Sunday, May 10, 2026

တီမောလက်စတီးက ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ...

(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ထူးခြားချက်များ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များသည် ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆီယံပဋိညာဉ် ပြင်ဆင်ချက်တစ်ရပ်ကို...

အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒကို...

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အောက်ပါအချက်များကို အလေးထားဖော်ပြထားပါသည် - စိတ်ရှည်သည်းခံမှုလွန်ခဲ့သည့် (၅) နှစ်တာအတွင်း အာဆီယံနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏...

လာမည့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်...

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မေ၁၀ရက်ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် မနက်ဖြန်မေ ၁၁ ရက်မွန်းတည့်ချိန်အထိ ရန်...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင်...
HomeNewsLocal NewsCNG Gas ရရှိမှုမလုံလောက်၍...

CNG Gas ရရှိမှုမလုံလောက်၍ YBS ခရီးသည်တင်ကားအနည်းငယ်သာပြေးဆွဲနိုင်မည်

CNG Gas ရရှိမှုမလုံလောက်၍ YBS ခရီးသည်တင်ကားအနည်းငယ်သာပြေးဆွဲနိုင်မည်

YBS ခရီးသည်တင်ကားများနှင့်အဌားကားများတွင် အသုံးပြုမှုသည့် CNG Gas ရရှိမှုမလုံ လောက်သဖြင့် လတ်တလောတွင် YBS ခရီးသည်တင်များအနည်းငယ်သာပြေးဆွဲနိုင်မည်ဖြစ် ကြောင်း သိရသည်။

“ညကတော့အိမ်ပြန်ရတာအတော်ဒုက္ခရောက်တယ်ဗျာ လိုင်းကားတွေကမလာဘူး လာတဲ့ကားကိုပဲစုပြုံပြီးတက်ရတော့ ကားပေါ်မှာလည်းကြပ်ညပ်နေတာပဲ Gas မရလို့ကားတွေမထွက်နိုင်ဘူးတဲ့ မှတ်တိုင်တွေမှာလည်းလူတွေပုံနေတာပဲ”ဟု ဒဂုံတောင်မြို့နယ်နေ ကိုဝေဖြိုးကပြောသည်။

“ကျွန်တော်မနက်က ရုံးသွားဖို့ထွက်လာတော့ ကားဂိတ်မှာမေးကြည့်တော့ ကားတွေကထွက်တော့ထွက်မယ် ကားစီးရေနည်းမယ်လို့တော့ပြောတယ် Gas မရလို့ကားတွေသိပ်မထွက်နိုင်ဘူးတဲ့”ဟု ဒဂုံတောင်မြို့နယ်နေ ကိုစည်သူကပြောသည်။

ထိုသို့ YBS ခရီးသည်တင်ကားများပြေးဆွဲမှုလျော့နည်းရခြင်းမှာ CNG Gas လုံလောက်စွာမရရှိခြင်း၊ရရှိသည့် CNG Gas များမှာသန့်ရှင်းမှုမရှိခြင်းတို့ကြောင့် ပြေးဆွဲရန်အခက်အခဲများကြုံ တွေ့နေရသဖြင့် ပြေးဆွဲသည့်ကားစီးရေလျော့ နည်းရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က YBS ကိုပဲအားပြုပြီးသွားနေရတာ အခုအဲ့လိုမျိုးတွေဖြစ်တော့ အလုပ်သွားရတာအရမ်းခက်တယ် ပြန်လာတဲ့အချိန်ဆိုရင်လည်း အလုပ်ပင်ပန်းလာတော့ စောစောစီးစီးပြန်နားချင်တယ် အခုလိုကားတွေက Gas မရလို့သိပ်မထွက်ကြတော့ လာတဲ့ကားကိုပဲတိုးဝှေ့စီးရတဲ့အခါ ပိုပြီးပင်ပန်းရတယ်”ဟု ဒဂုံတောင်မြို့နယ်နေ ကိုစည်သူကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တီမောလက်စတီးက ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည်၊ အာဆီယံအလံနှင့် အထိမ်းအမှတ်တံဆိပ်ကို ပြင်ဆင်အတည်ပြုအာဆီယံ၏ (၁၁) ခုမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာသည့် တီမောလက်စတီး နိုင်ငံ (အရှေ့တီမော) သည် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး ၄ နှစ်အကြာ ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်မည်ဖြစ်ကြောင်း...

(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ထူးခြားချက်များ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များသည် ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆီယံပဋိညာဉ် ပြင်ဆင်ချက်တစ်ရပ်ကို အတည်ပြုခဲ့ကြသည်။ အမှတ်တံဆိပ် ပြင်ဆင်ခြင်းတီမောလက်စတီး နိုင်ငံ က အဖွဲ့ဝင်ဖြစ်လာမှုကို ထင်ဟပ် ဖေါ်ပြနိုင်စေရန် အာဆီယံအလံနှင့် အထိမ်းအမှတ်တံဆိပ်  တို့ကို အသစ်ပြင်ဆင် သတ်မှတ်ခဲ့သည်။ ပံ့ပိုးကူညီမှုတီမောလက်စတီး အနေဖြင့် ဒေသတွင်း သဘောတူညီချက်များတွင် အပြည့်အဝ ပါဝင်လာနိုင်ရေးနှင့် အဖွဲ့ဝင်အဖြစ် ပေါင်းစည်းရေး လုပ်ငန်းစဉ်များကို အာဆီယံနိုင်ငံများက ဆက်လက်ပံ့ပိုးကူညီသွားရန် အတည်ပြုခဲ့ကြသည်။ လက်ရှိ အာဆီယံမူဘောင်အတွင်း အခြေအနေယခု (၄၈)...

အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်မြန်မာနိုင်ငံအပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့၏ ခွဲခြားဆက်ဆံသည့် လုပ်ရပ်များသည် ဒီမိုကရေစီနည်းလမ်းတကျ ဆန္ဒမဲပေးခဲ့ကြသော မြန်မာပြည်သူများ၏ သဘောထားကို လျစ်လျူရှုရာရောက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မေလ ၁၀ ရက်) တွင် သဘောထားထုတ်ပြန်လိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အောက်ပါအချက်များကို အလေးထားဖော်ပြထားပါသည် - စိတ်ရှည်သည်းခံမှုလွန်ခဲ့သည့် (၅) နှစ်တာအတွင်း အာဆီယံနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ စိတ်ရှည်သည်းခံကာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုမှုအဆိုပါ အပြုသဘောမဆောင်သည့် လုပ်ရပ်များကို အစိုးရသစ်လက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းခြင်းသည် ပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို စော်ကားရာရောက်သည်။ ပြည်တွင်းရေး စွက်ဖက်မှုအာဆီယံအဖွဲ့ဝင် အချို့နိုင်ငံများသည် အာဆီယံပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ် (၂) ပါ အခြေခံမူများကို ဖောက်ဖျက်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဖိအားပေးခြင်းနှင့်...

လာမည့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အ နောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မေ၁၀ရက်ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် မနက်ဖြန်မေ ၁၁ ရက်မွန်းတည့်ချိန်အထိ ရန် ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်နေရာကွက်၍မိုးကြီးနိုင်ကာ နေပြည်တော်၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း ဒေသအလိုက်မိုးကြီးနိုင်သည်ဟု မိုးဇလကသတိပေးခဲ့သည်။ ထို့အတူ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ကရင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိသည်ဟု အသိပေးခဲ့သည်။ ယင်း မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071