Thursday, February 13, 2025

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ်...

ရုရှားကအမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကိုပြန်လွှတ်ပေး

မော်စကို၊ဖေဖော်ဝါရီ ၁၂ ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။ "လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး" ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး...

တရုတ်နှင့်အာဆီယံအကြီးတန်းအရာရှိများ ဆွေးနွေးပွဲကျင်းပမည်

ပေကျင်း၊ဖေဖော်ဝါရီ ၁၁ ဖေဖော်ဝါရီ လ ၁၂ ရက် နေ့မှ ၁၄ ရက် နေ့အထိကျင်းပမည့် ၃၁ ကြိမ်မြောက် တရုတ်-အာဆီယံ အကြီးတန်းအရာရှိများ...

ဇယ်လန်းစကီက ပူတင်နှင့် နယ်မြေဒေသလဲလှယ်ရန် ကမ်းလှမ်း

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၁ ယူကရိန်းသမ္မတ ဗိုလော်ဒီမီ ဇလန်းစကီး သည် အကယ်၍အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သာ ရုရှားနှင့် ယူကရိန်းကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့...
HomeInternationalH-1B ဗီဇာအငြင်းပွားမှုတွင် ထရမ့်ပ်က...

H-1B ဗီဇာအငြင်းပွားမှုတွင် ထရမ့်ပ်က အီလွန်မက်စ်ကို ထောက်ခံ

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်သည် H-1B ဗီဇာအစီအစဉ်နှင့်ပတ်သက်၍ သူ၏ နိုင်ငံရေးအတွင်းစည်းအတွင်း တင်းမာမှုများမြင့်တက်နေမှုတွင် Tesla စီအီးအိုဘက်မှ ရပ်တည်ကာ ယင်းဗီဇာအစီအစဉ်ကို ထောက်ခံပြောဆိုသွားခဲ့သည်။ ပြည်ပကျွမ်းကျင်လုပ်သားများကို အမေရိကန်ကုမ္ပဏီများက အလုပ်ခန့်ထားနိုင်စေသည့် အဆိုပါ အစီအစဉ်သည် တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ထောက်ခံအားပေးသော ထရမ့်ပ်ဘက်တော်သားကြားတွင် အငြင်းပွားစရာများ ဖြစ်ပေါ်စေသည်။

“ငါပိုင်လုပ်ငန်းတွေမှာ H-1B ဗီဇာသမားတွေ အများကြီးရှိပါတယ်၊ ငါက H-1B ကို ယုံကြည်သူတစ်ယောက်ပါ၊ ဒါကို အကြိမ်ကြိမ် အသုံးပြုခဲ့ပါတယ်။ သိပ်ကောင်းတဲ့ အစီအစဉ်ပါ” ဟု ထရမ့်ပ်က သည်နူးယော့ခ်ပို့စ်ကို ပြောကြားခဲ့သည်။

ဗီဇာအစီအစဉ်အပေါ် လက်ယာစွန်းတက်ကြွလှုပ်ရှားသူများ၏ ဝေဖန်မှုများကို ခုခံကာကွယ်သွားမည်ဟု မတ်စ်က တုန့်ပြန်ခဲ့ပြီးနောက်တွင် ထရမ့်ပ်၏ မှတ်ချက်ထွက်လာခြင်းဖြစ်သည်။ အိန္ဒိယ-အမေရိကန်လုပ်ငန်းရှင်တစ်ဦးကို ထရမ့်ပ်က ညဏ်ရည်တု(AI) ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒများအပေါ် သက်ရောက်လာနိုင်သည်ဆိုကာ ထိုတက်ကြွလှုပ်ရှားသူများက မေးခွန်းထုတ်ခဲ့ကြသည်။

H-1B အစီအစဉ်ကို ထရမ့်ပ်က လက်ခံသဖြင့် သူ၏ ထောက်ခံသူများအကြားတွင် သဘောထားကွဲလွဲမှုများကို ဖြစ်စေခဲ့သည်။ စတိဗ်ဘန်နွန်ကဲ့သို့သော ထင်ရှားသူများက နည်းပညာကဏ္ဍတွင် နိုင်ငံခြားအလုပ်သမားများအပေါ် မှီခိုအားထားနေမှုကို ဝေဖန်ခဲ့ပြီး အဆိုပါအစီအစဉ်သည် အမေရိကန်များအတွက် လုပ်ခလစာကို လျော့ကျစေသည်ဟု စွပ်စွဲခဲ့သည်။

အဆိုပါကိစ္စတွင် မတ်စ်သည် မသိနားမလည်သည့် ကလေ-းငယ်တစ်ဦးသာဖြစ်သည်ဟု ဘန်နွန်က ဆိုခဲ့ပြီး H-1B ဗီဇာကိုင်ဆောင်သူများကို နည်းပညာကုမ္ပဏီကြီးများက အသုံးချနေသော အစေခံကျွန်များဟု သုံးနှုန်းခဲ့သည်။

မတ်စ်သည် အတိတ်က H-1B ဗီဇာကိုင်ဆောင်သူတစ်ဦးဖြစ်ပြီး သူ၏ Tesla ကုမ္ပဏီသည် ယခုနှစ်တွင် အဆိုပါဗီဇာအမျိုးအစားကိုင်ဆောင်သူ ၇၂၄ ဦးရရှိခဲ့သည်။ အမေရိက၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းထားရန် အဆိုပါ အစီအစဉ်သည် မရှိမဖြစ်လိုအပ်သည်ဟု သူက အခိုင်အမာဆိုခဲ့သည်။ နိုင်ငံရပ်ခြားမှ အင်ဂျင်နီယာကျွမ်းကျင်ပညာရှင်များကို ဆွဲဆောင်ခြင်းသည် အမေရိက၏ ယှဉ်ပြိုင်နိုင်စွမ်း၌ ဆက်လက် အားသာနေစေရေးအတွက် မရှိမဖြစ်လိုအပ်သည်ဟု မတ်စ်က သူ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာ X ပေါ်တွင် ပြောဆိုခဲ့သည်။

Ref: သည်အီကော်နောမစ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ် တပ်မတော်ထောက်လှမ်းရေးဌာန (DDIS) က ပြောကြားခဲ့သည်။ "ရုရှားသည် နေတိုး ကို စစ်ရေးအရအားနည်းသည်ဟု သတ်မှတ်မိပါက သို့မဟုတ် နိုင်ငံရေးအရ ကွဲပြဲ နေသည်ဟု မြင်မိပါက ဥရောပ နေတိုး အဖွဲ့ဝင် တစ်နိုင်ငံ သို့မဟုတ် တစ်ခုထက်ပိုသော နိုင်ငံများကိုဒေသတွင်းစစ်ပွဲတွင် စစ်အင်အားသုံးရန် ရုရှားက ပိုမိုဆန္ဒရှိလိမ့်မည်" ဟု အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့်...

ရုရှားကအမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကိုပြန်လွှတ်ပေး

မော်စကို၊ဖေဖော်ဝါရီ ၁၂ ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။ "လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး" ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး အသေးစိတ်ကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ အမေရိကန်နိုင်ငံလုံခြုံရေးအကြံပေး မစ္စတာမိုက်ခ်ဝေါ့ဇ်ကမူ ထရမ့်ပ်၏အရှေ့အလယ်ပိုင်းအထူးသံတမန် မစ္စတာစတိဗ်ဝစ်တော့ဖ်သည် ဖိုဂယ်လ်ပြန်လွတ်ရေးအတွက်မော်စကိုသို့လာရောက်ခဲ့ပြီး ဖိုဂယ်လ်သည် ၎င်းနှင်အတူပြန်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် ၆၁ နှစ်အရွယ်ရှိဖိုဂယ်လ်သည် မော်စကိုမြို့ရှိ အင်္ဂလိပ်-အမေရိကန် ကျောင်းတွင် သမိုင်းဆရာအဖြစ် ဆယ်စုနှစ်တစ်ခုနီးပါး အလုပ်လုပ်ခဲ့ကြောင်းလည်း CNN သတင်းဌာနကဖော်ပြခဲ့သည်။ ဖိုဂယ်လ်နှင့်၎င်း၏ဇနီးတို့ကို ၂၀၂၁ ခုနှစ်က နူးယော့ခ်မှရုရှားသို့အဝင်တွင် ခရီးဆောင်အိတ်အတွင်းမှမူ-းယစ်ဆေးများနှင့်အတူဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။၎င်း၏ဇနီးကို ပြန်လွှတ်ပေးခဲ့ပြီး အဆိုပါအမျိုးသမီးက နေအိမ်ရှိမူ-းယစ်ဆေးများကိုအချိန်မီဖယ်ရှားနိုင်ခဲ့သည်ဟုလည်းသိရသည်။ ၂၀၂၁ ခုနှစ်တွင်ဖမ်းမိပြီး...

တရုတ်နှင့်အာဆီယံအကြီးတန်းအရာရှိများ ဆွေးနွေးပွဲကျင်းပမည်

ပေကျင်း၊ဖေဖော်ဝါရီ ၁၁ ဖေဖော်ဝါရီ လ ၁၂ ရက် နေ့မှ ၁၄ ရက် နေ့အထိကျင်းပမည့် ၃၁ ကြိမ်မြောက် တရုတ်-အာဆီယံ အကြီးတန်းအရာရှိများ ညှိနှိုင်းဆွေးနွေးပွဲသည် တရုတ်နှင့်အာဆီယံကြားဘက်စုံ အရေးပါသောမိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ တရုတ်နိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် အဆိုပါကိုယ်စားလှယ်အဖွဲ့သည့် အာဆီယံအကြီးတန်းအရာရှိများအစည်းအဝေးအတွက် မလေးရှားနိုင်ငံမှညှိနှိုင်းရေးမှူးနှင့်တွဲဖက်ကာ ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်မည်ဟုလည်းသိရသည်။ တရုတ် - အာဆီယံ အကြီးတန်းအရာရှိများ ညှိနှိုင်းဆွေးနွေးပွဲသည် တရုတ်နှင့်အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေးဌာနများကြား အပြန်အလှန်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသည့် နှစ်စဉ်ပြုလုပ်‌နေကျယန္တရားတစ်ခုဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။ "ဒီဆွေးနွေးပွဲဟာ တရုတ်နဲ့အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာရရှိခဲ့တဲ့ အရေးကြီးတဲ့ ဘုံနားလည်မှု တွေကို အကောင်အထည်ဖော်ဖို့အတွက်ဆွေးနွေးမှုတွေ၊ဘက်စုံမိတ်ဖက်ဆက်ဆံရေးတိုးတက်ဖို့နဲ့ဒေသတွင်းသာမက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071