနီးဇင်သဲနိုင်တို့ က Julia’s Collection Gems and Jewellery ဆိုင်ကို ဒီဇင်ဘာ ၂၂ရက်နေ့က စတင်ပြီး အမှတ် ၁၀၈/E၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ဒီရတနာဆိုင်လေးကို ဖွင့်လှစ်ချင်တာတော့ ဇနီးဖြစ်သူ ဇင်သဲနိုင်ရဲ့အိပ်မက်ပါ။ ပိုင်ဇေရဲထွန်းကတော့ ကျောက်မျက်ရတနာအကြောင်းတွေကို သိပ်နားမလည်တဲ့အတွက် ဇနီးဖြစ်သူ လိုအပ်တာမှန်သမျှကို အနားကနေပံ့ပိုးပေးဖြစ်ပါတယ်။ ဇနီးရဲ့ အိပ်မက်နဲ့ပတ်သက်ပြီး ပိုင်ဇေရဲထွန်းက . . . “လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာထဲက သူကြိုးစားခဲ့တာ။ အဓိကတော့ ဒီကျောက်လေးတွေကြည့်နေရရင် သူပျော်တယ်။ မြန်မာနိုင်ငံကထွက်တဲ့တွင်းထွက်လေးတွေကို မြန်မာလူမျိုးတွေကို ရောင်းချင်တယ်ပေါ့။ ဆိုင်လေးနဲ့ သေချာလေးရောင်းချင်တယ်ဆိုပြီး သူကြိုးစားလာခဲ့တာပါ။ ဒီနေ့သူ့ရဲ့အိပ်မက်ကို ပထမဦးဆုံးစပြီး အကောင်အထည်ဖော်ဖြစ်တဲ့နေ့ပေါ့။” လို့ပြောပါတယ်။ အခုလို သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့အတွက် ၀မ်းသာပီတီဖြစ်ရသလို ဆိုင်မဖွင့်ခင်ကတည်းက ယုံယုံကြည်ကြည်နဲ့အားပေးကြတဲ့ customer တွေကို အရမ်းကျေးဇူးတင်မိတယ်လို့ ဇင်သဲနိုင်က ဆိုပါတယ်။

မြန်မာပြည်က တွင်းထွက်ရတနာတွေကို လှပတဲ့ဒီဇိုင်းတွေနဲ့ ပုံဖော်ဖန်တီးထားတာဖြစ်ကြောင်းကို ဇင်သဲနိုင်က . . . “ဒီမှာက မိုးကုတ်သဘာဝတွင်းထွက်စစ်စစ်တွေကိုပဲ ရောင်းတယ်။ ရွှေရည်ဆိုလဲ ၁၃ပဲရည်ရှိတာကိုပဲ ရောင်းပါတယ်။ လက်ရာဆိုလဲ ကိုယ့်ဘာသာကိုယ်ပဲ ခတ်တယ်။ တကယ်ကောင်းတယ်ဆိုတဲ့ နာမည်ကြီးတဲ့ ပန်းထိမ် မှာလဲ ခတ်တယ်။ နိုင်ငံခြားမှာလဲ ခတ်တယ်။ ဒီဇိုင်းဆွဲတဲ့အခါမှာလဲ ဒီဇိုင်နာညီမလေးတွေ ဆီက ကိုယ်ကြိုက်တဲ့ဒီဇိုင်းကို သေချာအပ်ပြီးတော့မှ ကိုယ်ပိုင်ဒီဇိုင်းဆိုတာမျိုးသီးသန့်၊ ပစ္စည်းဆိုလဲ တခုပဲ ရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပ်ပြီးတော့ ထုတ်ထားပါတယ်။ မြန်မာပြည်ကတွင်းထွက်ပစ္စည်းတွေချည်း ပါပဲ။ မြန်မာလူမျိုးတွေက များသောအားဖြင့် စိန်ကြိုက်ကြတယ်။ သဲလည်း ငယ်စဉ်တုန်းက စိန်ကို တအားကြိုက်တယ်။ တအားရူးသွပ်ခဲ့တယ်။ စိန် က တကမ္ဘာလုံးမှာ ဘယ်မှာဝယ်ဝယ်ပေါတယ်လေ။ မြန်မာပြည်က ထွက်တဲ့တွင်းထွက် ပတ္တမြား၊ နီလာကို တခြားနိုင်ငံက တအားတန်ဖိုးထားနေတဲ့အချိန်မှာ ကိုယ့်မြန်မာလူမျိုးတွေက စိန်မှ စိန်ဖြစ်နေတာကို စိတ်မကောင်းဘူး။ မြန်မာပြည်ကထွက်တဲ့တွင်းထွက်ရတနာ တွေက ဒီလိုမျိုးလှတယ်။ နိုင်ငံတကာကနေ အသိအမှတ်ပြုတယ်။ အဖိုးတန်တယ်။ ရှားပါးတယ်ဆိုတာ သိစေချင်တယ်။” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071