ကိုရီးယားအလုပ်အကိုင်အတွက် Special EPS-TOPIK စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့်သူ ၈၀၀ ရှိကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ထုတ်ပြန်ထားသည်။
အဆိုပါစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိသူ ၅,၇၀၀ နီးပါးရှိသော်လည်း ဖြေဆိုရန် လျှောက်ထားသူအရေအတွက် အယောက် ၇၇၀ သာရှိသည်။
EPS ဝင်ဖြေမယ့်သူများ၏ ဖြေဆိုခွင့်အမှတ်စဥ်၊ ဖြေရမည့်ရက်နှင့်အချိန်များကို ထုတ်ပြန်ထားသည်။
Special EPS-TOPIK စာမေးပွဲမှာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်သမားများ နောက်တကြိမ်သွားရောက်လုပ်ကိုင်နိုင်ရန် ပြုလုပ်ပေးသည့် စာမေးပွဲ ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင် အနည်းဆုံး ၃ နှစ်အထက် လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံကို ၂၀၁၀ ဇန်နဝါရီ ၁ ရက်နောက်ပိုင်း ပြန်လည်ရောက်ရှိခဲ့သူများ နောက်တကြိမ် ပြန်လည်သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် Special EPS-TOPIK စာမေးပွဲကို ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ၊ Special EPS-TOPIK စာမေးပွဲဖြေဆိုခွင့် လျှောက်ထားခြင်းကို စက်တင်ဘာ ၂၂ နှင့် ၂၃ ရက်တို့တွင် လက်ခံခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၂၂ မှ ၂၄ ရက်အထိ စာမေးပွဲ ကျင်းပရန် စီစဥ်ထားကြောင်း သိရသည်။
