အိန္ဒိယနိုင်ငံ၊ တယ်လန်ဂါနားပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (Federation of Telegana Chambers of Commerce & Industry – FTCCI, India) မှ ကြီးမှူး၍ “FTCCI Experiential Touris m MICE Fair 2025” တွင် မြန်မာလုပ်ငန်းရှင်များပါဝင်ပြသရန်ဖိတ်ခေါ်ထားသည်။
အဆိုပါ ပွဲကို ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်မှ (၂၇) ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ရိုးရာယဉ်ကျေးမှုများကြွယ်ဝ၍ လှပသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထူးခြားသောဘုရား ပုထိုးများ၊ တမူထူးခြားသော သဘာဝရှုခင်းမြင်ကွင်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကြောင့် ကျော်ကြားသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယဉ်ကျေးမှုနှင့် သဘာဝ အလှတရားတို့ကို အကောင်းဆုံးဖော်ထုတ်ပြသလျက်ရှိခြင်းကြောင့် FTCCI Experiential Tourism MICE Fair 2025 ပြပွဲတွင် မြန်မာ နိုင်ငံ၏ခရီးသွားလုပ်ငန်းအခွင့်အလမ်းများနှင့်ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ပြခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အထူးအခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade @gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။