Wednesday, June 10, 2026

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ...

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန်...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့်...
HomeInternationalH-1B ဗီဇာအငြင်းပွားမှုတွင် ထရမ့်ပ်က...

H-1B ဗီဇာအငြင်းပွားမှုတွင် ထရမ့်ပ်က အီလွန်မက်စ်ကို ထောက်ခံ

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်သည် H-1B ဗီဇာအစီအစဉ်နှင့်ပတ်သက်၍ သူ၏ နိုင်ငံရေးအတွင်းစည်းအတွင်း တင်းမာမှုများမြင့်တက်နေမှုတွင် Tesla စီအီးအိုဘက်မှ ရပ်တည်ကာ ယင်းဗီဇာအစီအစဉ်ကို ထောက်ခံပြောဆိုသွားခဲ့သည်။ ပြည်ပကျွမ်းကျင်လုပ်သားများကို အမေရိကန်ကုမ္ပဏီများက အလုပ်ခန့်ထားနိုင်စေသည့် အဆိုပါ အစီအစဉ်သည် တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ထောက်ခံအားပေးသော ထရမ့်ပ်ဘက်တော်သားကြားတွင် အငြင်းပွားစရာများ ဖြစ်ပေါ်စေသည်။

“ငါပိုင်လုပ်ငန်းတွေမှာ H-1B ဗီဇာသမားတွေ အများကြီးရှိပါတယ်၊ ငါက H-1B ကို ယုံကြည်သူတစ်ယောက်ပါ၊ ဒါကို အကြိမ်ကြိမ် အသုံးပြုခဲ့ပါတယ်။ သိပ်ကောင်းတဲ့ အစီအစဉ်ပါ” ဟု ထရမ့်ပ်က သည်နူးယော့ခ်ပို့စ်ကို ပြောကြားခဲ့သည်။

ဗီဇာအစီအစဉ်အပေါ် လက်ယာစွန်းတက်ကြွလှုပ်ရှားသူများ၏ ဝေဖန်မှုများကို ခုခံကာကွယ်သွားမည်ဟု မတ်စ်က တုန့်ပြန်ခဲ့ပြီးနောက်တွင် ထရမ့်ပ်၏ မှတ်ချက်ထွက်လာခြင်းဖြစ်သည်။ အိန္ဒိယ-အမေရိကန်လုပ်ငန်းရှင်တစ်ဦးကို ထရမ့်ပ်က ညဏ်ရည်တု(AI) ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒများအပေါ် သက်ရောက်လာနိုင်သည်ဆိုကာ ထိုတက်ကြွလှုပ်ရှားသူများက မေးခွန်းထုတ်ခဲ့ကြသည်။

H-1B အစီအစဉ်ကို ထရမ့်ပ်က လက်ခံသဖြင့် သူ၏ ထောက်ခံသူများအကြားတွင် သဘောထားကွဲလွဲမှုများကို ဖြစ်စေခဲ့သည်။ စတိဗ်ဘန်နွန်ကဲ့သို့သော ထင်ရှားသူများက နည်းပညာကဏ္ဍတွင် နိုင်ငံခြားအလုပ်သမားများအပေါ် မှီခိုအားထားနေမှုကို ဝေဖန်ခဲ့ပြီး အဆိုပါအစီအစဉ်သည် အမေရိကန်များအတွက် လုပ်ခလစာကို လျော့ကျစေသည်ဟု စွပ်စွဲခဲ့သည်။

အဆိုပါကိစ္စတွင် မတ်စ်သည် မသိနားမလည်သည့် ကလေ-းငယ်တစ်ဦးသာဖြစ်သည်ဟု ဘန်နွန်က ဆိုခဲ့ပြီး H-1B ဗီဇာကိုင်ဆောင်သူများကို နည်းပညာကုမ္ပဏီကြီးများက အသုံးချနေသော အစေခံကျွန်များဟု သုံးနှုန်းခဲ့သည်။

မတ်စ်သည် အတိတ်က H-1B ဗီဇာကိုင်ဆောင်သူတစ်ဦးဖြစ်ပြီး သူ၏ Tesla ကုမ္ပဏီသည် ယခုနှစ်တွင် အဆိုပါဗီဇာအမျိုးအစားကိုင်ဆောင်သူ ၇၂၄ ဦးရရှိခဲ့သည်။ အမေရိက၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းထားရန် အဆိုပါ အစီအစဉ်သည် မရှိမဖြစ်လိုအပ်သည်ဟု သူက အခိုင်အမာဆိုခဲ့သည်။ နိုင်ငံရပ်ခြားမှ အင်ဂျင်နီယာကျွမ်းကျင်ပညာရှင်များကို ဆွဲဆောင်ခြင်းသည် အမေရိက၏ ယှဉ်ပြိုင်နိုင်စွမ်း၌ ဆက်လက် အားသာနေစေရေးအတွက် မရှိမဖြစ်လိုအပ်သည်ဟု မတ်စ်က သူ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာ X ပေါ်တွင် ပြောဆိုခဲ့သည်။

Ref: သည်အီကော်နောမစ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ် ရရှိလာသည်အထိ ပညာပေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ မှာကြား

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောင်းနေအရွယ်မှစတင်၍ ရေ၏တန်ဖိုးကို နားလည်သိရှိစေရန် လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရသည်ကိုလည်း သိရှိနားလည်စေရန် ပညာပေးသင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့်...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ မြစ်ချောင်းများမှ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် စုစုပေါင်းပမာဏမှာ မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော်ရှိသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၃,၅၀၀ ခန့်သာ ထုတ်လုပ်နိုင်သေးပြီး စုစုပေါင်းအလားအလာ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ အသုံးချနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။ “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ထိရောက်စွာ အကျိုးဖြစ်ထွန်းစေနိုင်မယ့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရမည်ဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများမှာ MSME လုပ်ငန်းများဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလေးထားကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ “နိုင်ငံအခြေအနေအရ MSME ကို ဗဟိုပြုပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071