စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)၏ IBEC ဗုဒ္ဓတက္ကသိုလ်တွင် ဗုဒ္ဓသာသနာတော်ရေရှည်ထွန်းကားပြန့်ပွားစေရေးအတွက် မဟာဝိဇ္ဇာဘွဲ့ (M.A. Buddhism)သင်တန်းအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
အဆိုပါ မဟာဝိဇ္ဇာဘွဲ့သင်တန်းအား သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိပြီးသူများ(သို့) B.A ဘွဲ့ရရှိထားသူ များ(သို့) B.Sc ဘွဲ့ရရှိထားကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်များလျှောက်ထားနိုင်ကာ ဝင်ခွင့်လျှောက်လွှာများအား စက်တင်ဘာ ၁ ရက်မှစတင်၍ထုတ်ပေးလျက်ရှိသည်။
လျှောက်လွှာများအား IBEC ဗုဒ္ဓတက္ကသိုလ်သို့ နိုဝင်ဘာ ၁၅ ရက်နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး နိုဝင်ဘာ ၂၂ ရင်တွင် လူတွေ့စစ်ဆေး၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်၌ သင်တန်းကိုစတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
