စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)တွင် ဖွင့်လှစ်ထားသော IBEC ကူညီကယ်ဆယ်ရေးစင်တာ၌ ငလျင်ကြောင့်ထိခို-က်မှုများအတွက် ငလျင်ဒဏ်ကြောင့်ထိခို-က်ခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းအပါအဝင် ကူညီမှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့်ထိခို-က်ဒဏ်ရာရပြီး သွားလာလှုပ်ရှားရန် ခက်ခဲသူများ/မသန်စွမ်းဖြစ်သူများ၊ ပြန်လည်သန်စွမ်းရေး လိုအပ်သောသူများ၊ အားပြုကိရိယာများပျေ-ာက်ဆုံးပျ-က်စီး၍ သွားလာလှုပ်ရှားရန်အခက်အခဲရှိသူများ၊ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုလိုအပ်သူများ၊ စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျ-က်ကြောင့် စိတ်သောကရောက်နေသူများအတွက် IBEC ဆရာတော်မှဆောင်ရွက်ပေးရန် စီစဥ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အစီအစဥ်တွင် ရုပ်ပိုင်းဆိုင်ရာပြန်လည်သန်စွမ်းရေး၊ အကြောအဆစ်ဆိုင်ရာလေ့ကျင့်ခန်းများ၊ အားပြုကိရိယာများထောက်ပံ့ခြင်း(လှုပ်ရှားသွားလာမှု အထောက်အကူပြုပစ္စည်း၊ ချိုင်းထောက်၊လမ်းလျှောက်တုတ်)၊ အားပြုကိရိယာ အသုံးပြုနည်းပြသခြင်း၊ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေး နွေးခြင်းများကိုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လာရောက်ကုသမှုခံယူလိုသော ရဟန်း၊ ရှင်၊ လူ(လူမျိုးမရွေး/ဘာသာမရွေး)အနေဖြင့် IBEC ကျောင်းတော်ကြီးတွင် လာရောက်စာရင်းပေးသွင်းနိုင်ပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်မည့်အချိန်အား ပြန်လည်ဆက်သွယ်အကြောင်း ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။