Friday, May 23, 2025

ပါကစ္စတန်အသင်းနှင့် ခြေစစ်ပွဲယှဉ်ပြိုင်မည့် ပဏာမ မြန်မာ့လက်ရွေးစင်အသင်း...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Asian Cup ပ‌ထမအကျော့ ခြေစစ်ပွဲစဉ်အတွက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်းမှာ ယနေ့ မေ (၂၃)ရက်၌...

အိန္ဒိယ စီမံပိုင်ခွင့်ရှိသော မြစ်ရေကို ပါကစ္စတန်...

အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားတွင် အ‌ေ-သအပျောက်များသည့် စစ်သွေးကြွတိုက်ခိုက်မှုကြောင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား မြစ်ရေခွဲဝေသုံးစွဲရေးစာချုပ်ကို နူးဒေလီဘက်က ရပ်ဆိုင်းခဲ့ပြီး နောက် တစ်လအကြာ ဖြစ်သော မေလ ၂၂...

မီနီအိုးဝေမောင်းသူကို ဓားဖြင့်ထိုးပြီး မီနီအိုးဝေအားလုယက်သွားသူ(၂)ဦးကိုဖမ်းမိ

မန္တလေးတိုင်း၊ အမရပူရမြို့တွင် မေ ၂၁ ရက်ညနေ ၄ နာရီကျော်ခန့်က မီနီအိုးဝေမောင်းနှင်သူအား ဓားဖြင့်ထိုး၍ မီနီအိုးဝေယာဥ်ကို လုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမရပူရမြို့၊ စျေးကြိုရပ်ကွက်နေ...

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု...
HomeCelebrities' NewsHappy New Year...

Happy New Year ကို ပြည်ပမှာဖြတ်သန်းမယ့် သရုပ် ဆောင် ပတ်ထရစ်ရှာ

သရုပ်ဆောင် ပတ်ထရစ်ရှာကတော့ ဒီနှစ်ဟတ်ပီးနယူးရီးအချိန်ကာလကို ပြည်ပမှာဖြတ်သန်းဖြစ်မယ်လို့ သိရပါတယ်။ သူမရဲ့ ဟတ်ပီးနယူးရီးယားအစီအစဉ်ကိုတော့ ပတ်ထရစ်ရှာက…

“ညီမအမေနဲ့ ပြည်ပသွားဖို့တော့ စဉ်းစား ထားတယ်။ ၂ နေရာ ၃ နေရာတော့ ရွေးထားတယ်။ ဘယ်ကိုသွားမလဲဆိုတာတော့ မရွေးရသေးဘူး။ ကမ်းခြေဖြစ်ဖြစ် ပေါ့။ ဒါမှမဟုတ်လည်း တစ်နေရာရာကို ရှော့ပင်ဖြစ်ဖြစ်သွားမယ်ပေါ့နော်။ ညီမက ခရစ္စမတ်ကနေ နယူးရီးယားထိ နေချင်တာ။ ဒါပေမဲ့ခရစ္စမတ်မှာက ဇာတ်ကားရိုက်ကူးပြီးလို့ နယူးရီးယား ဖြတ်သန်းသွားမယ်။ တစ်ခါတလေကျရင်တော့ ဒီမှာနေတယ်။ တစ်ခါ တလေကျတော့ ပြည်ပမှာ။ ဒီအချိန်ဆိုရင်တော့ စိတ်ရဲ့ခံစားမှုက အမေနဲ့နှစ်ယောက်တည်း ဘယ်သွားသွားပျော်နေတာပဲ။ သွားတဲ့နေရာ တိုင်းမှာလည်း မိတ်ဆွေက တိုးနေတာပဲ။ နိုင်ငံခြားသွားလိုက်ရင်လည်း ညီမမှာ မိတ်ဆွေမရဘူးဆိုတာမရှိဘူး။ ကိုယ့်လာမိတ်ဆက်ကြတဲ့သူတွေ များတယ်။ အဲဒီတော့ သားမိနှစ်ယောက်တည်းသွားလည်းဖြစ်တယ်။ အဖော်မလိုဘူးပေါ့” လို့နှစ်စဉ်နှစ်တိုင်း ဟတ်ပီးနယူးရီးယားနေ့ကို ဖြတ်သန်းလာခဲ့ပုံများကိုပါ ပြောပြခဲ့တာဖြစ်ပါတယ်။ နှစ်ဟောင်းကို ပျော်ရွှင်စွာ ဖြတ်သန်းလာခဲ့သလို ၂ဝ၁၈နှစ်သစ်မှာလည်း ပျော်ရွှင် မှုများစွာကြုံတွေ့ရနိုင်ပါစေ ဆုတောင်းပြီး အနုပညာအလုပ်တွေ ကိုလည်း ပရိသတ်တွေပေးတဲ့စိတ်ခွန်အားတွေနဲ့ ကြိုးစားလုပ် ကိုင်သွားမှာဖြစ်ကြောင်းကိုလည်း ပတ်ထရစ်ရှာက “စိတ်ခွန် အားကတော့ ညီမပရိသတ်တွေပေးတဲ့ ခွန်အားတွေနဲ့ပဲ ညီမဖြတ်သန်းသွားမှာပါ။ သူတို့ရဲ့အတွေးထဲမှာ ညီမကို အမြဲတမ်းထည့်ထားနိုင်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

ညီမပရိသတ်တွေက ညီမအတွက် တန်ဖိုး မဖြတ်နိုင်တဲ့အရာတွေပါ။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကလေး တွေ အပေါ်တော့ ကိုယ်ကသေချာကြိုးစားပြီးလုပ်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့်တော့ ဖက်ရှင်ဆိုလည်း ဖက်ရှင် ပိုင်းမှာမို့ ညီမအားစိုက်တယ်။ အဲဒီအတွက် ပရိသတ်ဆီ က ပြန်ကြားရတာတွေကလည်း ကောင်းတဲ့အတွက် ညီမဝမ်းသာတယ်။ ဘယ်အလုပ်ပေါ်မှာမဆို ညီမက စေတနာထားပြီးလုပ်တယ်။ အဲဒီအတွက်လည်း အားရ ကျေနပ်မှုရှိတယ်။ ဒီ့ထက်ပိုပြီးတော့လည်း ၂ဝ၁၈ နှစ်သစ်မှာ ထပ်ပြီးကြိုးစားသွားပါ့မယ်”လို့ ပြောပြခဲ့ ပါတယ်။ အခုလတ်တလောမှာတော့ ပတ်ထရစ်ရှာက ဒါရိုက်တာပွင့်သိင်္ဂီဇော်ရိုက်ကူးနေတဲ့ ‘နေရဲ့ကြယ်’ ဗီဒီ ယိုဇာတ်ကားကို အောင်ရဲလင်းနဲ့အတူ ပါဝင်သရုပ် ဆောင်ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071