Monday, September 21, 2026

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား...

Smart Agriculture အဖြစ်ဖော်ဆောင်ရာတွင် နည်းပညာသည်တောင်သူများအတွက်...

လယ်ယာကဏ္ဍကိုသမားရိုးကျ ထုတ်လုပ်မှုစနစ်ကနေ ခေတ်မီထိရောက်ပြီးရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုစနစ်ကူးပြောင်းဖို့အထူးလိုအပ်ပါတယ်။ လယ်ယာကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံစီးပွားရေးတိုးတက်ရေးနဲ့ဆင်းရဲနွမ်းပါးမှုလျော့ချရေးရဲ့ပထမခြေလှမ်းဖြစ်ပါတယ်။ နည်းပညာဟာတောင်သူတွေအတွက် အပိုကုန်ကျစရိတ်တစ်ခုမဖြစ်သင့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျော့ချပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်လာဖို့ လိုအပ်ပါတယ်။ စီးပွား‌ရေးအကျိုးမြတ်တစ်ခုတည်းကိုမကြည့်ဘဲ စားရေရိက္ခာဖူလုံရေးကိုလည်း အခြေခံမူဝါဒအဖြစ်ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရကမူဝါဒနဲ့ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်း၊...

နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားသည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲ...

လားရှိုး၊ စက်တင်ဘာ ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နယ်မြေမတည်ငြိမ်မှုနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားခဲ့သည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲကို ယနေ့ စက်တင်ဘာ...

ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် လူဦးရေ ၂,၇၀၀...

လေးမျက်နှာ၊ စက်တင်ဘာ ၂၁ ဧရာဝတီတိုင်းဒေသကြီး၊ ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်အထိ လူဦးရေ ၂,၇၀၀ ကျော်အတွက် သောက်သုံးရေ လီတာ...
HomeMusicEDM ပဲြေတြအေပၚ ...

EDM ပွဲတွေအပေါ် နယ်ပယ်အသီးသီးက လူငယ်တွေရဲ့ ခံစားမှု အမြင်

[spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

လူငယ်တွေကြားမှာ ခေတ်စားလာပြီး မြူးကြွတဲ့ ဂီတသံတွေနဲ့အတူ လွတ်လပ်စွာ စီးမြောကခုန်နိုင်တဲ့ EDM ပွဲတွေ ကို ပြည်တွင်းမှာ မကြာမကြာပြုလုပ် လာကြတာကိုမြင်တွေ့နေရပါတယ်။ ဒီတစ်ပတ်မှာတော့ EDM ပွဲတွေအပေါ်ကို နယ်ပယ်အသီးသီးက လူငယ်တွေဘယ်လိုခံစားကြတယ်၊ ဘယ်လိုသတ်မှတ်ထားတယ်ဆိုတဲ့ စကားသံတွေနဲ့အတူ EDM ပွဲတစ်ခုကို ပထမဆုံးသွားရောက်ပြီး ရင်ခုန်ခံစားပျော်မြူးကြမယ့် လူငယ်တွေအတွက် အကြံပေးစကားသံတွေကို ပေါ်ပြူလာစာဖတ်ပရိသတ် တွေ အတွက်မျှဝေပေးလိုက်ရပါတယ်။

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

DJ Wine (DJ Artics)

ကိုယ်တိုင်လည်း ပါဝင်ဖျော် ဖြေနေတာဖြစ်လို့ ကောင်းပါတယ်။ EDM က မြူးဇစ်အမျိုးအစား ပေါင်းစုံပါဝင်တာဆိုတော့ လူတိုင်းပါဝင် ဆင်နွှဲနိုင်တယ်။ လူငယ်တွေအတွက် ကျ (PLUR)လို့ ခေါ်တာပေါ့။ Peace ရ ယ်၊ Love ရယ်၊ Unity ရယ်၊ Respectt ရယ်ပေါ့၊ EDM ပွဲလာတဲ့သူတွေ စိတ်ထဲမှာ မှတ်ထားကြရတာပေါ့၊ ရန်တွေ ဘာတွေဖြစ်စရာမလိုဘူး။ ချစ်ချစ် ခင်ခင်စည်းစည်းလုံးလုံးနဲ့ တစ်ယောက်နဲ့ တစ်ယောက်လေးလေး စားစားနဲ့ပေါ့။ ဒါမျိုးပါ။ EDM ပွဲက အနည်းဆုံး(၆)နာရီလောက် ဆင်နွှဲရ တာဖြစ်လို့ ပေါ့ပေါ့ပါးပါး ဝတ်ဆင် သင့်ပါတယ်။ ဖိနပ်ဆိုလည်း အပါးလေးတွေ စီးသင့်ပါတယ်။ ကလို့ ခုန်လို့ကောင်းမယ့် ဟာမျိုးပေါ့။ ချွေးထွက်ရင်လည်း မြန်မြန်ခြောက်နိုင်မယ့် ဟာမျိုးဝတ်ဆင်သင့်ပါတယ်။ ရာသီဥတုနဲ့လိုက်ပြီး ဝတ်တာ အကောင်းဆုံးပါပဲ။ ဒီမှာလုပ်တဲ့ပွဲ တော်တော်များများက အာရှအဆင့်ကို ကောင်းကောင်းမီနေပါပြီ။

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

နန်းသူဇာ (Model)

EDM ပွဲတွေဆိုတာ ပြောင်းလဲ လာတာတွေထဲက တစ်ခုပေါ့နော်။ Festival တစ်ခုအဖြစ် ပျော်စရာ ဖြစ်စေတာပေါ့။ ကောာင်းပါတယ်။ လူငယ်တွေကိုလည်း တအားကြီး အပျော်မကြူးကြဖို့တော့ ပြောချင်ပါတယ်။ နန်းသူဇာဆိုလည်း EDM ပွဲဆို ဒီတိုင်းဘဲ ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့ သွားလိုက်တာပဲ။ ပြည်တွင်းက EDM ပွဲ အမြင်ကိုတော့ ညီမက နိုင်ငံတကာ EDM ပွဲတွေ မသွားဘူးတော့ မယှဉ်ပြတတ်ဘူး။ လူငယ်တွေက EDM ပွဲသွားကြရင် တအားရမ်းကြီး မလွန်ကြဖို့ပေါ့ အဝတ်အစားဆိုလည်း အဲလိုမျိုး သက်တောင့်သက်သာ ဖြစ်စေမယ့် ဟာမျိုးဘဲ ဝတ်ဖို့၊ ပျော်ကြတဲ့နေရာမှာ အားလုံးပျော်ကြဖို့ ကိုယ့်ကြောင့် သူများအပျော်တွေ မပျက်စီးဖို့ ထိန်းသိမ်းပြီး အတူတူပျော်ကြပါလို့။

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

ဟိန်းထက် (အဆိုတော်)

EDM ပွဲသွားတာ လူငယ်တွေ အချင်းချင်းအတွက် ခေတ်မီတယ်ပေါ့။ ဒါပေမဲ့ လူငယ်ပိုင်းတွေမှာ သောက်မယ်၊ စားမယ်၊ ကမယ်ခုန်မယ်ဆိုတဲ့ သူကများတယ်။ စင်ပေါ် မှာ ဘယ်သူဘယ်ဝါ ဘာသီချင်း လာ လာသိပ်ပြီး စိတ်မဝင်စားကြတော့ဘူး။ လူငယ်တွေကို အဲ့ဒီပွဲတွေ သွားတာကြောင့်ဆိုတဲ့ အမြင်နဲ့တော့ ကောင်းတယ် ဆိုးတယ် ဝေဖန်လို့ မရပါဘူး။ လူငယ်ချင်း အကြံပြုချင်တာကတော့ ”အပျော်ကနေ အပျက် မဖြစ်အောင် အဖျက်တွေကိုရှောင်” ကြပါခင်ဗျ။

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

ဝိုင်းဒဏ္ဍာရီရွှေမင်း (အဆိုတော်-အိမ်မက်ဆုံရာ)

လူငယ်တွေအတွက် သီချင်းတွေ နားထောင်ပြီးတော့ ပျော်ရွှင်မှုရှာ ကြတာပေါ့။ ဒါကကောင်းပါတယ်။ ဒါပေမဲ့ အမြဲတမ်းကြီးသွားလာနေတာ မျိုးတော့မကြိုက်ဖူး။ တစ်ခါတလေ ကတော့ အဆင်ပြေပါတယ်။ EDM ပွဲ တွေ တောက်လျှောက်လုပ်လာကြတာ က စီးပွားရေးအရ လုပ်နေတဲ့သူတွေ ရှိသလို။ လူငယ်တွေအတွက် ပျော်ရ အောင်ဆိုပြီး လုပ်ပေးကြတာမျိုးလည်း ရှိပါတယ်။ လူငယ်တွေ အနေနဲ့ကျ ဒါကြီးတစ်ခုကိုဘဲ ဘဝလို့မထင်စေချင် ဘူး။ အများကြီးရှိတယ်လေ။ စိတ်ဖိ စီးမှုလျှော့ချတဲ့နေရာတစ်ခု၊ စိတ်ထွက် ပေါက်ပေးတာတစ်ခုအဖြစ်ဘဲ အသုံး ပြုကြစေချင်တယ်။ ဒါကြီးကိုဘဝလို့ မထင်စေချင်ဘူး။ ဒီပွဲတွေကနေ ကောင်းတာတွေ မကောင်းတာတွေကို ရွေးချယ်ပြီး အတုယူကြဖို့ လိုပါတယ်။ကိုယ့်ကို ကိုမထိန်းချုပ်နိုင်လောက် အောင်ဖြစ်တာမျိုးကျတော့ မကောင်း ပါဘူး။ ပျော်ချင်တာကတော့ပျော်ချင် တာပေါ့။ ဒါပေမဲ့ အရမ်းကြီး အလွန် အကျူးတွေတော့မကောင်းပါဘူး။ ကိုယ့်ကိုကို ထိန်းချုပ်နိုင်လောက်တဲ့ အခြေအနေတစ်ခုလောက်မှာဘဲထား ပြီး ပျော်စေချင်ပါတယ်။ တအားကြီး သောက်စားမှ ပျော်ရတာမဟုတ်ဘူး လေ။ မသောက်ဘဲနဲ့လည်း ပျော်လို့ရပါတယ်။ အနောက်တိုင်းယဉ်ကျေး မှုတွေက တအားလွမ်းလာနေပါတယ်။ လူငယ်ချင်းကိုယ်ချင်းစာပါတယ်။ လှ ချင်တယ်၊ ဆွဲဆောင်မှုရှိချင်တယ်။ ဒါပေမဲ့ လူတွေအမြင်မှာ ကိုယ့်ကို တန်ဖိုးဖြတ်တဲ့ တန်ဖိုးကျစေတဲ့ ဝတ်စားဆင်ယင်မှုမျိုးတော့မဖြစ်စေချင် ကြပါဘူးလို့ အကြံပေးချင်ပါတယ်။

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

မိုးသည်းဖြူ(ခ)မြရည်ညို (ခရီးသွားလုပ်ငန်းကုမ္ပဏီပိုင်ရှင်)

EDM ပွဲတွေက အခုနောက်ပိုင်းမှာတော့ မြန်မာပြည်မှာလည်း ခေတ်စားလာသလို။ နိုင်ငံတကာမှာလည်း ခေတ်စား လာပါတယ်။ ကောင်းကျိုး အနေနဲ့ DJ Music ကြိုက်တဲ့သူ တွေက ကိုယ်ကြိုက်တဲ့ဒီဂျေပါလာရင် သွားခံစားလို့ရတယ်။ ကလို့ရတယ်။ ဆိုးကျိုးကျတော့ ဒီလိုပွဲတွေက ဈေးကြီးတော့ လူငယ်တိုင်း မသွားနိုင်ကြဘူး။ အဲဒီမှာ တစ်ချို့က သွားရရင်ပြီး ရောဆိုပြီး မလုပ်သင့်တဲ့ဟာတွေလုပ် လာကြတယ်။ နောက်တစ်ခုက ကွင်းနေရာအခက်အခဲ၊ EDM ပွဲတွေက အရမ်းဆူညံတတ်တော့ အဲဒီနားမှာရှိတဲ့ လူနေရပ်ကွက်ကနေသူတွေ အတွက် စိတ်အနှောင့်အယှက်တွေ အရမ်း ဖြစ်ရတယ်။ EDM ပွဲမှာတော့ သရုပ်ပျက်ပုံတွေ တတ်လာတာ မဟုတ်ပါဘူး။ သင်္ကြန်မှာလည်း တတ်လာတာဘဲ။ New Year မှာလည်း ဒီပုံတွေက တတ်လာတတ်ပါ တယ်။ တကယ်တော့ မူးမှကလို့ခုန် လို့ကောင်းတာတော့မဟုတ်ပါဘူး။ နိုင်ငံတကာဒီဂျေတွေ၊ ပြည်တွင်းက နာမည်ကြီး ဒီဂျေတွေရဲ့ဖျော်ဖြေမှုတွေကို ကိုယ်ကပိုက်ဆံပေးပြီးတော့ သွားခံစားတာ။ ဈေးကြီးပေးပြီး ခံစားတာကို မူးရူးကွဲပြဲပြီး ကခုန်နေတာက သူတို့ဖန်တီးထားတဲ့ Music ကို ဘာမှန်းတောင်သိလိုက်မှာမဟုတ်ပါဘူး။ သောက်နေကျလူတွေ သောက် တာကိစ္စမရှိပေမယ့် မသောက်တတ်တဲ့ သူတွေက တော့ မသောာက်ဘဲနဲ့လည်း EDM ပွဲတွေကို ခံစားလို့ ရပါတယ်လို့ အကြံပေးချင်ပါတယ်။ အဝတ်အစား ပိုင်းကိုတော့ ပွဲနဲ့လိုက်တဲ့ ပေါ့ပေါ့ ပါးပါးလေးတွေကိုဘဲ ဝတ်စေချင်ပါတယ်။ ဟော့ဖို့ sexy ဖြစ်ဖို့ မသက် မသာကြီးတွေ ဝတ်နေမှာထက် ပေါ့ပေါ့ပါးပါး တီရှပ်နဲ့ ဘောင်းဘီတို၊ ဘောင်းဘီရှည်လေးတွေ ဝတ်သွား တာ ပိုကောင်းပါတယ်။

[/spb_text_block]

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071