Monday, May 4, 2026

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ...

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏...

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇...

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...
HomeCelebrities' NewsG-Fatt ရဲ့ ရိုမန့်တစ်ဆန်တဲ့...

G-Fatt ရဲ့ ရိုမန့်တစ်ဆန်တဲ့ Surprise တွေကိုသဘောကျသူနန်းဆုရတီစိုး

အဆိုတော် G fatt နဲ့ နန်းဆုရ တီစိုးတို့ ချစ်သူနှစ်ဦးကတော့ ချစ်သူသက်တမ်းတစ်နှစ်ကျော်လာပါပြီ။ ဒီတစ်နှစ်အတွင်းမှာလည်း သူတို့ နှစ်ဦးရဲ့ Relationship က ကြည်နူးပျော်ရွှင်စရာကောင်းနေပါတယ်။ ချစ်သူ နှစ်ဦးမှာတော့ G fatt က ပိုပြီး သဝန်တိုတတ်သူဖြစ်ပြီး ၂၄ နာရီ စလုံး သဝန်တိုနိုင်သူလို့လည်း နန်း ဆုရတီစိုးက ပြောပြပါတယ်။ အဲဒီ လောက် ကြီး သဝန်တိုမခံရဖူးတော့ အစပိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ် ရပေမယ့် နောက်ပိုင်းကျမှ သေချာ နားလည်လာတာက ကိုယ့်ကိုချစ်လို့ သဝန်တိုတာဖြစ်တဲ့အတွက် သဘော ကျပါတယ်လို့လည်း ဆိုပါတယ်။ ချစ်သူသက်တမ်းတစ်နှစ်ကျော် အတွင်းမှာ G fatt က နန်းဆုအတွက် တကယ်ကောင်းတဲ့ ချစ်သူဖြစ် ကြောင်းကိုတော့…

“စိတ်သဘောထားနူးညံ့တယ်။ စိတ်သဘောထားကောင်းတယ်။ မြင့်မြတ်တယ်။ ကိုယ်ချင်းစာတရားရှိ တယ်။ နန်းဆုကို အရမ်းချစ်တယ်။ အမြဲဟာသလေးတွေပြောပြီးတော့ သူနဲ့တွေ့ရင်ပျော်နေရတယ်။ ပျော် အောင်ထားတယ်။ ဒီတစ်နှစ်ကျော်အတွင်းမှာ နန်းဆုအပေါ်မှာ မကောင်းတာ ကြီးကြီး မားမားမရှိခဲ့ဘူး။ နန်းဆုအတွက် စဉ်းစားပြီး အမြဲ တမ်းတွေးပေးတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် G fatt က ရိုမန့်တစ်ဆန်တတ်သလို Surprise တွေ လည်း မကြာခဏလုပ်တတ်သူပါ။

“သူလုပ်တိုင်းလည်းကိုယ် Surprise တကယ်ဖြစ်ရတယ်။ မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့အရာ မမျှော် လင့်တဲ့နေ ရာမှာ အမြဲတမ်း Surprise လုပ်တာ ဆိုတော့ ကိုယ် အမြဲပျော်ရတယ်။ မထင်ထားဘူးပေါ့။ အဲဒီထဲကမှ အကြိုက်ဆုံးဆိုရင် သူက သီချင်း လေးတွေ လက်ဆောင်ပေးတယ်။ နန်းဆု အကြောင်း လေးတွေ ရေးပြီး လက်ဆောင်ပေး တယ်။ အဲဒါတွေက နန်းဆုအတွက် Surprise ဖြစ်ရတယ်။ ကိုယ့်အကြောင်းကိုယ်နားထောင် လိုက်ရ တော့ တအားဝမ်းသာတယ်။ ပျော်စရာကောင်းတယ်။ Surprise လုပ်တဲ့သီချင်းထဲမှာ အကြိုက်ဆုံးက အကယ်၍ လက်ထပ် ကြတဲ့အခါပေါ့။ နန်းဆုတို့ Anniversity မှာ ညတွင်းချင်း အဲဒီသီချင်းကို ရေးပြီးတော့ နောက်နေ့ မနက်မှာဂစ်တာလေးနဲ့ ဆိုထားပြီး တော့ အရင် တုန်းက ရိုက်ကူးခဲ့တဲ့ နှစ်ယောက်တွဲ ဓာတ်ပုံလေးတွေနဲ့ Edit လုပ်ပြီး သူကိုယ်တိုင်ဆက်ပြီး Video လေးကို Surprise လုပ်တယ်။ ကြည့် ပြီးသွားတော့ တအားရှော့ခ်ရ သွားခဲ့တယ်။ တအားချစ်တတ် တာပဲ”လို့ ပြောပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဒီလိုကြည်နူး စရာအချိန်တွေ ကိုသဘောကျပြီး ဒီအတိုင်းပဲရှေ့ဆက် သွားမယ်လို့လည်း ဆိုပါတယ်။ အနုပညာသမားတွေဖြစ် တဲ့အတွက်ကိုယ့်ရဲ့အနုပညာအလုပ်တွေ ကို ကြိုးစား သွားဦး မှာဖြစ်ပြီးမင်္ဂလာ ပွဲကတော့လိုပါသေးတယ်လို့ နန်းဆုရတီစိုးကပြောပြခဲ့ပါ တယ်။

 

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့ မေ ၄ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ " နွေရာသီခရီးသွားရာသီမှာ ဘန်ကောက်ကိုသွားလည်မယ့်မြန်မာနိုင်ငံသားတွေအဆင်ပြေစေဖို့အတွက် ရန်ကုန်-ဒွန်မောင်းခရီးစဉ်သစ်ကိုအထူးတိုးမြှင့်ပြေးဆွဲပေးခြင်းဖြစ်ပါတယ်"ဟု MAI ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒွန်မောင်းလေဆိပ်သည် ဘန်ကောက်မြို့လယ်နှင့် ပိုမိုနီးကပ်ပြီး မြို့တွင်းသို့သွားရောက်နိုင်သည့် Red Line ရထားလမ်း(သို့)အမြန်လမ်းများရှိ၍ သွားလာချိန်နှင့် ကားဌားခသက်သာစေသည်။ ထို့အတူ ဒွန်မောင်းလေဆိပ်သည် Low-cost လေကြောင်းလိုင်းများစွာအခြေစိုက်သည့်နေရာဖြစ်၍ အလွန်အဆင်ပြေသော ချိတ်ဆက်မှု(Transit)လေဆိပ်ဖြစ်သည်။

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏ အောင်စာရင်းများထွက်မည်

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇ ကျောင်းဖွင့်ရာသီအ တွက် KG မှ G-12 အထိ အခြေခံပညာအဆင့်၏ ကျောင်းအပ်လက်ခံခြင်းကိုလည်း မေ ၂၂ ရက်မှစတင်ကာပြုလုပ်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပ ညာစာသင်ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ "မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်" ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071