Monday, May 11, 2026

သတင်းအေဂျင်စီ (၃) ခုကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ...

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိဟုဆိုကာ သတင်းအေဂျင်စီလုပ်ငန်း (၃) ခုကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှစ၍...

လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် AA နှင့် PDF...

လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် AA နှင့် PDF အဖွဲ့ဝင်(၃၁)ဦးအား ယနေ့ မေ ၁၁ ရက်တွင် ဧ ရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာန...

မြန်မာ့ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီအတွက် ရန်ကုန်ဇုန်လူရွေးချယ်ပွဲ ပြီးစီး၊...

လူရွေးချယ်မှု အဆင့်ဆင့်ရန်ကုန်ဇုန် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ဘားအံနှင့် ပုသိမ်မြို့တို့မှ တက်သစ်စ အမျိုးသမီးကစားသမားများကို မေလ (၁၀) ရက်နှင့် (၁၁)...

အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းသည့် လူခေါ်ပွဲစား...

အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းသည့် လူခေါ်ပွဲစား နှစ်ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကာ အရေးယူရန် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ...
HomeMoviesပဲခူးတိုင်းဝန်ကြီးချုပ် တောင်ငူဒေသရှိ MSME...

ပဲခူးတိုင်းဝန်ကြီးချုပ် တောင်ငူဒေသရှိ MSME နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဖြည့်ဆည်းပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မေလ ၁၀ ရက် မွန်းလွဲပိုင်းက တောင်ငူဒေသအတွင်းရှိ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ (MSME) နှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ဒေသထွက် စားသောက်ကုန်လုပ်ငန်းများ အဆင့်မြှင့်တင်ရေး

ငရုတ်သီးအမှုန့်လုပ်ငန်း

တောင်ငူမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ငရုတ်သီးအမှုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်ကာ ထုတ်လုပ်မှုအဆင့်ဆင့်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အစားအစာဘေးကင်းလုံခြုံမှု (Food Safety) နှင့် ထုတ်ပိုးမှုစနစ် (Packaging) အဆင့်မြှင့်တင်ရန် လမ်းညွှန်ခဲ့သည်။

မျှစ်စားသောက်ကုန်လုပ်ငန်း

“မိဘမေတ္တာ” မျှစ်ချို/မျှစ်ချဉ်လုပ်ငန်းတွင် မျှစ်အစိုထုတ်လုပ်ရုံသာမက ပြည်ပပို့ကုန်အဖြစ် မျှစ်ခြောက်လုပ်ငန်း တိုးချဲ့ရန်နှင့် ဝါးအချောထည် စက်မှု/လက်မှု ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး တိုက်တွန်းမှာကြားခဲ့သည်။

မွေးမြူရေးနှင့် သီးညှပ်စိုက်ပျိုးရေး ကဏ္ဍ

ဥစားဘဲမွေးမြူရေး

ကံရိုးကျေးရွာအုပ်စုရှိ ဥစားဘဲကောင်ရေ (၅,၀၀၀) မွေးမြူထားရှိမှုကို ကြည့်ရှုပြီး မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ဒေသစပ်စာ ကိုယ်တိုင်ထုတ်လုပ်မွေးမြူနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ကော်ဖီနှင့် သီဟိုဠ်စိုက်ပျိုးရေး

အုတ်တွင်းမြို့နယ်၊ အမြန်လမ်းမကြီးဘေးရှိ သီဟိုဠ်ခြံများအတွင်း ရိုဘတ်စတာကော်ဖီ (၁၆၈) ဧက သီးညှပ်စိုက်ပျိုးအောင်မြင်နေမှုကို ကြည့်ရှုခဲ့ပြီး ကျန်ရှိသည့် ကော်ဖီပျိုးပင်များကို ယခုမိုးရာသီအတွင်း အပြီးစိုက်ပျိုးရန် လမ်းညွှန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သတင်းအေဂျင်စီ (၃) ခုကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ပိတ်သိမ်း

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိဟုဆိုကာ သတင်းအေဂျင်စီလုပ်ငန်း (၃) ခုကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှစ၍ လုပ်ငန်းပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ လုပ်ငန်းပိတ်သိမ်းခြင်းခံရသည့် သတင်းအေဂျင်စီများမှာ မြေလတ်အသံ (Myaelatt Athan)၊ Red News Agency နှင့် Asia Citizens (အာရှနိုင်ငံသားများ) သတင်းအေဂျင်စီတို့ ဖြစ်ကြသည်။ အဆိုပါ သတင်းအေဂျင်စီများသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) ပါ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊...

လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် AA နှင့် PDF အဖွဲ့ဝင်(၃၁)ဦး မိဘအုပ်ထိန်းသူများထံအပ်နှံ

လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် AA နှင့် PDF အဖွဲ့ဝင်(၃၁)ဦးအား ယနေ့ မေ ၁၁ ရက်တွင် ဧ ရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာန ချုပ်၌ မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်တက်ရောက် ၍ သြဝါဒစကားပြောကြားပြီး အလင်းဝင်လာသူများအပ်နှံသည့် လက်နက်ခဲယမ်းများကိုလက်ခံရယူ၍ ဆု ကြေးငွေ၊ ဂုဏ်ပြုထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် အလင်းဝင်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီအတွက် ရန်ကုန်ဇုန်လူရွေးချယ်ပွဲ ပြီးစီး၊ မေလကုန်တွင် အပြီးသတ်လူစာရင်း ထုတ်ပြန်မည်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြန်မာ့ပထမဆုံးသော အမျိုးသမီးဘောလုံးအကယ်ဒမီ (Women’s Academy) အတွက် ရန်ကုန်ဇုန် လက်တွေ့စွမ်းရည်စစ်ဆေးမှုများကို ယနေ့ မေလ (၁၁) ရက်တွင် အောင်မြင်စွာ ရွေးချယ်ပြီးစီးခဲ့ပြီ ဖြစ်သည်။

လူရွေးချယ်မှု အဆင့်ဆင့်ရန်ကုန်ဇုန် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ဘားအံနှင့် ပုသိမ်မြို့တို့မှ တက်သစ်စ အမျိုးသမီးကစားသမားများကို မေလ (၁၀) ရက်နှင့် (၁၁) ရက်တို့တွင် အခြေခံဘောလုံးစွမ်းရည်နှင့် ကျန်းမာရေးကြံ့ခိုင်မှုများကို အသေးစိတ် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မန္တလေးဇုန် မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် ကလောမြို့များရှိ ကစားသမားများအတွက် လူရွေးချယ်ပွဲကို လာမည့် မေလ (၁၇) ရက်မှ (၁၉) ရက်အထိ မန္တလေးမြို့၌ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။ ရလဒ်ထုတ်ပြန်မည့်ရက် ဇုန်အသီးသီးမှ ပဏာမအဆင့် ရွေးချယ်ခံရသူများအနက် အပြီးသတ် ရွေးချယ်ခံရသည့် မျိုးဆက်သစ် အမျိုးသမီးကစားသမားစာရင်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071