IRON CROSS အဖွဲ့၏ ပင်တိုင် Guitarist ချစ်စမ်းမောင် သည်းခြေကျောက်တည်သည့် ရောဂါကြောင့် ခွဲစိတ်မှုခံယူနေရသည်ဟု ယမန်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
“ခွဲစိတ်ခမယူဘဲ မေတ္တာနဲ့ခွဲစိတ်ပေးသော Dr.U Kyaw Htet နှင့် ဆုတောင်းကူညီပေးသူ အယောက်စီတိုင်း ကျေးဇူးအထူး တင်ပါတယ်။ ဒီနေ့တော့ အနာရှိန်နဲနဲတက်လို့ ဆက်လက်ဆုတောင်းပေးကြပါဦး ခင်ဗျာ။ သည်းခြေကျောက်ရှိလို့ သည်းခြေပါ ထုတ်လိုက်တာပါ” ဟု ရေးသားမျှဝေထားသည်။
ယခုလ မေ(၁၅)ရက်ကလည်း ၎င်း၏ မွေးနေ့ကျရောက်ခဲ့ပြီး မွေးနေ့နှုတ်ဆက်ဆုတောင်းပေးကြသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းနှင့် လာမည့်နှစ်များတွင်လည်း ပြန်တွေ့ကြပါဦးမည်ဟု ရေးသားမျှဝေထားသည်။
