Monday, May 11, 2026

ပဲခူးတိုင်းဝန်ကြီးချုပ် တောင်ငူဒေသရှိ MSME နှင့်...

ဒေသထွက် စားသောက်ကုန်လုပ်ငန်းများ အဆင့်မြှင့်တင်ရေးငရုတ်သီးအမှုန့်လုပ်ငန်း တောင်ငူမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ငရုတ်သီးအမှုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်ကာ ထုတ်လုပ်မှုအဆင့်ဆင့်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အစားအစာဘေးကင်းလုံခြုံမှု (Food...

မြန်မာ့ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီအတွက် ရန်ကုန်ဇုန်လူရွေးချယ်ပွဲ ပြီးစီး၊...

လူရွေးချယ်မှု အဆင့်ဆင့်ရန်ကုန်ဇုန် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ဘားအံနှင့် ပုသိမ်မြို့တို့မှ တက်သစ်စ အမျိုးသမီးကစားသမားများကို မေလ (၁၀) ရက်နှင့် (၁၁)...

အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းသည့် လူခေါ်ပွဲစား...

အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းသည့် လူခေါ်ပွဲစား နှစ်ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကာ အရေးယူရန် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ...

ထိုင်း၌မှောင်ခိုပစ္စည်းများလှောင်ထားသောမြန်မာပိုင်ဂိုဒေါင်တွေ့

ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်သည် မြန်မာနိုင်ငံသားတစ်ဦးပိုင်ဆိုင်သော ဘတ်ငွေ သန်း ၅၀ ဖိုးခန့်ရှိ မှောင်ခို လျှပ်စစ်ပစ္စည်းများ သိုလှောင်ထားရာ တရားမဝင် ဂိုဒေါင်တစ်ခုကို စစ်ဆေးရန်အတွက်...
HomeMoviesFort Knox မှ...

Fort Knox မှ ရွှေများ ရှိ၊ မရှိ စစ်ဆေးလိုကြောင်း ထရန့် ပြောကြား၊ “သူတို့တွေ အများကြီး ခိုးယူနေကြတယ်” ဟုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းအနေဖြင့် Fort Knox စစ်အခြေစိုက်စခန်းရှိ လုံခြုံရေးအဆင့်မြင့် အကာအရံများအတွင်းသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး နိုင်ငံတော်၏ ရွှေအရန်သင့်စုဆောင်းမှုများ အမှန်တကယ် ရှိ၊ မရှိ အတည်ပြုလိုကြောင်း ပြောကြားခဲ့သည်။ ထိုသို့စစ်ဆေးလိုရခြင်းမှာ “သူတို့တွေ အများကြီး ခိုးယူနေကြလို့” ဖြစ်ကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က သတင်းထောက် Sharyl Attkisson နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အသက် ၇၉ နှစ်အရွယ် ဘီလျံနာသမ္မတကြီးအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ပေးခဲ့သော ကတိနှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။ ၎င်းကင်တပ်ကီပြည်နယ်ရှိ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတစ်ခုဖြစ်ပြီး အမေရိကန်၏ အရန်ရွှေချောင်းစုဆောင်းမှု အများအပြားကို ထိန်းသိမ်းထားရာနေရာဖြစ်သည်။

သူ၏ ကတိစကားနှင့်ပတ်သက်၍ သတိပေးမေးမြန်းမှုကို ထရန့်က “ကျွန်တော်တို့ အဲဒီကိုသွားပြီး Fort Knox ရဲ့ အလွန်ထူထဲတဲ့ တံခါးကို ခေါက်ကြည့်ချင်တာ။ အထဲမှာ ရွှေတွေ တကယ်ရှိသေးရဲ့လားဆိုတာ သိချင်လို့ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

သူက ဆက်လက်၍ “ဒါဟာ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခုပါ။ ကျွန်တော်တို့ အဲဒီကိစ္စကို စဉ်းစားခဲ့ကြတယ်။ Fort Knox ထဲမှာ ရွှေတွေ ကျန်သေးရဲ့လားလို့ ကျွန်တော် သံသယဖြစ်မိတယ်၊ ဘာလို့လဲဆိုတော့ သူတို့တွေ အများကြီး ခိုးယူနေကြလို့ပါ” ဟု ပြောကြားခဲ့သော်လည်း ‘သူတို့’ ဟု ဆိုရာတွင် မည်သူ့ကို ရည်ညွှန်းသည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိပေ။

အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ချက် ရှိ၊ မရှိ မေးမြန်းရာတွင် ရီပတ်ဘလစ်ကန်သမ္မတက “တစ်ချိန်ချိန်မှာ Fort Knox ကို သွားချင်ပါတယ်။ ရွှေတွေရှိနေလားဆိုတာ ကြည့်ချင်တယ်။ ရှိနေလိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်” ဟု ဖြေကြားခဲ့ပြန်သည်။

Louisville မြို့အနီးရှိ ထိုစစ်တပ်နယ်မြေသို့ သွားရောက်ရန် ထရန့်တွင် လက်ရှိ၌ အနီးကပ်အစီအစဉ် ရှိ၊ မရှိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ အိမ်ဖြူတော်နှင့် Fort Knox မှ တာဝန်ရှိသူများကလည်း The Independent သတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပါ။

သမ္မတထရန့်သည် သမ္မတရာထူးကို စတင်တာဝန်ယူပြီးနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် Elon Musk က အစိုးရအသုံးစရိတ်များကို စိစစ်နေသည့်ကာလ၌ ၎င်းအနေဖြင့် သမ္မတကိုယ်တိုင် စာရင်းစစ်ဆေးမှု ပြုလုပ်လိုကြောင်း ပထမဆုံး အရိပ်အမြွက် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုအချိန်အထိ ဒေါ်လာ ဘီလျံပေါင်း ရာနဲ့ချီတဲ့ လိမ်လည်မှုတွေကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပြီးပါပြီ၊ ဒါဟာ စတင်ရုံပဲ ရှိပါသေးတယ်။ ရွှေတွေ ရှိ၊ မရှိ ကြည့်ဖို့ Fort Knox ကို တကယ်သွားကြမှာပါ။ ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်က အဲဒီရွှေတွေကို ခိုးသွားတာမျိုး ဖြစ်နိုင်လို့ပါ။ ရွှေတန်ချိန် ပေါင်းများစွာရှိတာပါ” ဟု ထရန့်က ထိုစဉ်က ပြောကြားခဲ့သည်။

Elon Muskကလည်း နိုင်ငံတော်၏ ရွှေအရန်စုဆောင်းမှုများ ခိုးယူခံရနိုင်သည်ဟူသော ကာလရှည်ကြာ အခြေအမြစ်မရှိသည့် ပူးပေါင်းကြံစည်မှု သီအိုရီများကို ထောက်ခံအားပေးခဲ့ကြောင်း NBC News တွင် ဖော်ပြထားသည်။ ထို့အပြင် ကင်တပ်ကီးပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော Thomas Massie နှင့် Rand Paul တို့ အပါအဝင် အချို့သော ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များကလည်း အရန်ရွှေများကို စစ်ဆေးရန် တောင်းဆိုခဲ့ကြဖူးသည်။

Fort Knox သည် အမေရိကန်နိုင်ငံ၏ ရွှေအရန်စုဆောင်းရာ ဌာနဖြစ်ပြီး နိုင်ငံတော်၏ ရွှေများကို ထိန်းသိမ်းရန် ၁၉၃၆ ခုနှစ်တွင် မြေအောက်ခန်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းကို “ဖောက်ထွင်း၍မရသော ခံတပ်” ဟု လူသိများပြီး ကမ္ဘာပေါ်တွင် လုံခြုံရေးအကောင်းဆုံးနှင့် အထင်ကရအရှိဆုံး နေရာများအနက် တစ်ခုဖြစ်သည်။ အမေရိကန် ဒင်္ဂါးပြားသွန်းလုပ်ရေးဌာန (U.S. Mint) ၏ အဆိုအရ လက်ရှိတွင် Fort Knox ၌ ရွှေစင် ၁၄၇,၃၄၁,၈၅၈.၃၈၂ အောင်စ သိမ်းဆည်းထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတိုင်းဝန်ကြီးချုပ် တောင်ငူဒေသရှိ MSME နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဖြည့်ဆည်းပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မေလ ၁၀ ရက် မွန်းလွဲပိုင်းက တောင်ငူဒေသအတွင်းရှိ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ (MSME) နှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ဒေသထွက် စားသောက်ကုန်လုပ်ငန်းများ အဆင့်မြှင့်တင်ရေးငရုတ်သီးအမှုန့်လုပ်ငန်း တောင်ငူမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ငရုတ်သီးအမှုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်ကာ ထုတ်လုပ်မှုအဆင့်ဆင့်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အစားအစာဘေးကင်းလုံခြုံမှု (Food Safety) နှင့် ထုတ်ပိုးမှုစနစ် (Packaging) အဆင့်မြှင့်တင်ရန် လမ်းညွှန်ခဲ့သည်။ မျှစ်စားသောက်ကုန်လုပ်ငန်း "မိဘမေတ္တာ" မျှစ်ချို/မျှစ်ချဉ်လုပ်ငန်းတွင် မျှစ်အစိုထုတ်လုပ်ရုံသာမက ပြည်ပပို့ကုန်အဖြစ် မျှစ်ခြောက်လုပ်ငန်း တိုးချဲ့ရန်နှင့် ဝါးအချောထည် စက်မှု/လက်မှု ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး တိုက်တွန်းမှာကြားခဲ့သည်။ မွေးမြူရေးနှင့် သီးညှပ်စိုက်ပျိုးရေး ကဏ္ဍဥစားဘဲမွေးမြူရေးကံရိုးကျေးရွာအုပ်စုရှိ ဥစားဘဲကောင်ရေ (၅,၀၀၀) မွေးမြူထားရှိမှုကို ကြည့်ရှုပြီး မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ဒေသစပ်စာ ကိုယ်တိုင်ထုတ်လုပ်မွေးမြူနိုင်ရေးအတွက်...

မြန်မာ့ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီအတွက် ရန်ကုန်ဇုန်လူရွေးချယ်ပွဲ ပြီးစီး၊ မေလကုန်တွင် အပြီးသတ်လူစာရင်း ထုတ်ပြန်မည်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြန်မာ့ပထမဆုံးသော အမျိုးသမီးဘောလုံးအကယ်ဒမီ (Women’s Academy) အတွက် ရန်ကုန်ဇုန် လက်တွေ့စွမ်းရည်စစ်ဆေးမှုများကို ယနေ့ မေလ (၁၁) ရက်တွင် အောင်မြင်စွာ ရွေးချယ်ပြီးစီးခဲ့ပြီ ဖြစ်သည်။

လူရွေးချယ်မှု အဆင့်ဆင့်ရန်ကုန်ဇုန် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ဘားအံနှင့် ပုသိမ်မြို့တို့မှ တက်သစ်စ အမျိုးသမီးကစားသမားများကို မေလ (၁၀) ရက်နှင့် (၁၁) ရက်တို့တွင် အခြေခံဘောလုံးစွမ်းရည်နှင့် ကျန်းမာရေးကြံ့ခိုင်မှုများကို အသေးစိတ် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မန္တလေးဇုန် မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် ကလောမြို့များရှိ ကစားသမားများအတွက် လူရွေးချယ်ပွဲကို လာမည့် မေလ (၁၇) ရက်မှ (၁၉) ရက်အထိ မန္တလေးမြို့၌ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။ ရလဒ်ထုတ်ပြန်မည့်ရက် ဇုန်အသီးသီးမှ ပဏာမအဆင့် ရွေးချယ်ခံရသူများအနက် အပြီးသတ် ရွေးချယ်ခံရသည့် မျိုးဆက်သစ် အမျိုးသမီးကစားသမားစာရင်းကို...

အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းသည့် လူခေါ်ပွဲစား နှစ်ဦးကို ဖမ်းဆီး

အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းသည့် လူခေါ်ပွဲစား နှစ်ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကာ အရေးယူရန် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌မူ မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်း လူမိုက်များသည် လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်နေသည်ဟု သိရသည်။ ၄င်းတို့သည် Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံမှုများရှိကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့သည် နယ်မြေသတင်းရယူ စုံစမ်းဆောင်ရွက်ခဲ့ရသည်ဟု ဆိုသည်။ ထိုသို့ဆောင်ရွက်စဉ် မေ ၉ ရက် မွန်းလွဲပိုင်းတွင် ဇော်လင်းထွန်း (ခ) တာတီးအား မင်္ဂလာဒုံမြို့နယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071