Friday, July 11, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeCelebrities' NewsFrenzo Production က...

Frenzo Production က ထွက်ရှိမယ့် မိန်းကလေး အဆိုတော် အမရာဖုန်း ရဲ့ စီးရီးခွေ

စိုင်းစိုင်းခမ်းလှိုင်ရဲ့Birthday Show တစ်ခုမှာ Quior ပါဝင်သီ ဆိုပေးရင်းနဲ့ Frenzo Production နဲ့ လက်တွဲ အလုပ် လုပ်ဖြစ်နေတဲ့သူလေးက အဆိုတော် အမရာဖုန်းပါ။ သူမကို သိတဲ့ပရိသတ်တွေရှိပါတယ်။ အမရာဖုန်းကို ဘယ်သီချင်းလေးတွေနဲ့ ပရိသတ်သိခဲ့တာလဲဆိုတာ စဉ်းစားကြည့်ပါဦး။

“ညီမကိုတော့ လေထဲကအိမ် သီချင်းနဲ့ ပရိသတ်တွေစသိကြတာပေါ့နော်။ ကိုလွှမ်းပိုင်ရဲ့အခွေထဲမှာ ‘မေမေ့အနား’ သီချင်းဆိုထားတယ်။ အခု Snare အခွေထဲမှာလည်း ရေခြားငှက်ဆိုတဲ့ သီချင်းလေး သီဆိုထားပါတယ်။ နာမည်ကျော်အဆိုတော်တွေရဲ့အခွေတွေမှာ ညီမ ဖီချာရင်း ဝင်လုပ်ပေးကတည်းက ညီမကိုချစ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ညီမအခွေကိုလည်း စောင့် မျှော်ပြီးအားပေးကြပါဦး” လို့ အမရာဖုန်းက ပြောပါတယ်။ ဟုတ်ပါတယ်။ ဘန်နီဖြိုးနဲ့တွဲဆိုထားတဲ့ လေထဲကအိမ် သီချင်းဟာ တော်တော်လေးပေါက်ခဲ့သလို အမရာဖုန်းဆိုပြီး ဖြစ်လာခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။

“ညီမအခွေထဲမှာကတော့ အဓိကကပေါ့ပ်ပါပဲ။ ပြီးတော့ သီချင်းတွေကိုလည်း ညီမစိတ်တိုင်း ကျလုပ်ထားပါတယ်။ Title တော့ မပေးရသေးဘူး။ ဒါပေမဲ့ ကိုစိုင်းအခွေပြီးတာနဲ့ ညီမ အခွေ အချောသပ်တော့မှာပေါ့နော်။ မိုးတွင်းလောက်ထွက်ဖြစ် ဖို့ရှိပါတယ်။ ညီမအခွေကလည်း နည်းနည်းကြန့်ကြာသွားတာ ပေါ့နော်။ အဲဒီအတွက်လည်း ပရိသတ်ကိုတောင်းပန်ပါတယ်။ အစကတော့ ကျောင်းကလည်းရှိနေတော့ ကျောင်းတစ်ဖက်၊ အခွေတစ်ဖက်နဲ့ တစ်ခါတည်းတွဲလုပ်ကြည့်မယ် ဆိုပြီးတော့ လုပ်ကြည့်တာပေါ့နော်။ ကျောင်းခေါ်ချိန်ကလည်း အပြည့် တက်ရတယ်။ တစ်ပတ် ၅ရက်တက်ရ တဲ့အတွက် အခွေကို စိတ်နှစ်ကိုယ် နှစ်မလုပ်နိုင်ဘူးပေါ့နော်။ အားရင်အား သလိုလေးလုပ်နေရတာဖြစ်နေတဲ့အတွက် စိတ်တိုင်းမကျ တာတွေလည်း ရှိတယ်။ ပထမဦးဆုံးအခွေ လေးလည်း ဖြစ်တဲ့အတွက် သေသေချာချာလေးလည်း ပရိသတ်ကို ပေးချင်တယ်။ အခုကျောင်းလည်း ပြီးသွားပြီဆိုတော့ စိတ်နှစ်ကိုယ်နှစ်ပြီး သေသေချာချာ ပြန်လုပ်နေပါ တယ်” လို့ သူမရဲ့ တစ်ကိုယ်တော်အခွေနဲ့ ပတ်သက် ပြီးလည်း အမရာဖုန်းက ပြောပါတယ်။ သူမကတော့MIC မှာ Business Management နဲ့Diploma ဘွဲ့ ရရှိထားပြီးဖြစ်ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071