Tuesday, August 4, 2026

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ်...

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁...
HomeNewsLocal NewsInternational Youth Day...

International Youth Day 2026 အတွက် အသိပညာပေး ဗီဒီယိုပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်၊ ဩဂုတ် ၃

International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့် အသိပညာပေး အကြောင်းအရာများကို ဗီဒီယိုပြိုင်ပွဲအဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း Myanmar Youth Stars Official Facebook စာမျက်နှာမှတစ်ဆင့် အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ ပြိုင်ပွဲတွင် ဖုန်း၊ ကင်မရာ သို့မဟုတ် AI နညာများကို အသုံးပြု၍ နည်းလမ်းပေါင်းစုံဖြင့် ဖန်တီးယှဉ်ပြိုင်နိုင်ပြီး ဗီဒီယို ကြာမြင့်ချိန်ကို အနည်းဆုံး ၁ မိနစ်ခွဲမှ အများဆုံး ၃ မိနစ်အထိ သတ်မှတ်ထားသည်။

ယှဉ်ပြိုင်လိုသူများအနေဖြင့် ကျား/မ အခြေပြု အကြမ်းဖက်မှု (Gender-Based Violence)၊ HIV အသိပညာပေးနှင့် ကာကွယ်ရေး၊ ဖြစ်တည်မှုအပေါ် ခွဲခြားဆက်ဆံခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် လိင်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ကြုံတွေ့နေရသည့် လက်ရှိ လူငယ်ဘဝ၏ ပုံရိပ်များကို ထင်ဟပ်စေမည့် တင်ဆက်မှုများဖြင့် ရိုက်ကူးဖန်တီးယှဉ်ပြိုင်နိုင်သည်။

ဆုကြေးများအနေဖြင့် ပထမဆု ငွေကျပ် ၅ သိန်း၊ ဒုတိယဆု ငွေကျပ် ၃ သိန်းနှင့် တတိယဆု ငွေကျပ် ၂ သိန်း
ပေးအပ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင်များအနေဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ် ၈ ရက်နေ့ကို နောက်ဆုံးထား၍ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဆုရရှိသူများကို ဩဂုတ် ၉ ရက် (တနင်္ဂနွေနေ့) တွင် Myanmar Youth Stars Official Facebook Page မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်။ ပြိုင်ပွဲဆိုင်ရာ အသေးစိတ် အချက်အလက်များကိုလည်း အဆိုပါ Facebook စာမျက်နှာတွင် သွားရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း ကုန်သွယ်ရေးညှိနှိုင်းရေးဌာန၏ အဆိုအရ သိရသည်။          ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် အူမာပွန် ဖူထရာကူလ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက် နေ့နှင့် ၂၄ ရက် နေ့တို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် အက်ဖ်တာ ပူးတွဲကော်မတီ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။        ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် အာဏာပိုင်များကို လီ တိုက်တွန်း

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ များလာကြောင်းနှင့် ပြင်းထန်လွန်ကဲသော ရာသီဥတုအခြေအနေသည် မကြာခဏပိုမို ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။      ပြည်သူများ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ရန်နှင့် အဲရ်ကွန်းဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားရာ၌ လီက တောင်းဆိုခဲ့သည်။       “လွန်ကဲတဲ့ ရာသီဥတုအခြေအနေက ပုံမှန်လိုဖြစ်လာနေတာကြောင့် နိုင်ငံတော် အကျပ်အတည်းစနစ်ကို အခြေခံကျကျ...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New Day" သည် ရုံတင်သည့် ပထမပတ် အားလပ်ရက်အတွင်း မြောက်အမေရိက ရုံဝင်ငွေ စာရင်း၌ အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရရှိကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း Comscore က တနင်္ဂနွေနေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အဆိုပါဇာတ်ကားရုံတင်ပြသမှုသည် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၃၅၇ သန်းဖြင့် ရုံတင်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071