Monday, June 1, 2026

YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ –...

ယနေ့ (ဇွန် ၁) ရက်မှ စတင်ကာ YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ - တွံတေးကို ပြေးဆွဲပေးမည်ဟု သိရသည်။ ထိုသို့ပြေးဆွဲခြင်းသည် ရှေ့ပြေးစီမံချက်အဖြစ်၂၀၂၆...

စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဆောင်ရွက်ရန် ဘယ်လာရုစ်နိုင်ငံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့...

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်တာ ဂနေဒီယာဗိချ် ခရမ်နင် (Lt...

တိမ်ပင်လယ်အထက်က ဒဏ္ဍာရီတောင်တန်း — ဟွမ်ရှန်းတောင်၏...

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်ရှိ ဟွမ်ရှန်းတောင် (Mount Huangshan) သို့ ရောက်ရှိခဲ့သည့် အခိုက်အတန့်သည် ခရီးတစ်ခေါက်သာ မဟုတ်ဘဲ သဘာဝတရားနှင့် နှလုံးသားချင်း တွေ့ဆုံခွင့်ရသည့်...

အွန်လိုင်း လိမ်လည်မှုများကို နားလည်‌ရှောင်ရှားနိုင်ရန် လူငယ်များအတွက်...

မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုများ (Digital Fraud) ကို နားလည်ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအကြား မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုစွမ်းရည် (Media Literacy) မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်သည့်...
HomeNewsLocal Newsယနေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ယနေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ယနေ့တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်သည်။

ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိသတ်မှတ်ခဲ့သည်။

ယခုအခါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်လျက်ရှိသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရာတွင် မူလတန်းအဆင့်အတွက် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ (၄) ချောင်းနှင့် ကျောင်းဝတ်စုံ (၁) စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ(၂) တံ(၂) ချောင်းနှင့် ဘောပင် (၂) ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ ထောက်ပံ့ပေးအပ်သွားခဲ့သည့်အပြင် အခြေခံပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ်ဖြစ်သောကြောင့် ကျောင်းဝင်ကြေးနှင့် အခြားမည်သည့် အခကြေးငွေ ပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံခွင့်ပြုခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ – တွံတေးကို ပြေးဆွဲပေးမည်

ယနေ့ (ဇွန် ၁) ရက်မှ စတင်ကာ YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ - တွံတေးကို ပြေးဆွဲပေးမည်ဟု သိရသည်။ ထိုသို့ပြေးဆွဲခြင်းသည် ရှေ့ပြေးစီမံချက်အဖြစ်၂၀၂၆ ခုနှစ် ဇွန်လ (၁) ရက်နေ့မှ ဇွန်လ (၅) ရက်နေ့အထိစမ်းသပ်ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ယင်းယာဉ်လိုင်းကို YBPC ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲသွားမည်ဖြစ်သည်။ ပြေးဆွဲပေးမည့် ဂိတ်ရင်းသည် တွံတေး (ရွှေဆံတော်ဘုရား) ဖြစ်ပြီးဒလ (ချယ်ရီသင်္ဘောဆိပ်) ထိ ဖြစ်ကာ စုစုပေါင်း မှတ်တိုင် (၁၄) ခုဖြင့်ပြေးဆွဲသွားမည် ဖြစ်သည်။ ကားခအနေဖြင့် ၈၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။ ထို့ပြင်—ရဟန်းသံဃာတော်များအားအခမဲ့ စီးနင်းခွင့်ပြုသွားမည်ဖြစ်ကာ...

စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဆောင်ရွက်ရန် ဘယ်လာရုစ်နိုင်ငံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်တာ ဂနေဒီယာဗိချ် ခရမ်နင် (Lt General Viktar Ganediavich Khrenin) ၏ နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆောင်ရွက်ရန် ဖိတ်ကြားချက်အရ မေ ၂၅ ရက်မှ ၃၀ ရက်အထိ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း လည်း သိရသည်။ ထို့နောက် ဘယ်လာရုစ်နိုင်ငံရှိ...

တိမ်ပင်လယ်အထက်က ဒဏ္ဍာရီတောင်တန်း — ဟွမ်ရှန်းတောင်၏ ရင်သပ်ရှုမောဖွယ် အလှတရား

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်ရှိ ဟွမ်ရှန်းတောင် (Mount Huangshan) သို့ ရောက်ရှိခဲ့သည့် အခိုက်အတန့်သည် ခရီးတစ်ခေါက်သာ မဟုတ်ဘဲ သဘာဝတရားနှင့် နှလုံးသားချင်း တွေ့ဆုံခွင့်ရသည့် အမှတ်တရခရီးတစ်ခုဖြစ်ခဲ့သည်။ တောင်ခြေစခန်းမှ Cable Car စတင်စီးနင်းလိုက်သည့်အချိန်တွင် စိတ်လှုပ်ရှားမှုက အလိုလို တိုးလာသည်။ တောင်စောင်းများကို ကျော်ဖြတ်ကာ တဖြည်းဖြည်း မြင့်တက်သွားသော Cable Car ထဲမှ မြင်ကွင်းများက ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ စိမ်းလန်းသော သစ်တောများ၊ ကျောက်တောင်ထွတ်များကြား လွင့်မျောနေသော တိမ်ခိုးတိမ်ငွေ့များနှင့် မိုးကောင်းကင်ထဲသို့ တက်လှမ်းနေသကဲ့သို့ ခံစားရသည့် အတွေ့အကြုံက မမေ့နိုင်စရာဖြစ်သည်။ ဟွမ်ရှန်းတောင်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071