Thursday, August 13, 2026

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို...

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှနေ အိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်နေသည့် နေအိမ်(၁၇)လုံးတွင်နေထိုင်သူ(၅၈)ဦးအား လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက...

ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး

တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာသည့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အား နိုင်ငံတော်အစိုးရမှပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယာယီတိမ်းရှောင်နေရသော ဒေသခံများ သည်လည်း နေရပ်သို့အသီးသီးပြန်လည်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ...

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး...

ဘားအံ၊သြဂုတ်-၁၃ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်လာခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂) ခု ထပ်မံဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ သံလွင်မြစ်ရေသည်...
HomeNewsLocal NewsBuild-Smart & Biggest...

Build-Smart & Biggest Myanmar Production Expo 2026” ပြပွဲ ရန်ကုန်မြို့၌ ၃ ရက်ကြာ ကျင်းပမည်

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) ၏ နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် “Build-Smart & Biggest Myanmar Production Expo 2026” ပြပွဲကို ရန်ကုန်မြို့ရှိ Yangon Convention Centre (YCC) တွင် မေလ ၁၅ ရက်မှ ၁၇ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများစွာ ပါဝင်ပြသမည်ဖြစ်ပြီး ဆောက်လုပ်ရေးနည်းပညာများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ နည်းပညာများကို အဓိကထား ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြပွဲအတွင်း စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း MCEF တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီပြပွဲက မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုနဲ့ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပြပွဲတွင် လျှပ်စစ်ကား (EV) နှင့် သယ်ယူပို့ဆောင်ရေးနည်းပညာများ၊ စက်မှုသုံးယာဉ်များနှင့် နည်းပညာဆိုင်ရာ ထုတ်ကုန်အသစ်များကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို ရေဘေးလွတ်ရာရွှေ့ပြောင်းပေး

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှနေ အိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်နေသည့် နေအိမ်(၁၇)လုံးတွင်နေထိုင်သူ(၅၈)ဦးအား လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် ရေဘေးရှောင်စခန်းအဖြစ်ဖွင့်လှစ်ထားသည့် စာကြောစာသင်တိုက်သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ လက်ရှိအချိန်၌ ရေဘေးသင့်သူများနေထိုင်စားသောက်ရေးအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ စီမံဆောင်ရွက်ပေးထားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများကလည်း ဆန်ရိက္ခာဖိုးများထောက်ပံပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃ ရက်ကထုတ်ပြန်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီးစိုးရန်နောင် အား ဖွဲ့စည်းအားအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မ ခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (င)၊ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (စ)၊...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး

တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာသည့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အား နိုင်ငံတော်အစိုးရမှပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယာယီတိမ်းရှောင်နေရသော ဒေသခံများ သည်လည်း နေရပ်သို့အသီးသီးပြန်လည်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ကော့ကရိတ်ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Malteser International က ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် စိုက်ပျိုးရေးအထောက်အကူပစ္စည်း(Livehood kids) များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071