Monday, July 6, 2026

Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင်...

မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် ထောင်ဒ-ဏ် ၅...

မေထက်လူ ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် ဧရာဝတီ...

ဧရာဝတီ FC အမျိုးသမီးအသင်းက ကစားသမား မေထက်လူသည် ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် လာမည့် လိဂ်ပွဲစဉ် (၄)၊ (၅) နှင့် (၆)...

ဓာတ်အားလေလွင့်ဆုံးရှုံးမှုများပြားသည့် မြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းရှိ စက်မှုလုပ်ငန်းသုံး...

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌသည် ရုံးချုပ်နှင့် ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၄) ရက်နေ့က ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ မှော်ဘီမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှု၊...

ပဲခူးတိုင်း၌ လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့် သဘာဝဘေး...

ပဲခူးတိုင်းဒေသကြီးအတွင်း၌ လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရန် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လမ်းညွှန်မှာကြားလိုက်သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ ၃ ရက်က ပြုလုပ်သည့်...
HomeNewsLocal NewsFutsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ...

Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်ပွဲတွင် Music FC အသင်း ဗိုလ်စွဲ

ယနေ့ ဇူလိုင် ၅ ရက်တွင် MFF Futsal Stadium ၌ ကျင်းပသည့် Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင် ပွဲ ဗိုလ်လုပွဲ၌ Music FC အသင်းက Frie nds FC အသင်းကို (၄-၃)ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ပြိုင်ပွဲမှ ရရှိသည့် ကွင်းဝင်ကြေး ငွေကျပ် ၁၀၂ သိန်း ၇ သောင်းနှင့် Hey Play မှ ဖူဆယ်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါက်တာ ထက်ခိုင်ဝင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီထံ ပေးအပ်ခဲ့သည်။

တစ်ဦးချင်းဆုများတွင် Music FC အ သင်းမှ ရော်ရွက်က အကောင်းဆုံးက စားသမားဆုကို ရရှိခဲ့ပြီး အမှတ်တရဆုတံ ဆိပ်နှင့် ဆုကြေးငွေ ကျပ် ၅ သိန်း ချီးမြှင့်ခံခဲ့ရသည်။ နှစ်သိမ့်ဆုကို Comedian FC အသင်းက ရရှိခဲ့ပြီး တစ်ဦးချင်းဆုတံ ဆိပ်နှင့် ဆုကြေးငွေ ကျပ် ၁၀ သိန်း ချီးမြှင့်ခံခဲ့သည်။

အသင်းလိုက်ဆုများတွင် Movie FC အ သင်းက တတိယဆုနှင့် ဆုကြေးငွေ ကျပ် ၁၅ သိန်း၊ Friends FC အသင်းက ဒုတိယဆုနှင့် ဆုကြေးငွေ ကျပ် ၂၀ သိန်း ရရှိခဲ့သည်။

ချန်ပီယံဖြစ်သည့် Music FC အသင်းကို တစ်ဦးချင်းဆုတံဆိပ်များ၊ ဆုကြေးငွေ ကျပ် သိန်း ၃၀ နှင့် ချန်ပီယံဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး Futsal လူငယ်ဖွံ့ဖြိုးတိုးတ က်ရေး ရန်ပုံငွေပြိုင်ပွဲကို အောင် မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင် ၅ နှစ်ချမှတ်

မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် ထောင်ဒ-ဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။ Sky Villa ကွန်ဒိုကို NTL ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်အတွင်း ကွန်ဒိုအဆောက်အအုံပြိုကျခဲ့ရာ လူ‌ေ-သဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ကုမ္ပဏီပိုင်ရှင်ကို တရားစွဲဆိုထားခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်တွင်...

မေထက်လူ ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် ဧရာဝတီ FC ၏ လာမည့်ပွဲစဉ် ၃ ပွဲ ဖြင့် လွဲချော်မည်

ဧရာဝတီ FC အမျိုးသမီးအသင်းက ကစားသမား မေထက်လူသည် ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် လာမည့် လိဂ်ပွဲစဉ် (၄)၊ (၅) နှင့် (၆) တို့တွင် အသင်းအတွက် ပါဝင်ကစားနိုင်မည် မဟုတ်ကြောင်း အသင်းက တရားဝင် ထုတ်ပြန်ကြေညာထားသည်။ အသင်း၏ ထုတ်ပြန်ချက်အရ မေထက်လူသည် လက်ရှိတွင် ပြည်ပ၌ ပညာသင်ကြားနေပြီး မြန်မာနိုင်ငံနှင့် ပညာသင်ကြားနေသည့် နိုင်ငံအကြား အချိန်ကွာဟမှုအပြင် အသင်းသို့မရောက်ရှိမီကတည်းက စီစဉ်ထားခဲ့သည့် လုပ်ငန်းတာဝန်များနှင့် တိုက်ဆိုင်နေခြင်းကြောင့် ယင်းပွဲစဉ်များတွင် အပြည့်အဝ အာရုံစိုက် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အခက်အခဲများ ရှိနေကြောင်း...

ဓာတ်အားလေလွင့်ဆုံးရှုံးမှုများပြားသည့် မြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းရှိ စက်မှုလုပ်ငန်းသုံး မီတာများကို ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌသည် ရုံးချုပ်နှင့် ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၄) ရက်နေ့က ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ မှော်ဘီမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှု၊ မီတာဖတ်ရှုမှုနှင့် ဓာတ်အားလေလွင့်ပျေ-ာက်ဆုံးမှု လျှော့ချရေး ဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဓိကကဏ္ဍတစ်ခုအနေဖြင့် ဓာတ်အားလေလွင့်ပျေ-ာက်ဆုံးမှု များပြားနေသည့် (၃၃) ကေဗီ မြောင်းတကာ - မှော်ဘီ ဓာတ်အားလိုင်းပေါ်ရှိ ဓာတ်အားသုံးစွဲမှုများသော စက်မှုလုပ်ငန်းများ၏ မီတာများကို ရှောင်တခင် သွားရောက်စစ်ဆေးခြင်းကို ထည့်သွင်းဆောင်ရွက်ခဲ့သည်။ ထို့အပြင် အဆိုပါ ဓာတ်အားလိုင်းတစ်လျှောက် ပျောက်ဆုံးမှုနှုန်းများကို ခွဲခြားသိရှိနိုင်ရန်အတွက် (၃၃)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071