Friday, May 22, 2026

နေပြည်တော်စည်ပင်က လျှပ်စစ်အမှိုက်သိမ်းယာဥ်(၃) စီးဝယ်ယူမည်

နေပြည်တော်စည်ပင်၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ လျှပ်စစ်အမှိုက်သိမ်းယာဉ်(EV Garbage Truck) Dongfeng Leaf Collector Vehicle (၃)စီးအား တို-က်ရို-က်တင်ဒါစနစ်ဖြင့်ဝယ်ယူရန် ဈေးနှုန်းအဆိုပြုလွှာအား...

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှု ရေလမ်းဘက် ပြောင်းရွှေ့၊...

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှုတွင် ကားလမ်းအစား ရေကြောင်းလမ်းကို ပိုမိုအသုံးပြုလာကြပြီး မန္တလေးမြို့ဘက်၌ ဂေါဝိန်ဆိပ်ကမ်းကို အဓိကအသုံးပြုနေကြကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကုန်စိမ်းနှင့် ဟင်းသီးဟင်းရွက်များကို...

တာချီလိတ်မြို့နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆၀)...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ပန်စလိကျေးရွာနှင့် ကလရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာတို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆၀)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၂...

ဖလမ်းမြို့သို့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံများ ပြန်လည်ဝင်ရောက်မြို့သန့်ရှင်းရေးလုပ်ငန်းများလည်း...

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံများသည် ဖလမ်းမြို့အား တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ထားပြီးဖြစ်သဖြင့် ယနေ့...
HomeNewsLocal NewsDigitalization of Industrial...

Digitalization of Industrial Russia 2026 ဖိုရမ်ကို မြန်မာပါဝင်တက်ရောက်

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား ဉာဏ်ရည်တုနည်းပညာ ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ ရောက်ရှိနေသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့ညနေပိုင်းတွင် Digitalization of Industrial Russia 2026 ဖိုရမ်၏ plenary international session ၌ “Digital Industry Map: Roles and Responsibilities on a Global Scale” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုနောက် ယမန်နေ့ က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေးနှင့် လူထုမီဒီယာဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Alexander Shoitov ဦးဆောင်သောအဖွဲ့အား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား ဉာဏ်ရည်တုနည်းပညာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နည်းပညာရပ်များတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ရုရှားနိုင်ငံ၏ သတင်းအချက်အလက်ဆိုင်ရာလုံခြုံရေး Security Code ကုမ္ပဏီနှင့် ဇီဝအချက်အလက်အခြေခံအသုံးချ ပရိုဂရမ်များထုတ်လုပ်သည့် Biometric Technology Center မှ တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်စည်ပင်က လျှပ်စစ်အမှိုက်သိမ်းယာဥ်(၃) စီးဝယ်ယူမည်

နေပြည်တော်စည်ပင်၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ လျှပ်စစ်အမှိုက်သိမ်းယာဉ်(EV Garbage Truck) Dongfeng Leaf Collector Vehicle (၃)စီးအား တို-က်ရို-က်တင်ဒါစနစ်ဖြင့်ဝယ်ယူရန် ဈေးနှုန်းအဆိုပြုလွှာအား ယနေ့ မေ ၂၂ ရက်ကဖွင့်ဖောက်စစ်ဆေးခဲ့သည်။ အဆိုပြုလွှာတင်သွင်းသည့် ကုမ္ပဏီမှရောင်းချမည့် Dongfeng Leaf Collector Vehicle နှင့်ပတ်သက်သည့် နည်းပညာဆိုင်ရာအချက်အလက်များနှင့် အသုံးပြုမှုတို့ကိုရှင်းလင်းတင်ပြပြီးနောက် တင်သွင်းသည့် လျှပ်စစ်အမှိုက်သိမ်းယာဉ်(EV Garbage Truck) Dongfeng Leaf Collector Vehicle (၃)စီးအတွက် ဈေးနှုန်းအဆိုပြုလွှာကို ဖွင့်ဖောက်စစ်ဆေးမှတ်တမ်းတင်ခဲ့သည်။

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှု ရေလမ်းဘက် ပြောင်းရွှေ့၊ ဂေါဝိန်ဆိပ် အဓိကကုန်စည်ဂိတ်ဖြစ်လာ

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှုတွင် ကားလမ်းအစား ရေကြောင်းလမ်းကို ပိုမိုအသုံးပြုလာကြပြီး မန္တလေးမြို့ဘက်၌ ဂေါဝိန်ဆိပ်ကမ်းကို အဓိကအသုံးပြုနေကြကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကုန်စိမ်းနှင့် ဟင်းသီးဟင်းရွက်များကို မန္တလေးမြို့သို့ သယ်ယူရာတွင်လည်းကောင်း၊ မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် အခွန်လွတ်ဈေးများမှ ကုန်စိမ်း၊ သားငါးနှင့် စားသောက်ကုန်များကို စစ်ကိုင်းမြို့သို့ ပြန်လည်ပို့ဆောင်ရာတွင်လည်းကောင်း ယခင်ကဲ့သို့ ကားလမ်းမှ တိုက်ရိုက်သယ်ယူခြင်း မပြုတော့ဘဲ ဧရာဝတီမြစ်ကို ဖြတ်ကျော်သည့် ရေကြောင်းလမ်းကို ပြောင်းလဲအသုံးပြုလာကြခြင်းဖြစ်ကြောင်း သိရသည်။ ယခင်က စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှုအတွက် စစ်ကိုင်းတံတားသစ် (ရတနာပုံတံတား) ကို အဓိကအသုံးပြုခဲ့ကြသော်လည်း နောက်ပိုင်းတွင်...

တာချီလိတ်မြို့နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆၀) ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ပန်စလိကျေးရွာနှင့် ကလရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာတို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆၀)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၂ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပန်စလိကျေးရွာမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၃၃) ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၂၇)ဦးကိုလည်း လုပ် ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများအား လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071