Monday, June 22, 2026

ယနေ့တွင် မန္တလေးမြို့၌ ပါချုပ်ဆရာတော်ကြီး အထူးဓမ္မသဘင်...

ယနေ့ (ဇွန် ၂၂) ၌ မန္တလေးမြို့တွင် ပါမောက္ခချုပ်ဆရာတော်ကြီးမှ အထူးဓမ္မသဘင် တရားပွဲ အစီအစဉ် ဟောပြောရန် ရှိသည်ဟု မြို့ခံများထံမှ သိရသည်။ ဓမ္မသဘင်ဆင်ယင်ကျင်းပမည့်နေရာသည်...

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Express ယာဉ်...

သေဆုံးသူ(၃)ဦးရှိ ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံတွင် ယနေ့ မနက်(၃)နာရီဝန်းကျင်တွင်  ရတနာဖြိုး Express ယာဉ်အား နောက်မှ ရွှေမန္တလာ Express ယာဉ်...

ယူနန်အနောက်ပိုင်း ဂျပန်ဆန့်ကျင်ရေးစစ်ပွဲ အောက်မေ့ဖွယ်ပြတိုက်

တရုတ်-မြန်မာ ချစ်ကြည်ရေး၏ သမိုင်းသက်သေတစ်ခု ယူနန်ပြည်နယ် တိန်ချုံးမြို့ရှိ Western Yunnan Anti-Japanese War Memorial Museum (ယူနန်အနောက်ပိုင်း ဂျပန်ဆန့်ကျင်ရေးစစ်ပွဲ အောက်မေ့ဖွယ်ပြတိုက်)...

ပြည်မြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ...

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ လူနာ(၂၆)ဦးအား ဇွန် ၂၀ ရက်နှင့် ၂၁ ရက်တို့အတွင်း...
HomeNewsLocal NewsGPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာ...

GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာ သတ်မှတ်လမ်းကြောင်းမှ လွဲချော်သည့် ဆီသယ်ယာဉ်(၂)စီး ဖမ်းဆီးရမိ

ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့သို့ စက်သုံးဆီတင်ဆောင် ထွက်ခွာခဲ့သော်လည်း သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာခြင်းမရှိသည့် ဆီသယ်ယာဉ်(၂)စီးကို GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ဆီသယ်ယာဉ်များတွင် GPS စနစ်တပ်ဆင်ကာ Online Monitoring Center မှတစ်ဆင့် သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာမှု ရှိ၊ မရှိနှင့် စက်သုံးဆီများအား သက်ဆိုင်ရာနေရာများသို့သာ ပို့ဆောင်ခြင်း ရှိ၊ မရှိကို တိုက်ရိုက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ယာဉ်များအနက် ဆီသယ်ယာဉ်အမှတ် 5P/8614 နှင့် နောက်တွဲယာဉ်အမှတ် 1TLR-9177 သည် သီလဝါမှ ကရင်ပြည်နယ် ဘားအံမြို့သို့ စက်သုံးဆီပို့ဆောင်ရန် ထွက်ခွာခဲ့သော်လည်း ကျိုက်ထိုမြို့အနီးတွင် ရပ်တန့်နေကြောင်း GPS မှတစ်ဆင့် တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ စက်သုံးဆီများကို သတ်မှတ်ထားသည့် နေရာသို့ မပို့ဆောင်ဘဲ တရားမဝင် လွှဲပြောင်းရောင်းချခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်ထိုမြို့မရဲစခန်းတွင် (ပ)၁၇၃/၂၀၂၆ ဖြင့် အရေးကြီးကုန်စည်များဆိုင်ရာ ဥပဒေပုဒ်မ ၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထို့ပြင် ဆီသယ်ယာဉ်အမှတ် 9D-8840 နှင့် နောက်တွဲယာဉ်အမှတ် TLR-9550 သည် သီလဝါမှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ စက်သုံးဆီပို့ဆောင်ရန် ထွက်ခွာခဲ့သော်လည်း ကျိုက်ထိုနှင့် ဘီးလင်းမြို့ကြား အလိုတော်ပြည့်ဘုရားအနီးတွင် ရပ်တန့်နေကြောင်း တွေ့ရှိရသဖြင့် စုံစမ်းရှာဖွေခဲ့ရာ မုဒုံမြို့နယ် ဒိုးမားကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ် ကားလမ်းဘေး၌ ယာဉ်မောင်းမရှိဘဲ ရပ်တန့်ထားသည့် ယာဉ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါယာဉ်အား မုဒုံမြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး ဆက်လက်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်များအရ ရေနံနှင့် ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် GPS စနစ်တပ်ဆင်ကာ ကြီးကြပ်စစ်ဆေးသည့် စနစ်အတွင်း ဝင်ရောက်ပြီးမှသာ သယ်ယူပို့ဆောင်ခွင့် လက်မှတ်များ ထုတ်ပေးလျက်ရှိပြီး ယနေ့အထိ ဆီသယ်ယာဉ် စုစုပေါင်း (၅,၁၀၆)စီးတွင် GPS စနစ်များ တပ်ဆင်ကာ စောင့်ကြည့်စစ်ဆေးရေးစနစ်အတွင်း ဝင်ရောက်ပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့တွင် မန္တလေးမြို့၌ ပါချုပ်ဆရာတော်ကြီး အထူးဓမ္မသဘင် တရားပွဲ ဟောပြောရန် ရှိ

ယနေ့ (ဇွန် ၂၂) ၌ မန္တလေးမြို့တွင် ပါမောက္ခချုပ်ဆရာတော်ကြီးမှ အထူးဓမ္မသဘင် တရားပွဲ အစီအစဉ် ဟောပြောရန် ရှိသည်ဟု မြို့ခံများထံမှ သိရသည်။ ဓမ္မသဘင်ဆင်ယင်ကျင်းပမည့်နေရာသည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၂ လမ်း၊ ၁၂၃*၁၂၄ လမ်း ဖြစ်သည်။ ကျင်းပမည့် အချိန်သည် ညနေ လေးနာရီမှ စတင်ကာ ကျင်းပမည် ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Express ယာဉ် နှစ်စီးတိုက်မှုဖြစ်ပွား

သေဆုံးသူ(၃)ဦးရှိ ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံတွင် ယနေ့ မနက်(၃)နာရီဝန်းကျင်တွင်  ရတနာဖြိုး Express ယာဉ်အား နောက်မှ ရွှေမန္တလာ Express ယာဉ် ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ကျား(၆)ဉီး၊ ကိုရင်(၁)ပါး စုစုပေါင်း (၇)ဦးအနက် ကျား(၃)ဦးနှင့် ကိုရင်(၁)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျား(၃)ဦး ‌ေ-သဆုံးခဲ့ကြောင်း MFSD မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် က ထုတ်ပြန်ချက်အရသိရသည်။ ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ ထိခိုက်ဒဏ်ရရရှိသူများကို မြို့မလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့...

ယူနန်အနောက်ပိုင်း ဂျပန်ဆန့်ကျင်ရေးစစ်ပွဲ အောက်မေ့ဖွယ်ပြတိုက်

တရုတ်-မြန်မာ ချစ်ကြည်ရေး၏ သမိုင်းသက်သေတစ်ခု ယူနန်ပြည်နယ် တိန်ချုံးမြို့ရှိ Western Yunnan Anti-Japanese War Memorial Museum (ယူနန်အနောက်ပိုင်း ဂျပန်ဆန့်ကျင်ရေးစစ်ပွဲ အောက်မေ့ဖွယ်ပြတိုက်) သည် ဒုတိယကမ္ဘာစစ်ကာလအတွင်း တရုတ်၊ မြန်မာနှင့် မဟာမိတ်နိုင်ငံများ ပူးပေါင်းကာ ဖက်ဆစ်ဂျပန်အား တိုက်ခိုက်ခဲ့သည့် သမိုင်းဝင်ဖြစ်ရပ်များကို အမှတ်တရ ထိန်းသိမ်းပြသထားသော အရေးပါသည့် ပြတိုက်တစ်ခုဖြစ်သည်။ ဤပြတိုက်သည် တရုတ် ချီတက်တိုက်ခိုက်ရေးတပ်ဖွဲ့ (Chinese Expeditionary Force) မှ စစ်သည်များ၊ မဟာမိတ်တပ်ဖွဲ့ဝင်များနှင့် စစ်ဘေးဒဏ်ခံခဲ့ရသည့် အရပ်သားပြည်သူများအား ဂုဏ်ပြုအောက်မေ့ရန် တည်ဆောက်ထားခြင်းဖြစ်ပြီး တရုတ်-မြန်မာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071