Monday, June 1, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်က...

နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများကိုဆွေးနွေး အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval က မေ...

YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ –...

ယနေ့ (ဇွန် ၁) ရက်မှ စတင်ကာ YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ - တွံတေးကို ပြေးဆွဲပေးမည်ဟု သိရသည်။ ထိုသို့ပြေးဆွဲခြင်းသည် ရှေ့ပြေးစီမံချက်အဖြစ်၂၀၂၆...

စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဆောင်ရွက်ရန် ဘယ်လာရုစ်နိုင်ငံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့...

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်တာ ဂနေဒီယာဗိချ် ခရမ်နင် (Lt...

ယနေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ယနေ့တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိသတ်မှတ်ခဲ့သည်။ ယခုအခါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊...
HomeMoviesICRC ၏ ကိုယ်ကာယ...

ICRC ၏ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဝန်ဆောင်မှုရယူနိုင်သည့်နေရာများတွင် ဝန်ဆောင်မှုများ အခမဲ့ရယူနိုင်

မြန်မာနိုင်ငံတစ်ဝန်းတွင် အိုင်စီအာရ်စီအနေဖြင့် ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်ပြည်နယ်တို့အပြင် ရန်ကုန်၊ ပဲခူး၊ မကွေးတိုင်းဒေသကြီးတို့တွင်ရှိသည့် ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာန ၇ ခုကတဆင့် မသန်စွမ်းသူပေါင်း ထောင်ပေါင်းများစွာနှင့်အတူ လုပ်ငန်းဆောင်ရွက်နေကြောင်း သိရသည်။

အိုင်စီအာရ်စီ၏ မိတ်ဖက်များနှင့် စီမံခန့်ခွဲမှု လုပ်ငန်းဆောင်ရွက်နေသူများတွင် မသန်စွမ်းသူများကို အမှီခိုကင်းကင်းနှင့် ပြန်ပြီး လှုပ်ရှားသွားလာနိုင်စေရန် ခြေတုလက်တုများ၊ အထောက်အကူပြုပစ္စည်းများ၊ လမ်းလျှောက်အကူပစ္စည်းများ၊ ဘီးတပ်ကုလားထိုင်များ နှင့် အကြောအဆစ်လေ့ကျင့်ခန်းများကို ပံ့ပိုးနေကြောင်းလည်း ICRC က အသိပေးထားသည်။

ကိုယ်ကာယပြန်လည်သန်စွမ်းရေးအပြင်၊ မသန်စွမ်းသူများ အနေဖြင့် လူမှုအသိုင်းအဝိုင်းအတွင်းပါဝင်နိုင်မှုကို မြှင့်တင်ရန်အတွက် အသေးစားစီးပွားရေးလုပ်ငန်းများ အစပြုနိုင်ရန် အထောက်အပံ့၊ အသက်မွေးဝမ်းကျောင်းသင်တန်း ပံ့ပိုးမှုများအပြင် မသန်စွမ်းသူများနှင့် လိုက်လျောညီထွေရှိအောင်ပြင်ဆင်ထားသည့် အားကစားလှုပ်ရှားမှုများကတဆင့် စိတ်ရောကိုယ်ပါကြံ့ခိုင်သန်စွမ်းစေရန် အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

လိုအပ်ချက်များ အပေါ် မူတည်၍ ပေးအပ်သည့်ဝန်ဆောင်မှုများ အားလုံးသည့် လုံးဝ အခမဲ့ ဖြစ်ကြောင်းလည်း ICRC က အသိပေးထုတ်ပြန်ထားသည်။

ကိုယ်ကာယပြန်လည်သန်စွမ်းရေးအထောက်အပံ့များကို လိုအပ်နေပါက အိုင်စီအာရ်စီ၏ လူထုအခြေပြုဆက်သွယ်ရေးဌာန ဖုန်း +၉၅ ၉ ၇၇ ၆၆၆ ၂၅၅၅ ကို ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်က လာရောက်ဂါရဝပြုတွေ့ဆုံ

နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများကိုဆွေးနွေး အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval က မေ ၃၁ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တို့သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား ကဏ္ဍပေါင်းစုံ၌ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့်အတူ...

YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ – တွံတေးကို ပြေးဆွဲပေးမည်

ယနေ့ (ဇွန် ၁) ရက်မှ စတင်ကာ YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ - တွံတေးကို ပြေးဆွဲပေးမည်ဟု သိရသည်။ ထိုသို့ပြေးဆွဲခြင်းသည် ရှေ့ပြေးစီမံချက်အဖြစ်၂၀၂၆ ခုနှစ် ဇွန်လ (၁) ရက်နေ့မှ ဇွန်လ (၅) ရက်နေ့အထိစမ်းသပ်ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ယင်းယာဉ်လိုင်းကို YBPC ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲသွားမည်ဖြစ်သည်။ ပြေးဆွဲပေးမည့် ဂိတ်ရင်းသည် တွံတေး (ရွှေဆံတော်ဘုရား) ဖြစ်ပြီးဒလ (ချယ်ရီသင်္ဘောဆိပ်) ထိ ဖြစ်ကာ စုစုပေါင်း မှတ်တိုင် (၁၄) ခုဖြင့်ပြေးဆွဲသွားမည် ဖြစ်သည်။ ကားခအနေဖြင့် ၈၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။ ထို့ပြင်—ရဟန်းသံဃာတော်များအားအခမဲ့ စီးနင်းခွင့်ပြုသွားမည်ဖြစ်ကာ...

စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဆောင်ရွက်ရန် ဘယ်လာရုစ်နိုင်ငံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်တာ ဂနေဒီယာဗိချ် ခရမ်နင် (Lt General Viktar Ganediavich Khrenin) ၏ နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆောင်ရွက်ရန် ဖိတ်ကြားချက်အရ မေ ၂၅ ရက်မှ ၃၀ ရက်အထိ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း လည်း သိရသည်။ ထို့နောက် ဘယ်လာရုစ်နိုင်ငံရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071