Saturday, June 13, 2026

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား...

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊...

အင်ဒိုနီးရှားက မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုကိုကူညီမည်

ဇွန်လ ၁၀ ရက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို က မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပံ့ပိုးကူညီသွားမည့်...

ပုဂံဒေသက ရှားပါးနံရံဆေးရေးပန်းချီလက်ရာရှိ အဆောက်အုံများကို အသေးစိတ်မှတ်တမ်းပြုစုခြင်းဆောင်ရွက်နေ

ကမ္ဘာ့ အမွေအနှစ်  ပုဂံဒေသရှိ နံရံဆေးရေး ပန်းချီများကို မသမာသူများက ခိုးယူခြင်း၊ သဘာဝ‌ဘေးကျရောက်ခြင်းနှင့် လူတို့၏ ဖျ-က်ဆီးခြင်းကြောင့် ပျ-က်ဆီးမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေကြောင်း ...
HomeNewsLocal NewsISO လက်မှတ်ရရှိပြီး တက္ကသိုလ်များအနေဖြင့်...

ISO လက်မှတ်ရရှိပြီး တက္ကသိုလ်များအနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်များဖြစ် လာစေရန် ကြိုးပမ်းရမည်

ISO လက်မှတ်ရရှိပြီး တက္ကသိုလ်များအနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်များဖြစ် လာစေရန် ကြိုးပမ်းရမည်

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒေါက်တာမျိုးသိန်းကျော်က ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

“နည်းပညာတက္ကသိုလ်(သန်လျင်)ဟာ နိုင်ငံတကာအသိအမှတ်ပြု Quality Management System ဆိုင်ရာ ISO 9001:2015 စီမံခန့်ခွဲရေးစနစ်ကို အ ကောင်အထည်ဖော်ကျင့်သုံးလျက်ရှိပါတယ်  တက္ကသိုလ်တွေရဲ့ အရည်အသွေးအာမခံမှုနဲ့ပတ်သက်ပြီး အာဆီယံတက္ကသိုလ်များကွန်ယက် ASEAN University Network-Quality Assurance (AUN-QA)ရဲ့ Associate Membership တက္ကသိုလ် ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့ပြင် ရန်ကုန်နည်းပညာတက္ကသိုလ်သည်လည်း Quality Management System ဆိုင်ရာ ISO 9001:2015 အသိအမှတ်ပြုလက်မှတ်များ ရရှိထားကာ အာရှနှင့်ပစိဖိတ်ဒေသတွင်း အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုမှုအဖွဲ့အစည်း (Federation of Engineering Institutions of Asia and Pacific)၏ ပဏာမအသိအမှတ်ပြုမှုလက်မှတ် Provisionally Accredited နှင့်အပြည့် အဝအသိအမှတ်ပြုမှုလက်မှတ် Fully Accredited များ ရရှိခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် တက္ကသိုလ်များအနေဖြင့် ရရှိထားသည့် အရည်အသွေးအာမခံမှုများအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရန်လိအပ်ကာ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်း သား၊ကျောင်းသူများအား အင်ဂျင်နီယာ ဘာသာရပ်များကို စာတွေ့လက်တွေ့တက်မြောက်အောင် သင်ကြားပေးရန် လိုအပ်သည်ဟုပြောသည်။

“စာတွေ့အပြင် လက်တွေ့ကျတဲ့ သင်ခန်းစာတွေနဲ့ သင်ကြားပေးပြီး လက်တွေ့အသုံးချ သုတေသန လုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

အလားတူ ကွန်ပျူတာတက္ကသိုလ်များကိုလည်း ICT အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုနိုင်ရန် Seoul Accord နှင့်အညီဆောင်ရွက်လျက်ရှိကာ နိုင်ငံတကာတက္ကသိုလ်များနည်းတူ ICT နည်းပညာအား အသုံးပြုသည့် Learning Management System(LMS) သင်ကြားသင်ယူမှုစနစ်များ အသုံးပြု၍ လွယ်ကူလျှင်မြန် ထိရောက်အကျိုးရှိစွာ သင်ကြားသင်ယူနိုင်ရန်ဆောင်ရွက်ရမည်ဟု ပြောသည်။

” ISO လက်မှတ်ရရှိပြီးဖြစ်တဲ့ တက္ကသိုလ်တွေ  အနေနဲ့ နိုင်ငံတကာကအသိအမှတ်ပြုတက္ကသိုလ်တွေဖြစ်လာအောင် ဆက်လက်ကြိုးပမ်းကြဖို့ လို အပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြော သည်။

ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၁၅ ရက်က နည်းပညာတက္ကသိုလ်(သန်လျင်)နှင့်အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)၊ ဩဂုတ် ၁၆ ရက်က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ သတင်းအချက်အ လက်နှင့်ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၊ ဩဂုတ် ၁၇ ရက်က ရန်ကုန်နည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့် ဌက်ဖျားရောဂါပိုး ရှိ၊ မရှိ သွေးစစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ထို့အတူ အထွေထွေရောဂါ၊ ကလေးကျန်း မာပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ အရိုး၊ အကြောရောဂါပညာ၊ မျက်စိ၊ နား၊ နှာခေါင်း၊  လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာ၊ သွားနှင့်ခံတွင်းရောဂါ၊ အကြော၊ အဆစ်နှင့် ပြန်လည်သန်စွမ်းရေးနှင့် ဓါတ်မှန်နှင့်ပုံရိပ်ဖော်စသည့်...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်...

အင်ဒိုနီးရှားက မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုကိုကူညီမည်

ဇွန်လ ၁၀ ရက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို က မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပံ့ပိုးကူညီသွားမည့် ကတိကဝတ်ကို နေပြည်တော်သို့ လာရောက်သည့် ခရီးစဉ်အတွင်း ထပ်လောင်းအတည်ပြုခဲ့ကြောင်းနှင့် ၎င်းသည် သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက မနေ့က ဖော်ပြခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ဝန်ကြီး ဆူဂျီယိုနိုသည် မြန်မာ့ပဋိပက္ခများကို ဖြေရှင်းရန်နှင့် တည်ငြိမ်မှု ပြန်လည်ရရှိစေရေး ကြိုးပမ်းမှုများအပေါ် အင်ဒိုနီးရှားအစိုးရ၏ ပံ့ပိုးကူညီမှုကို အလေးပေးဖော်ပြထားသည့် အင်ဒိုနီးရှားသမ္မတ ပရာဗိုဝို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071