Tuesday, May 5, 2026

ထိုင်းနိုင်ငံသွားရောက်လေ့ကျင့်ရမည့် AIA-Spurs Football Camp...

​မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် AYA Bank တို့ ပူးပေါင်းစီစဉ်သည့် နွေရာ သီဘောလုံးသင်တန်းမှ ထူးချွန်လူငယ် (၆) ဦးသည် ထိုင်းနိုင်ငံတွင်...

ကော့ကရိတ်မြို့ရှိ စစ်ရေးပဋိပက္ခကြောင့် မီးလောင်ပျက်စီးနေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ထောက်...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ စစ်ရေးပဋိပက္ခများကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံမည့် ဘိလပ်မြေနှင့် သွပ်များထက်ပိုမိုလိုအပ်လာပါက အစိုးရဈေးနူန်းဖြင့်ဝယ်ယူခွင့်ရရရှိရန်ကူညီပေးသွားမည်ဟု ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်နီနီအောင်၏ပြောကြားချက်အရ သိရသည်။ ကော့ကရိတ်မြို့၊ ရပ်ကွက် ၅၊...

မော်လူးမြို့ကို စစ်ဆင်ရေးကာလ(၄)ရက်အတွင်း တပ်မတော်မှ အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့

အကြမ်းဖက်အဖွဲ့ဝင်များယာယီထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ မော်လူးမြို့အားပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးကာလ(၄)ရက်အတွင်းဖြစ်သည့် ယ နေ့ မေ ၅ ရက်မွန်းတည့်ပိုင်းတွင် အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ တပ်မတော်က မော်လူးမြို့အား...

မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးကို...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးအား မိ ဘအုပ်ထိန်းသူများထံသို့ ယနေ့ မေ ၅ ရက်ကပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ခန်းမအတွင်း၌...
HomeNewsLocal NewsEpson ကုမ္ပဏီသည် ၎င်း၏...

Epson ကုမ္ပဏီသည် ၎င်း၏ EcoTank ပရင်တာစီးရီးကမ္ဘာတစ်ဝန်းရောင်းချမှု အလုံးရေသန်း၁၀၀ကျော်သည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင် After-Sales Service ဝန်ဆောင်မှု စတင်

Epson ပရင်တာ ကုမ္ပဏီသည် ၎င်း၏ ထုတ်ကုန်များကို အသုံးပြုသူများသုံးစွဲရာတွင် အဆင်ပြေလွယ်ကူပြီး အတွေ့အကြုံပိုမိုကောင်းမွန်စေရန်အတွက် မြန်မာနိုင်ငံတွင် After-Sales Service ဝန်ဆောင်မှု စတင်လိုက်ပြီဖြစ်သည်။

ထိုသို့ ပြုလုပ်ခြင်းမှာ တနည်းအားဖြင့် မြန်မာနိုင်ငံဈေးကွက်တွင် ရရှိနေသည့်အနေအထားကို ပိုမိုခိုင်မာစေရန်အတွက်လည်းဖြစ်သလို ကမ္ဘာတစ်ဝန်း နိုင်ငံ၁၇၀ ကျော်တွင် ပရင်တာအလုံးသန်း ၁၀၀ကျော် ရောင်းချနိုင်ခဲ့သော ထူးခြားသည့် အောင်မြင်မှုကြီးကလည်း EcoTank ပရင်တာစီးရီးအပေါ် ယုံကြည်မှု အားကောင်းခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။

“မြန်မာနိုင်ငံဟာ Epsonရဲ့ ဒေသတွင်းတိုးတက်မှုအတွက် များစွာအရေးပါတယ်ဆိုတာ သံသယရှိစရာမလိုတဲ့ ဈေးကွက်တစ်ခုဖြစ်ပါတယ်။နိုင်ငံတွင်း e -commerce မြန်မြန်ဆန်ဆန်တိုးချဲ့လာမှုတွေကြောင့် သုံးစွဲသူတွေရဲ့ ဝယ်ယူနိုင်စွမ်းမြင့်တက်လာမှုနဲ့အတူ ပရင်တာအတွက်တောင်းဆိုမှုက တကိုယ်ရည်အသုံးပြုမှုကနေစပြီး လုပ်ငန်းသုံးအထိ တဖြေးဖြေးမြင့်တက်လာပါတယ်” ဟု Epson (Thailand)၏ မန်နေဂျင်းဒါရိုက်တာ  Mr. Yunyong  Muneemongkoltorn က ပြောသည်။

Epson သည် မြန်မာနိုင်ငံရှိ ဈေးကွက် trends နှင့် သုံးစွဲသူများ၏ တိုးတက်ပြောင်းလဲလာမှုများအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်များကို ဆက်လက်မြင့်တက်သွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် Epson သည် After-Sales Service ဝန်ဆောင်မှုများကို တရားဝင်မိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းကာ လုပ်ဆောင်လျှက်ရှိပြီးသုံးစွဲသူများအနေဖြင့် Epson ထုတ်ကုန်များအပေါ် စိတ်ချယုံကြည်စွာသုံးစွဲနိုင်ရန်အတွက် ပွင့်လင်းမြင်သာမှုရှိပြီး စုံလင်ပြည့်စုံသော ကုန်ပစ္စည်းအာမခံ Warranty များ ပေးခြင်းအပါအဝင် ထိရောက်မြန်ဆန်သည့် ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများ ရရှိနိုင်ရန်ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။

Epson မှ မြန်မာနိုင်ငံတွင်တရားဝင်ခန့်အပ်ထားသော တရားဝင်ဖြန့်ဖြူးရေးနှင့်ဝန်ဆောင်မှုပေးရေး ကုမ္ပဏီမှာ Client Focus Technology Group Co.,Ltd(CFTG)ဖြစ်ပြီး ၎င်းသည် ရန်ကုန်၊နေပြည်တော်နှင့်မန္တလေးတို့တွင် ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

Epsonသုံးစွဲသူများအနေဖြင့် မိမိတို့ဝယ်ယူထားသည့်ပစ္စည်းနှင့် ပတ်သက်သည့် Warranty အာမခံမှုကို MyEpson ပလက်‌ဖောင်းမှတဆင့် မှတ်ပုံတင်ထားပါက After-Sales Service ဝန်ဆောင်မှုကို သေချာစွာရရှိနိုင်မည့်အပြင် မှတ်ပုံတင်ပြီးသုံးစွဲသူများအနေဖြင့် သီးသန့်ပေးပို့မည့်သတင်းအချက်အလက်များနှင့် အထူးအခွင့်အရေးများကိုလည်း ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနိုင်ငံသွားရောက်လေ့ကျင့်ရမည့် AIA-Spurs Football Camp အတွက် မြန်မာလူငယ် (၆) ဦး ရွေးချယ်ခံရ

​မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် AYA Bank တို့ ပူးပေါင်းစီစဉ်သည့် နွေရာ သီဘောလုံးသင်တန်းမှ ထူးချွန်လူငယ် (၆) ဦးသည် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် AIA-Spurs Football Camp သို့ သွားရေ ာက်လေ့ကျင့်ရန် ရွေးချယ်ခံလိုက်ရပြီ ဖြစ်ကြောင်း အဖွဲ့ချုပ်က ယနေ့တွင် ထုတ်ပြန်အသိပေးသည်။ ​AIA Myanmar မှ စီစဉ်သည့် Score With Spurs (AIA Coaching Clinic 2026) အစီအစဉ်မှတစ်ဆင့် ရွေးချယ်ခြင်းဖြစ် ကာ​ရွေးချယ်ခံရသူများသည်Tottenham Hotspur...

ကော့ကရိတ်မြို့ရှိ စစ်ရေးပဋိပက္ခကြောင့် မီးလောင်ပျက်စီးနေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ထောက် ပံ့ပေးသည့် ဘိလပ်မြေနှင့် သွပ်များထက်ပိုမိုလိုအပ်ပါက အစိုးရစျေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရန်ကူညီမည်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ စစ်ရေးပဋိပက္ခများကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံမည့် ဘိလပ်မြေနှင့် သွပ်များထက်ပိုမိုလိုအပ်လာပါက အစိုးရဈေးနူန်းဖြင့်ဝယ်ယူခွင့်ရရရှိရန်ကူညီပေးသွားမည်ဟု ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်နီနီအောင်၏ပြောကြားချက်အရ သိရသည်။ ကော့ကရိတ်မြို့၊ ရပ်ကွက် ၅၊ ရပ်ကွက် ၆ နှင့် ရပ်ကွက် ၇ တို့ရှိ စစ်ရေးပဋိပက္ခကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်ပိုင်ရှင်များနှင့် မေ ၄ ရက်နှင့် ယနေ့ မေ ၅ ရက်တို့ကတွေ့ဆုံကာ ပြန်လည်ထူထောင်ရေးအတွက်စတင်မည့်အချက်အလက်များအားအသေးစိတ်အားရှင်း လင်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ " ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းအမှန်တကယ်မြေပြင်လက်တွေ့အကောင်အထည်ဖော်ဖို့ ‌မီး လောင်ဆုံးရူံးတဲ့နေအိမ်ပိုင်ရှင်တွေနဲ့တွေ့ဆုံပြီး မီး လောင်ဆုံးရူံးခဲ့ရတဲ့နေအိမ်တွေကို အစိုးရအစီအစဉ်နဲ့ယာဉ်ယန္တားရားတွေနဲ့ဖျက်သိမ်းပေးရမလား မိမိအစီအ...

မော်လူးမြို့ကို စစ်ဆင်ရေးကာလ(၄)ရက်အတွင်း တပ်မတော်မှ အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့

အကြမ်းဖက်အဖွဲ့ဝင်များယာယီထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ မော်လူးမြို့အားပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးကာလ(၄)ရက်အတွင်းဖြစ်သည့် ယ နေ့ မေ ၅ ရက်မွန်းတည့်ပိုင်းတွင် အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ တပ်မတော်က မော်လူးမြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်ရန် မေ ၂ ရက်မှစတင်၍ စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အကြမ်းဖက်အဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် ယနေ့ မေ ၅ ရက်တွင် အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ အကြမ်းဖက်အဖွဲ့များထံမှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအများအပြားကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက်‌အဖွဲ့ဝင်များ တရားမဝင်လုပ်ကိုင် နေသည့် ဆီခြံများမှ ဆီပေပါခွံများ၊ ဆီလှောင်ကန်များနှင့် ကားများကိုလည်းသိမ်းဆည်းရမိခဲ့ကာ လက်ရှိအချိန်၌ တပ်မတော်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071