Wednesday, September 9, 2026

မြောက်ကိုရီးယားတည်ထောင်ခြင်း ၇၈ နှစ်မြောက်တွင် ရှီနှင့်...

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ဂုဏ်ပြုသတင်းစကားများ ပေးပို့ခဲ့ပြီး...

ထိုင်းတွင် မြေအောက်ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟုသံသယရှိ

စက်တင်ဘာ ၉ ရက် ဘန်ကောက်၊ ကလောင်တွဲ ခရိုင်ရှိ မြေအောက် ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟု သံသယရှိခြင်းကြောင့် ရေနံလီတာ ထောင်ပေါင်းများစွာသည် မြောင်းများအတွင်းသို့ ယိုစိမ့်ဝင်ရောက်ခဲ့သည်ဟု...

အောက်တိုဘာ ၇ ရက်၌တိုက်ခိုက်မည်ဟု UAE...

စက်တင်ဘာ ၉ ရက်၊ ဂျေရုဆလင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် ဟားမတ်စ်အဖွဲ့၏ တို-က်ခိုက်မှု မဖြစ်ပွားမီ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)...

(၉) ကြိမ်မြောက် ဘင်္ဂလူရူး အာကာသနည်းပညာပြပွဲကြီး...

အိန္ဒိယနိုင်ငံ၊ ကာနာတာက ပြည်နယ်၊ ဘင်္ဂလူရူးမြို့ရှိ Bengaluru International Exhibition Centre (BIEC) ၌ (၉) ကြိမ်မြောက် Bengaluru...
HomeNewsLocal NewsEU သည် ရာသီဥတုပြောင်းလဲမှု...

EU သည် ရာသီဥတုပြောင်းလဲမှု တို-က်ဖျ-က်ရေးဆီသို့ ပြန်လည်ဦးလှည့်လာမည်လား

စက်တင်ဘာ ၉ ရက်

လွန်ခဲ့သည့် နှစ်နှစ်အတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို သိသိသာသာ လျှော့ချခဲ့သည်ဟု ဝေဖန်ခံနေရချိန်တွင် ကမ္ဘာကြီးပူနွေးလာမှုကို တို-က်ဖျ-က်ရေး လုပ်ငန်းစဉ်သည် ယခုလအတွင်း ပြုလုပ်မည့် EU အကြီးအကဲ အာဇူလာဖွန်ဒဲလိုင်ယန်၏ အဓိက မူဝါဒဆိုင်ရာ မိန့်ခွန်းတွင် အဓိက ပါဝင်လာလိမ့်မည်ဟု မျှော်လင့်ရသည်။
ဥရောပသည် ပူပြင်းလှသော နွေရာသီမှ မကြာသေးမီကမှ ရုန်းထွက်နိုင်ခဲ့ခြင်းဖြစ်ရာ လာမည့် ၁၂ လအတွက် နိုင်ငံရေး ဦးစားပေးများကို သတ်မှတ်ပေးမည့် “ဥရောပသမဂ္ဂ၏ အခြေအနေ မိန့်ခွန်း” တွင် ရာသီဥတုဆိုင်ရာ ကိစ္စရပ်များကို လျစ်လျူရှုထားရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

EU ၏ အဓိက ဦးဆောင် မူဝါဒအဖြစ် နှစ်ပေါင်းများစွာ ရှိခဲ့ပြီးနောက် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများကို စိတ်ပျက်စေခဲ့သည့် ရာသီဥတုဆိုင်ရာ စိုးရိမ်ပူပန်မှုများသည် ကာကွယ်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ရည်မှန်းချက်များ၏ နောက်သို့ ရောက်ရှိသွားခဲ့သည်။

EU အဖွဲ့သည် စီးပွားရေးလုပ်ငန်းများအတွက် သဘာဝပတ်ဝန်းကျင် စည်းမျဉ်းအသစ်များကို သိသိသာသာ လျှော့ချခဲ့ပြီး ၂၀၃၅ ခုနှစ်တွင် စက်သုံးဆီကို သုံးရသော မော်တော်ယာဉ်သစ်များကိုရောင်းချမှု ကို ပိတ်ပင်မည့် အစီအစဉ်ကိုလည်း ရုပ်သိမ်းရန် အဆိုပြုခဲ့သည်။

သို့သော်အချို့က စက်တင်ဘာလ ၁၆ ရက်တွင် ပြောကြားမည့် မိန့်ခွန်းသည် ဘရပ်ဆဲလ်၏ ဦးစားပေးမှုများကို ပြန်လည် ညီမျှသွားစေမည့် အချက်ပြတစ်ခု ဖြစ်လာနိုင်သည်ဟု မျှော်လင့်နေကြသည်။

ဩဂုတ်လအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ပေါင်း ၂၀၀ ခန့်က နိုင်ငံ ပေါင်း ၂၇ နိုင်ငံပါဝင်သော အဆိုပါအဖွဲ့အစည်းကို ရုပ်ကြွင်းလောင်စာများ သုံးစွဲမှုမှ ခွာစစ်ဆင်ရန် ခိုင်မာသော အစီအစဉ်များကို ထိုမိန့်ခွန်းတွင် ထည့်သွင်း ဖော်ပြပေးပါရန် ဖွန်ဒဲလိုင်ယန်ထံ စာရေးသား တောင်းဆိုခဲ့ကြသည်။

EU ကော်မရှင်နာမင်းကြီး ၂၇ ဦးတို့သည် သောကြာနေ့တွင် ဘရပ်ဆဲလ်၌ ကျင်းပမည့် နွေရာသီအလွန် ဆွေးနွေးပွဲတွင် ဆွီဒင် ရာသီဥတုဗေဒပညာရှင် ဂျိုဟန်ရော့စတုန်း နှင့် တွေ့ဆုံရန် အစီအစဉ်ဆွဲထားသည်။

သို့သော် အခြားသော အထောက်အထားများကမူ တခြားသော ဦးတည်ချက်ကို ညွှန်ပြနေသည်။

EU သတင်းမြစ်များ၏ အဆိုအရ ဖွန်ဒဲလိုင်ယန် သည် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိရေး နှင့် သဘာဝ ပတ်ဝန်းကျင်ကို မထိခိာက်သော အစိမ်းရောင် စက်မှုလုပ်ငန်းများ၏ စီးပွားရေးဆိုင်ရာ အလားအလာများအပေါ် အဓိကထား ပြောကြားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးဖော်ပြခဲ့သည့် အချက်သည် ဖွန်ဒဲလိုင်ယန် ၏ ၇ နှစ်တာ တာဝန်ထမ်းဆောင်ချိန်အတွင်း အမြဲတမ်းလိုလို ပြောကြားလေ့ရှိသည့် အချက်ဖြစ်ပြီး ရာသီဥတုဒ-ဏ် ခံနိုင်ရည်ရှိရေးဆိုင်ရာ ဥပဒေပြုရေးသည်လည်း ယခုနှစ်မကုန်မီ ထွက်ရှိရန် သတ်မှတ်ထားပြီးဖြစ်သည်။

ဖွန်ဒဲလိုင်ယန်၏ ပထမ ၅ နှစ်တာ တာဝန်ထမ်းဆောင်ချိန်ကို ပုံဖော်ပေးခဲ့သော Green Deal (အစိမ်းရောင် သဘောတူညီချက်) ဟုလူသိများသည့် ရည်မှန်းချက်ကြီးမားသော ရာသီဥတုဆိုင်ရာ ဥပဒေပြဋ္ဌာန်းရေးသည် ယခုရက်ပိုင်း ဘရပ်ဆဲလ်တွင် လှုံ့ဆော်ရန် ခက်ခဲသော အရာတစ်ခုဖြစ်နေသည်။

၂၀၂၄ ဥရောပ ရွေးကောက်ပွဲတွင် Green Party များ ရှုံးနိမ့်ခဲ့ပြီး စီးပွားရေး ကို လိုလားသော ဗဟိုလက်ယာယိမ်းအုပ်စုသည် လက်ယာစွန်း ရာသီဥတု သံသယဝါဒီများ ပိုမိုဩဇာညောင်းလာသည့် ဥရောပပါလီမန်တွင် လွှမ်းမိုးထားသည်။

ဦးစားပေးရမည့်အချက်မှာ “ဥရောပသားများက အပြောင်းအလဲလုပ်ရန် တောင်းဆိုထားသည့် ဥပဒေများကို ပြန်လည်ပြင်ဆင်မည့်အစား အစိမ်းရောင်ကို ဟန်ပြ ပြန်ဆိုးရန် မဟုတ်ပါ” ဟု လက်ယာယိမ်း ပါလီမန်အမတ် ဆယ်လင်အိုင်မတ်က ပြောကြားခဲ့သည်။

ကော်မရှင်အတွင်း၌လည်း သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။

ဥပမာအားဖြင့် လွန်ခဲ့သည့် လများအတွင်း အစိမ်းရောင်သမားများနှင့် စီးပွားရေးလိုလားသော လုပ်ဖော်ကိုင်ဖက်များအကြား လေကြောင်းနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍများအပေါ် ကာဗွန်ဈေးကွက် ပြုပြင်ပြောင်းလဲမှုက ထိခိုက်‌စေမှု များနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိခဲ့သည်။

တစ်ချိန်တည်းမှာပင် EU နိုင်ငံများသည် အဖွဲ့၏ နောက်ထပ် ရေရှည်ဘတ်ဂျက်အရ ခွဲဝေပေးမည့် ကန့်သတ်ထားသော သယံဇာတများကို မည်သို့ခွဲဝေမည်ဆိုသည်ကို အခြေအတင် ဆွေးနွေးနေကြသည်။

“ဒါဟာ ခက်ခဲတဲ့ ရုန်းကန်မှုတစ်ခု ဖြစ်လာတော့မယ်” ဟု Green ပါတီခေါင်းဆောင် တယ်ရီရိန်ဂီက ပြောကြားခဲ့သည်။

သို့သော်လည်း သူ၏ အဖွဲ့သည် ဖွန်ဒဲလိုင်ယန် ကို သူ၏ မိန့်ခွန်းတွင် ခိုင်မာသော ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်ချက်များကို ထည့်သွင်းပြောကြားရန် အပြင်းအထန် တွန်းအားပေးသွားမည် ဖြစ်သည်။

“ကျွန်မတို့ဟာ ရပ်တည်ရှင်သန်ရေးနဲ့ ဆိုင်တဲ့ အခြေအနေတွေအကြောင်း ပြောနေကြတာပါ” ဟု သူက ပြောကြားခဲ့သည်။

Ref: ခမာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြောက်ကိုရီးယားတည်ထောင်ခြင်း ၇၈ နှစ်မြောက်တွင် ရှီနှင့် ပူတင်တို့က ကင်မ်ထံ ဂုဏ်ပြုသတင်းစကားများ ပေးပို့

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ဂုဏ်ပြုသတင်းစကားများ ပေးပို့ခဲ့ပြီး ပြုံယမ်းနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆက်လက်ခိုင်မာစေလိုကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၉ ရက်တွင် ဖော်ပြသည်။ တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးခြင်းနှင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်းတို့တွင် ကင်မ်ဂျုံအန်နှင့်အတူ လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သမ္မတရှီက သတင်းစကားတွင် ပြောကြားခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာဖွံ့ဖြိုးစေခြင်းသည် တရုတ်ကွန်မြူနစ်ပါတီနှင့်...

ထိုင်းတွင် မြေအောက်ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟုသံသယရှိ

စက်တင်ဘာ ၉ ရက် ဘန်ကောက်၊ ကလောင်တွဲ ခရိုင်ရှိ မြေအောက် ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟု သံသယရှိခြင်းကြောင့် ရေနံလီတာ ထောင်ပေါင်းများစွာသည် မြောင်းများအတွင်းသို့ ယိုစိမ့်ဝင်ရောက်ခဲ့သည်ဟု ယူဆရသဖြင့် မီးဘေးအန္တရာယ် သတိပေးချက်များကို ထုတ်ပြန်ထားရသည်။ ဘန်ကောက်မြို့တော်ဝန် ချက်ချာတ် စစ်တီဖန့် က ဗုဒ္ဓဟူးနေ့နံနက်တွင် အဆိုပါ သံသယကို ထုတ်ဖော်ပြောကြားခဲ့ပြီး ယိုစိမ့်မှုသည် ရာမ ၃ လမ်း တံတားအောက်ရှိ ချူအာဖလင်းလမ်း ပလက်ဖောင်း မြောင်းများအတွင်းသို့ စိမ့်ဝင်မှုဖြစ်ပွားဖွယ်ရှိကြောင်း အသေးစိတ် ပြောကြားခဲ့သည်။ “အချင်း ၁၄ လက်မခန့်ရှိတဲ့ မြေအောက် ရေနံပိုက်လိုင်းမှာ...

အောက်တိုဘာ ၇ ရက်၌တိုက်ခိုက်မည်ဟု UAE ကနေတန်ယာဟုကို သတိပေးခဲ့

စက်တင်ဘာ ၉ ရက်၊ ဂျေရုဆလင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် ဟားမတ်စ်အဖွဲ့၏ တို-က်ခိုက်မှု မဖြစ်ပွားမီ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က သတိပေးခဲ့ကြောင်း အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် အစ္စရေး အတို-က်အခံ ခေါင်းဆောင်များက ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ရန် သင့်တော်မှု မရှိတော့ကြောင်း မနေ့က ပြောကြားလိုက်သည်။ Haaretz သတင်းစာသည် ၎င်းတို့၏ သတင်းထောက်များ ရေးသားထားပြီး မကြာမီ ထွက်ရှိတော့မည့် စာအုပ်မှ ကောက်နုတ်ဖော်ပြချက်တစ်ခုတွင် UAE...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071