Wednesday, June 3, 2026

သမ္မတ ဦးမင်းအောင်လှိုင်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အပြန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည့် နိုင်ငံခြားခရီးစဉ် ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာချိန်တွင် အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ မည်သည့်တာဝန်ရှိသူက မီဒီယာများကို သတင်းထုတ်ပြန် ရှင်းလင်းပေးမည်နည်းဆိုသည့်အချက်အပေါ် နိုင်ငံရေးနှင့်...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ...

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက်က မွမ်ဘိုင်းမြို့မှ နေပြည်တော်သို့ အထူးလေယာဥ်ဖြင့်ပြန်လည်ထွက်ခွာခဲ့ကြောင်း...

ကျောက်တန်းမြို့က သမိုင်းဝင် ပိလခတ် ဟိန္ဒူဘုရားကျောင်းကြီးသို့...

ရန်ကုန်မြို့နဲ့ မဝေးတဲ့ ကျောက်တန်းမြို့မှာရှိတဲ့ ပီလခတ် ဟိန္ဒူဘုရားကျောင်းဟာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးဟိန္ဒူဘုရားကျောင်းဖြစ်ပါတယ်။ ပီလခတ် ဟိန္ဒူဘုရားကျောင်းဟာ ဆုတောင်းပြည့်တယ်လို့ ကျော်ကြားတဲ့အတွက် လာရောက်အဓိဌာန်ပြု ဆုတောင်းသူတွေနဲ့ မပြတ်စည်ကားနေတာပါ။ ကျောက်တန်းမြို့ကို...

ရုရှားနိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ဒုတိယသမ္မတ ဦးညိုစော...

ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားတွင်ပြုလုပ်မည့် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်မည် ဖြစ်သည်။ ယင်းနိုင်ငံတကာစီးပွါးရေးဖိုရမ်သည် ၂၉ ကြိမ်မြောက်ဖြစ်ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ...
HomeNewsLocal NewsGateway of India,...

Gateway of India, Mumbai အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက မွမ်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သည့် Gateway of India အား သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

ထိုသို့ ကြည့်ရှုလေ့လာရာတွင် တာဝန်ရှိသူများက Gateway of India ၏ သမိုင်းကြောင်း၊ ဗိသုကာလက်ရာဆိုင်ရာ ထူးခြားချက်များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထင်ကရနေရာတစ်ခုအဖြစ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

Gateway of India သည် အိန္ဒိယနိုင်ငံ၏ အထင်ရှားဆုံး သမိုင်းဝင် အထိမ်းအမှတ်အဆောက်အအုံများအနက် တစ်ခုဖြစ်ပြီး အာရေဗျပင်လယ်ကမ်းစပ်၌ တည်ရှိကာ မွမ်ဘိုင်းမြို့၏ အမှတ်အသားနေရာတစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။ အဆိုပါ အဆောက်အအုံကို ၁၉၁၁ ခုနှစ်တွင် ဘုရင် George V နှင့် ဘုရင်မ Mary တို့ အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့ခြင်းအား ဂုဏ်ပြုရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သမ္မတ ဦးမင်းအောင်လှိုင်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အပြန် သတင်းထုတ်ပြန်မည့်သူအပေါ် မီဒီယာလောက စိတ်ဝင်စားမှုမြင့်တက်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည့် နိုင်ငံခြားခရီးစဉ် ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာချိန်တွင် အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ မည်သည့်တာဝန်ရှိသူက မီဒီယာများကို သတင်းထုတ်ပြန် ရှင်းလင်းပေးမည်နည်းဆိုသည့်အချက်အပေါ် နိုင်ငံရေးနှင့် မီဒီယာစောင့်ကြည့်သူများအကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။ ယခင်အစိုးရများ လက်ထက်တွင် နိုင်ငံတော်အဆင့် အရေးကြီးသည့် သတင်းထုတ်ပြန်ချက်များနှင့် သတင်းစာရှင်းလင်းပွဲများတွင် အစိုးရအဖွဲ့အဆက်ဆက် ပြောရေးဆိုခွင့်ရှိသူများက ရှင်းလင်းပြောကြားမှုများ ဆောင်ရွက်ခဲ့သည်။ ယခုအစိုးရသစ်လက်ထက် သမ္မတ၏ ပထမဆုံးသော ပြည်ပခရီးစဉ်ဖြစ်ခြင်း၊ အစိုးရအဖွဲ့သစ်တွင် ဝန်ကြီးဌာနများနှင့် ကိုယ်စားလှယ်အဖွဲ့များကို အသွင်သစ်ဖြင့် ပြင်ဆင်ဖွဲ့စည်းထားခြင်းတို့ကြောင့် ယခုခရီးစဉ်အပြန် သတင်းထုတ်ပြန်မှုကို အစိုးရအဖွဲ့သစ်၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ အခြားတာဝန်ရှိသူမည်သူက တာဝန်ယူမည်နည်း...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ နေပြည်တော်သို့ပြန်လည်ထွက်ခွာ

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက်က မွမ်ဘိုင်းမြို့မှ နေပြည်တော်သို့ အထူးလေယာဥ်ဖြင့်ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် နေပြည်တော်သို့ပြန်လည်ထွက်ခွာရန် Chhatrapati Shivaji Maharaj International Airport သို့ရောက်ရှိလာရာ လေဆိပ်၌လုပ်ငန်းဆောင် ရွက်နေမှုများကို လေဆိပ်တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။ ထို့နောက် နေပြည်တော်သို့ အထူးလေယာဥ်ဖြင့်ပြန် လည်ထွက်ခွာရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများကပို့ဆောင်နှုတ် ဆက်ခဲ့ကြသည်။

ကျောက်တန်းမြို့က သမိုင်းဝင် ပိလခတ် ဟိန္ဒူဘုရားကျောင်းကြီးသို့ ကုသိုလ် ခရီး

ရန်ကုန်မြို့နဲ့ မဝေးတဲ့ ကျောက်တန်းမြို့မှာရှိတဲ့ ပီလခတ် ဟိန္ဒူဘုရားကျောင်းဟာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးဟိန္ဒူဘုရားကျောင်းဖြစ်ပါတယ်။ ပီလခတ် ဟိန္ဒူဘုရားကျောင်းဟာ ဆုတောင်းပြည့်တယ်လို့ ကျော်ကြားတဲ့အတွက် လာရောက်အဓိဌာန်ပြု ဆုတောင်းသူတွေနဲ့ မပြတ်စည်ကားနေတာပါ။ ကျောက်တန်းမြို့ကို လာရောက်ကြတဲ့ ဘုရားဖူးဧည့်သည်အများစုဟာ ကျောက်တန်းရေလယ်ဘုရားကို လာရောက်ရင်း လမ်းခရီးမှာရှိတဲ့ ပိလခတ်ဟိန္ဒူဘုရားကျောင်းကြီးဆီကိုပါ ဝင်ရောက်လေ့လာလေ့ရှိကြပါတယ်။ အခုလို မိုးမကျတကျ ရာသီဥတုအေးအေးလေးမှာ ရန်ကုန်မြို့ပြကနေ နာရီပိုင်းမျှသာ သွားရတဲ့ ဒေသတွင်း တစ်နေ့တာ အပန်းဖြေဘုရားဖူး (Day Trip) ခရီးစဉ်အဖြစ် သွားရောက်ကြသူတွေလည်း ရှိပါတယ်။ ပီလခတ်ဟိဒ္ဒူဘုရားကျောင်းကို အလုပ်ကိစ္စ၊ ကျောင်းကိစ္စနဲ့ သားဆုပန်ဖို့အတွက် ဘုရားဖူးတွေက ရာသီမရွေး လာရောက်ကြတာဖြစ်ပါတယ်။ "တချို့တွေကကျတော့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071