Saturday, May 9, 2026

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန်...

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့်...

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည်...

ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို...

​ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားပိုင်ရှင်များ၏ ဥပဒေမဲ့ညှင်းပန်းနှိပ်စက်မှုခံခဲ့ရသည့် မြန်မာစကားပြန်လူငယ်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးကတွေ့ ဆုံ၍ တရားမျှတမှုရရှိရေးအတွက်အပြည့်အဝကူညီသွားမည်ဟု ပြောကြားခဲ့သည်။ ချွန်ပူရီခရိုင်တွင် စကားပြန်အဖြစ်လုပ်ကိုင်နေသော ကိုသားသား(၂၇)နှစ်သည်...

ပြည်ပပို့ကုန်လျာထားချက် ပြည့်မီစေရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို...

မေလ ၈ ရက်နေ့က ပြုလုပ်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်...
HomeCelebrities' NewsFrenzo Production က...

Frenzo Production က ထွက်ရှိမယ့် မိန်းကလေး အဆိုတော် အမရာဖုန်း ရဲ့ စီးရီးခွေ

စိုင်းစိုင်းခမ်းလှိုင်ရဲ့Birthday Show တစ်ခုမှာ Quior ပါဝင်သီ ဆိုပေးရင်းနဲ့ Frenzo Production နဲ့ လက်တွဲ အလုပ် လုပ်ဖြစ်နေတဲ့သူလေးက အဆိုတော် အမရာဖုန်းပါ။ သူမကို သိတဲ့ပရိသတ်တွေရှိပါတယ်။ အမရာဖုန်းကို ဘယ်သီချင်းလေးတွေနဲ့ ပရိသတ်သိခဲ့တာလဲဆိုတာ စဉ်းစားကြည့်ပါဦး။

“ညီမကိုတော့ လေထဲကအိမ် သီချင်းနဲ့ ပရိသတ်တွေစသိကြတာပေါ့နော်။ ကိုလွှမ်းပိုင်ရဲ့အခွေထဲမှာ ‘မေမေ့အနား’ သီချင်းဆိုထားတယ်။ အခု Snare အခွေထဲမှာလည်း ရေခြားငှက်ဆိုတဲ့ သီချင်းလေး သီဆိုထားပါတယ်။ နာမည်ကျော်အဆိုတော်တွေရဲ့အခွေတွေမှာ ညီမ ဖီချာရင်း ဝင်လုပ်ပေးကတည်းက ညီမကိုချစ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ညီမအခွေကိုလည်း စောင့် မျှော်ပြီးအားပေးကြပါဦး” လို့ အမရာဖုန်းက ပြောပါတယ်။ ဟုတ်ပါတယ်။ ဘန်နီဖြိုးနဲ့တွဲဆိုထားတဲ့ လေထဲကအိမ် သီချင်းဟာ တော်တော်လေးပေါက်ခဲ့သလို အမရာဖုန်းဆိုပြီး ဖြစ်လာခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။

“ညီမအခွေထဲမှာကတော့ အဓိကကပေါ့ပ်ပါပဲ။ ပြီးတော့ သီချင်းတွေကိုလည်း ညီမစိတ်တိုင်း ကျလုပ်ထားပါတယ်။ Title တော့ မပေးရသေးဘူး။ ဒါပေမဲ့ ကိုစိုင်းအခွေပြီးတာနဲ့ ညီမ အခွေ အချောသပ်တော့မှာပေါ့နော်။ မိုးတွင်းလောက်ထွက်ဖြစ် ဖို့ရှိပါတယ်။ ညီမအခွေကလည်း နည်းနည်းကြန့်ကြာသွားတာ ပေါ့နော်။ အဲဒီအတွက်လည်း ပရိသတ်ကိုတောင်းပန်ပါတယ်။ အစကတော့ ကျောင်းကလည်းရှိနေတော့ ကျောင်းတစ်ဖက်၊ အခွေတစ်ဖက်နဲ့ တစ်ခါတည်းတွဲလုပ်ကြည့်မယ် ဆိုပြီးတော့ လုပ်ကြည့်တာပေါ့နော်။ ကျောင်းခေါ်ချိန်ကလည်း အပြည့် တက်ရတယ်။ တစ်ပတ် ၅ရက်တက်ရ တဲ့အတွက် အခွေကို စိတ်နှစ်ကိုယ် နှစ်မလုပ်နိုင်ဘူးပေါ့နော်။ အားရင်အား သလိုလေးလုပ်နေရတာဖြစ်နေတဲ့အတွက် စိတ်တိုင်းမကျ တာတွေလည်း ရှိတယ်။ ပထမဦးဆုံးအခွေ လေးလည်း ဖြစ်တဲ့အတွက် သေသေချာချာလေးလည်း ပရိသတ်ကို ပေးချင်တယ်။ အခုကျောင်းလည်း ပြီးသွားပြီဆိုတော့ စိတ်နှစ်ကိုယ်နှစ်ပြီး သေသေချာချာ ပြန်လုပ်နေပါ တယ်” လို့ သူမရဲ့ တစ်ကိုယ်တော်အခွေနဲ့ ပတ်သက် ပြီးလည်း အမရာဖုန်းက ပြောပါတယ်။ သူမကတော့MIC မှာ Business Management နဲ့Diploma ဘွဲ့ ရရှိထားပြီးဖြစ်ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071