Monday, July 6, 2026

Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင်...

မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် ထောင်ဒ-ဏ် ၅...

မေထက်လူ ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် ဧရာဝတီ...

ဧရာဝတီ FC အမျိုးသမီးအသင်းက ကစားသမား မေထက်လူသည် ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် လာမည့် လိဂ်ပွဲစဉ် (၄)၊ (၅) နှင့် (၆)...

ဓာတ်အားလေလွင့်ဆုံးရှုံးမှုများပြားသည့် မြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းရှိ စက်မှုလုပ်ငန်းသုံး...

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌသည် ရုံးချုပ်နှင့် ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၄) ရက်နေ့က ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ မှော်ဘီမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှု၊...

ပဲခူးတိုင်း၌ လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့် သဘာဝဘေး...

ပဲခူးတိုင်းဒေသကြီးအတွင်း၌ လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရန် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လမ်းညွှန်မှာကြားလိုက်သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ ၃ ရက်က ပြုလုပ်သည့်...
HomeNewsLocal NewsJLPT စာမေးပွဲနေ့တွင် မှတ်ပုံတင်နှင့်...

JLPT စာမေးပွဲနေ့တွင် မှတ်ပုံတင်နှင့် ပစ္စည်းကျန်ရစ်ခဲ့သူများရှိ

JLPT Test Management Centre တွင်လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေး

မြန်မာနိုင်ငံ ဂျပန်ပြန်ပညာဟောင်းများအသင်း (MAJA) က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ကျင်းပခဲ့သည့် JLPT စာမေးပွဲနေ့၌ ကောက်ခံရရှိထားသော မှတ်ပုံတင်များကို ကာယကံရှင်များအနေဖြင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ JLPT Test Management Centre တွင် လာရောက်ထုတ်ယူနိုင်ကြောင်း ယနေ့ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မေ့ကျန်ရစ်ခဲ့သည့် မှတ်ပုံတင်များကို BSG-2 စာဖြေဌာနအတွင်းမှ တစ်ခု၊ YUOE-1 စာဖြေဌာန ကျောင်းအပြင်ဘက်မှ တစ်ခု၊ BKMY-1 စာဖြေဌာန (M1F-5) အခန်းမှ တစ်ခုနှင့် DGU-2 စာဖြေဌာနအတွင်းမှ တစ်ခု စုစုပေါင်း မှတ်ပုံတင် (၄) ခုကို သိမ်းဆည်းရမိထားခြင်း ဖြစ်သည်။

ပိုင်ရှင်များအနေဖြင့် အမှတ် ၂ဘီ-၃၊ နိုင်ငံ့ဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ JLPT Test Management Centre သို့ လူကိုယ်တိုင် လာရောက်ဆက်သွယ် ထုတ်ယူနိုင်ကြောင်း သိရသည်။

ထို့ပြင် ထီး၊ မျက်မှန်ဘူး၊ အနွေးထည်၊ အိတ် ကျန်ရစ်ခဲ့သူများလည်းရှိပြီး ပြန်လည်လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင် ၅ နှစ်ချမှတ်

မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် ထောင်ဒ-ဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။ Sky Villa ကွန်ဒိုကို NTL ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်အတွင်း ကွန်ဒိုအဆောက်အအုံပြိုကျခဲ့ရာ လူ‌ေ-သဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ကုမ္ပဏီပိုင်ရှင်ကို တရားစွဲဆိုထားခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်တွင်...

မေထက်လူ ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် ဧရာဝတီ FC ၏ လာမည့်ပွဲစဉ် ၃ ပွဲ ဖြင့် လွဲချော်မည်

ဧရာဝတီ FC အမျိုးသမီးအသင်းက ကစားသမား မေထက်လူသည် ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် လာမည့် လိဂ်ပွဲစဉ် (၄)၊ (၅) နှင့် (၆) တို့တွင် အသင်းအတွက် ပါဝင်ကစားနိုင်မည် မဟုတ်ကြောင်း အသင်းက တရားဝင် ထုတ်ပြန်ကြေညာထားသည်။ အသင်း၏ ထုတ်ပြန်ချက်အရ မေထက်လူသည် လက်ရှိတွင် ပြည်ပ၌ ပညာသင်ကြားနေပြီး မြန်မာနိုင်ငံနှင့် ပညာသင်ကြားနေသည့် နိုင်ငံအကြား အချိန်ကွာဟမှုအပြင် အသင်းသို့မရောက်ရှိမီကတည်းက စီစဉ်ထားခဲ့သည့် လုပ်ငန်းတာဝန်များနှင့် တိုက်ဆိုင်နေခြင်းကြောင့် ယင်းပွဲစဉ်များတွင် အပြည့်အဝ အာရုံစိုက် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အခက်အခဲများ ရှိနေကြောင်း...

ဓာတ်အားလေလွင့်ဆုံးရှုံးမှုများပြားသည့် မြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းရှိ စက်မှုလုပ်ငန်းသုံး မီတာများကို ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌသည် ရုံးချုပ်နှင့် ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၄) ရက်နေ့က ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ မှော်ဘီမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှု၊ မီတာဖတ်ရှုမှုနှင့် ဓာတ်အားလေလွင့်ပျေ-ာက်ဆုံးမှု လျှော့ချရေး ဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဓိကကဏ္ဍတစ်ခုအနေဖြင့် ဓာတ်အားလေလွင့်ပျေ-ာက်ဆုံးမှု များပြားနေသည့် (၃၃) ကေဗီ မြောင်းတကာ - မှော်ဘီ ဓာတ်အားလိုင်းပေါ်ရှိ ဓာတ်အားသုံးစွဲမှုများသော စက်မှုလုပ်ငန်းများ၏ မီတာများကို ရှောင်တခင် သွားရောက်စစ်ဆေးခြင်းကို ထည့်သွင်းဆောင်ရွက်ခဲ့သည်။ ထို့အပြင် အဆိုပါ ဓာတ်အားလိုင်းတစ်လျှောက် ပျောက်ဆုံးမှုနှုန်းများကို ခွဲခြားသိရှိနိုင်ရန်အတွက် (၃၃)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071