Monday, May 4, 2026

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း...

ယူအက်စ်၏ လူကုန်ကူးမှုတို-က်ဖျ-က်ရေး အစီရင်ခံစာတွင်ထိုင်းက ပထမတန်း...

မေလ ၃ ရက် ထိုင်းအစိုးရသည် လူကုန်ကူးမှု တို-က်ဖျ-က်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး၊ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက်...

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု မြှင့်တင်ရန်...

ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင်...
HomeNewsLocal NewsGOLDPETROL JOC Inc....

GOLDPETROL JOC Inc. မှ မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ကျပ်သန်း (၃၆၀) အား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်း

မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ပြင်းအားကြီးငလျင်ကြောင့် ထိခိုက်နစ်နာသည့် ပြည်သူများအတွက် ကူညီဆောင်ရွက်ပံ့ပိုးနိုင်ရန် GOLDPETROL Joint Operating Company Inc. မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society) သို့ ကျပ်သန်း (၃၆၀) (အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ခန့်) ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society) မှဆောင်ရွက်လျက် ရှိသောငလျင်အန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် GOLDPETROL JOINT OPERATING COMPANY မှ ဧပြီလ (၁၁) ရက်နေ့တွင် ပထမအကြိမ်အဖြစ် (180,000,000-သိန်းတစ်ထောင့်ရှစ်ရာကျပ်)ကို လည်းကောင်း၊ ဧပြီလ(၂၈)ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် (180,000,000-သိန်းတစ်ထောင့်ရှစ်ရာကျပ်)ကို လည်းကောင်း အသင်း၏ ရန်ကုန်ရုံးခွဲတွင် လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် ၊ အလုပ်အမှုဆောင် ပါမောက္ခများ နှင့်တာဝန်ရှိသူများက လက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။

ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက “Company ၏ ဤလှူဒါန်းမှုသည် များစွာသောပြည်သူများအတွက် အနာဂတ်တစ်ခုကို ပြန်လည်စတင်နိုင်ရေးအတွက် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ကူညီနိုင်မည်ဟု မျှော်လင့်ပါသည်” ဟု ပြောကြားခဲ့သည်။

GOLDPETROL JOINT OPERATING COMPANY သည် လူမှုရေးလုပ်ငန်းများတွင် တတ်အားသ၍ ဆက်လက်ပါဝင်ကူညီသွားမည် ဖြစ်ကြောင်း သိရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ ရေကြောင်းကုန်သွယ်မှု လုပ်ငန်းအဖွဲ့ က ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့က ၎င်းတို့၏ X လူမှုကွန်ရက်စာမျက်နှာရှိ ပို့စ်တစ်ခုတွင် ရေးသားဖော်ပြရာ၌ တနင်္ဂနွေနေ့ ဂရင်းနစ်စံတော်ချိန် ၁၉၄၀ နာရီခန့်တွင် အဆိုပါသင်္ဘောထံမှ သတင်းပေးပို့ချက်ကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ အဆိုပါ သတင်းပို့ချက်အရ သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားအနီးရှိ ယူအေအီး နိုင်ငံ ဖူဂျိုင်ရာ မြို့၏ မြောက်ဘက်...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း ၃၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း ဖိလစ်ပိုင် အရာရှိများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဇန်နဝါရီလကတည်းက အင်အားအနည်းငယ်ဖြင့် မကြာခဏ ပေါက်ကွဲနေသော မေယွန်မီးတောင်သည် ကြီးမားစွာ ပေါက်ကွဲထွက်လာခြင်းမျိုး မဟုတ်သော်လည်း မီးတောင်၏ အနောက်တောင်ဘက် တောင်စောင်းပေါ်တွင် စုပုံနေသော ချော်ရည်ထုကြီးသည် စနေနေ့ ညမမှောင်မီအချိန်တွင် ရုတ်တရက် အောက်သို့ ပြိုကျကာ အပူရှိန်ပြင်းသော...

ယူအက်စ်၏ လူကုန်ကူးမှုတို-က်ဖျ-က်ရေး အစီရင်ခံစာတွင်ထိုင်းက ပထမတန်း အဆင့်ရရှိရန်ရည်မှန်း

မေလ ၃ ရက် ထိုင်းအစိုးရသည် လူကုန်ကူးမှု တို-က်ဖျ-က်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး၊ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက် ရောက်ရှိနေခဲ့သည့် ဒုတိယတန်း အဆင့်မှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် ပထမတန်းအဆင့်သို့ တက်လှမ်းနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချဒါ ဒ်နာဒီရက် က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လာခြင်းနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အစီအမံများ ပိုမိုခိုင်မာလာခြင်းတို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် မကြာမီအတွင်း အမေရိကန်၏ လူကုန်ကူးမှုတိုက်ဖျက်ရေး အကဲဖြတ်မှုတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071