Wednesday, May 6, 2026

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏...

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း...

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ်...

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင်...

ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို...

ပြည်ပမှတင်သွင်းနေရသည့် ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယနေ့ မေ ၆ ရက်ကထုတ်ပြန်ခဲ့သည်။ ဒီဇယ်ဆီ...
HomeInternationalCOVID-19 နှင့်အလားတူလမ်းကြောင်းမှတစ်ဆင့် လူသားကိုကူးစက်နိုင်သည့်...

COVID-19 နှင့်အလားတူလမ်းကြောင်းမှတစ်ဆင့် လူသားကိုကူးစက်နိုင်သည့် လင်းနို့ကိုရိုနာဗိုင်းရပ်စ်အသစ်ကို တရုတ်သုတေသနအဖွဲ့ ရှာဖွေတွေ့ရှိ

တရုတ်သုတေသနအဖွဲ့တစ်ဖွဲ့သည် လင်းနို့မှဆင်းသက်သည့် ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းဗိုင်းရပ်စ်သည် COVID-19 ဖြစ်စေသည့်ဗိုင်းရပ်စ်နှင့်အလားတူ လူသားဆဲလ်များကို ဝင်ရောက်နိုင်သောလမ်းကြောင်း (ACE2 receptor) ကိုအသုံးပြုနိုင်သည့်အတွက် တိရစ္ဆာန်မှလူသားသို့ ကူးစက်နိုင်ခြေရှိကြောင်း သိရသည်။

ဤသုတေသနကို “လင်းနို့အမျိုးသမီး” (Batwoman) အဖြစ်လူသိများသည့် ဗိုင်းရပ်စ်ပညာရှင် ရွှီကျင့်လီ ဦးဆောင်ပြီး ကွမ်ကျိုးဓာတ်ခွဲခန်း၊ ကွမ်ကျိုးသိပ္ပံအကယ်ဒမီ၊ ဝူဟန်တက္ကသိုလ်နှင့် ဝူဟန်ဗိုင်းရပ်စ်သုတေသနအင်စတီကျူ့မှ သိပ္ပံပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရွှီကျင့်လီသည် COVID-19 ၏မူလအစနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာဖြစ်နေသည့် ဝူဟန်အင်စတီကျူ့တွင် လင်းနို့မှကူးစက်သည့် ကိုရိုနာဗိုင်းရပ်စ်များအပေါ် နှစ်ပေါင်းများစွာသုတေသနပြုခဲ့သူအဖြစ် ကျော်ကြားသည်။ အထူးသဖြင့် COVID-19 ဗိုင်းရပ်စ်သည် ဝူဟန်ဓာတ်ခွဲခန်းမှ မတော်တဆလွတ်ထွက်မှုကြောင့်ဖြစ်နိုင်သည်ဟူသော သံသယသီအိုရီကို ထောက်ခံသူများကမူ သူမ၏လုပ်ဆောင်ချက်များကို မကြာခဏ ထောက်ပြညွှန်းဆိုလေ့ရှိသည်။

သတိပြုရန်မှာ ယခုတွေ့ရှိမှုသည် လင်းနို့မှဆင်းသက်သည့် ဗိုင်းရပ်စ်များ၏ လူသားများအား ကူးစက်နိုင်စွမ်းနှင့်ပတ်သက်၍ လတ်တလောဆုံးဖြတ်ရန် စောသေးသလို ထပ်မံသုတေသနပြုရန် လိုအပ်‌သေးကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအတွက် ဖြစ်နိုင်ခြေရှိသော ကပ်ရောဂါအန္တရာယ်များကို စောင့်ကြည့်ရန် အရေးကြီးကြောင်း သုတေသီများက ထည့်သွင်းပြောဆိုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့် ပြစ်ဒ-ဏ်အချို့လျှော့ပေါ့ပေးခဲ့သည့် သတင်းများအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုပါသည်။ ဤဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်သော ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အရေးပါသည့် ခြေလှမ်းများဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။ နိုင်ငံတကာ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ မိသားစုနှင့် ဆက်သွယ်ခွင့်ပြုခြင်းဖြင့် ဤပြောင်းရွှေ့မှုအပေါ် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ရန် မြန်မာနိုင်ငံကို ကျွန်ုပ်တို့...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းများမှလည်း အကြမ်း ဖက်အဖွဲ့များမီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက် အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပ ညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံများပြန် လည်ပြုပြင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ ဒေသခံများ မြေမြုပ်မိုင်းအန္တရာယ်မှကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ် ကူညီ

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ “အမ်ဗီဂူတမ်” အမည်ရှိ သင်္ဘောသည် အိန္ဒိယနိုင်ငံသား ခြောက်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး အပါအဝင် သင်္ဘောသား ခုနစ်ဦးကို တင်ဆောင်လာခဲ့ပြီး အိုမန်မှ အိန္ဒိယသို့ ဦးတည် ခုတ်မောင်းနေစဉ် ကြီးမားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ပင်လယ်ထဲတွင် သောင်တင်နေခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပါကစ္စတန်ရေတပ်သည် “ကက်ရှ်မီးယား” အမည်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071