တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် 2025 China-Asean Cup ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု လက်ရွေးစင်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းအဖွဲ့ သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲအား တရုတ်နိုင်ငံ Huishui မြို့၌ လာမည့် ဇွန်လ (၁)ရက်မှ (၄) ရက်အထိ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။
လက်ရွေးစင်အမျိုးသားအသင်းတွင် ဇင်မင်းဦး၊ သန့်ဇင်ထွန်း၊ အောင်အောင်၊ ဇော်မင်းခန့်၊ ရဲထက်၊ ဟန်ဝင်းထွဋ်တို့ ပါဝင်ကြမည်ဖြစ်ကာ လက်ရွေးစင်အမျိုးသမီးအသင်းတွင် ဖြူဖြူသန်း၊ နန့်မေသူထွေး၊ ယမုံဇင်၊ ချယ်ရီလင်းသစ်၊ သီရိအောင်နှင့် ဖူးဖူးတို့ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
အသင်းနည်းပြအဖြင့် ဦးမောင်မျိုးသွင်နှင့် ဦးအောင်မျိုးဆွေ၊ အုပ်ချုပ်မှုအဖွဲ့များအဖြင့် စိုင်းဇော်ထွန်းလင်း၊ ဦးသန်းထွန်း၊ ဦးထက်ဇော်တို့ လိုက်ပါသွားကြမည်ဖြစ်သည်။
လက်ရှိတွင် လက်ရွေးစင် အမျိုးသား/အမျိုးသမီး ကစားသမားများကို ရန်ကုန်မြို့၊ သုဝဏ္ဏ ပိုက်ကျော်ခြင်း လေ့ကျင့်ရေးအားကစားရုံ၌ စခန်းသွင်းလေ့ကျင့်ပြင်ဆင်နေကြကြောင်း သိရသည်။
