နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၇ ရက်ကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေး၌ EV ကားများကို ပြည်တွင်း၌ပင် အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် ပြောကြားခဲ့သည်။
EV ကားများကို ပြည်ပမှတင်သွင်းခြင်းအစား ပြည် တွင်း၌ အစအဆုံးအလုံးစုံတပ်ဆင်ထုတ်လုပ်ပါက အ လုပ်အကိုင်အခွင့်အလမ်းများနှင့် နည်းပညာများရရှိနိုင်မည့်အပြင် ပြည်သူများကုန်ကျစရိတ်သက်သာစွာဖြင့် အရေအတွက်များများသုံးစွဲသွားနိုင်မည်ဖြစ်၍ အား လုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဟု ပြောကြား သည်။
ထို့ပြင် ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားစေရေးအ တွက် ပြည်ပမှတင်သွင်းရန်မလိုသည့် ကျောက်မီးသွေးကိုအသုံးပြု၍ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းတို့ကိုဆောင်ရွက်ရမည်ဟု ပြောကြား သည်။
” ဒါ့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေ တိုင်းနဲ့ ပြည် နယ်တွေအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လိုပါတယ်။ သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ဖို့အတွက် မီးရထားခရီးစဉ်တွေပိုမိုတိုးချဲ့ပြေးဆွဲတာ၊ ရထားလမ်းတွေနဲ့ မီးရထားတွေအဆင့်မြှင့်တင်တာတွေက်ု နိုင်ငံတော်ကဆောင်ရွက်ပေးနေပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသည့် ဘတ္ထရီစနစ်သုံးရထားစက်ခေါင်းများကိုတပ်ဆင်ထုတ်လုပ်အသုံးပြုလျက်ရှိပြီး ထပ်မံ၍ ပိုမိုတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကာ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ပြည်ပမှစက်သုံးဆီတင်သွင်းနေရမှုများကို အထိုက်အလျောက်လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံစီးပွား တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှအထောက် အကူပြုမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။