သရုပ်ဆောင်မောင်က ကိုဗစ်ရောဂါဖြစ်နေတဲ့လူနာတွေအတွက် သူ့ရဲ့ message box မှာ အချိန်မရွေးသိချင်တာတွေလာမေးနိုင်ကြောင်းကို သူ့ရဲ့ဖေ့ဘုတ်ပေါ်မှာ အခုလိုပဲရေးသားထားပါတယ်။
“ဒီရက်ပိုင်းမှာ Covid လူနာတွေ လူကြီးရော လူငယ်တွေရော အများကြီး တွေ့လာရပါတယ်… စင်တာတွေ ဆေးရုံတွေ လွယ်လွယ် သွားမရတာကြောင့်ပိုပြီး ဒုက္ခတွေ့နေရပါတယ်… အဲ့တာကြောင့်Covid နဲ့ ပက်သက်ပြီး အိမ်မှာ အရေးပေါ်လူနာရှိနေရင်.. Chat box ကနေ အချိန်မရွေးလာမေးပါ…
အရေးကြီးနေလျှင် ဖုန်းဆက်ပေးပါမယ်..
လုပ်ဆောင်ရမယ့်အချက်တွေ အတတ်နိုင်ဆုံး ညွှန်ကြားပေးပါမယ်…
တကယ်အရေးကြီးတဲ့ လူနာတွေကို အချိန်ပေးချင်တာကြောင့် ကာကွယ်ချင်ရုံ မေးချင်တဲ့သူများတော့ သည်းခံဖို့ မေတ္တာရပ်ခံပါတယ်…”ဆိုပြီးရေးသားထားပါတယ်။