ပြည်တွင်း၌ HIV နှင့် တီဘီရောဂါ ဆေးဝါးများ ပြတ်လပ်ခြင်းမရှိဘဲ အလုံအလောက်ရှိနေကြောင်း ကျန်းမာရေးဝန် ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကပြည်တွင်းသတင်းမီဒီယာအချို့မှ အသိပေးပြောကြားထား သည်။
လက်ရှိ၌ အမေရိကန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးရန်ပုံငွေ (USAID) က နိုင်ငံတကာထံ အကူအညီများ ရပ်ဆိုင်းထားသောကြောင့် မြန်မာနိုင်ငံ၌ HIV(အိပ်ချ်အိုင်ဗွီ)၊ တီဘီနှင့် ငှ က်ဖျား စသည့် ရောဂါများအတွက် သောက်သုံးနေရသည့် ဆေးဝါးများ ပြတ်လပ်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
“ကျွန်တော်တို့ NGO အဖွဲ့ဆီမှာလည်း ဒီဆေးတွေနဲ့ ပတ်သက်ပြီး နောက် (၈) လစာအထိ လုံလုံလောက်လောက်ရှိနေပါသေးတယ်။ TB ဆေးတွေဆို ကျွန်တော်တို့က ဆေးခန်းတွေကို ထပ်ပြီးတောင် မျှပေးထားပါသေးတယ်” ဟု ဆေးဝါးများ ဖြန့်ဖြူးပေးနေသည့် ကျန်းမာရေး NGO ဝန်ထမ်းတစ်ဦးကလည်း ပေါ်ပြူလာနယူးကို ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးပြောကြားချက်အရလည်း HIV ၊ တီဘီနှင့် ငှက်ဖျား ဆေးများသည် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းမျိုးရှိပြီး ယင်းသည် ကာကွယ်ရေး အပိုင်းအတွက်သာဖြစ်ကာ ကုသရေးအပိုင်းအတွက်မူ နိုင်ငံတော် ဘတ်ဂျက်ဖြင့် ဝယ်ယူရခြင်းဖြစ်ကာ နိုင်ငံတော်မှ လုံလောက်စွာဝ ယ်ယူထားကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီ နှင့် ဆေး ယဉ်ပါးတီဘီရောဂါအဖြစ် အများဆုံးနိုင်ငံ (၃၀) မှာ အပါအဝင်ဖြစ်နေကာ ခုခံအားကျဆင်းမှုရောဂါ အိပ်ချ်အိုင်ဗွီပိုး ကူး စက်ခံရသူအရေအတွက်ကလည်း ၂၀၂၃ ခုနှစ်၌ လူတစ်သောင်းကျော် ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
