
My Boo ဆိုတဲ့ အမှတ်တံဆိပ်နဲ့အတူ ခေါင်းအုံးလေးတွေ၊ ဦးထုပ်လေးတွေ၊ အင်္ကျီလေးတွေထုတ်လုပ်ထားတဲ့ ဟစ်ဟော့ပ်အဆိုတော် မိစန္ဒီက My Boo ကနေ ဒီဇိုင်းအသစ်တွေထပ်ထွက်ရှိလာဖို့ သိပ်မလိုတော့ဘူးလို့ ဆို ပါတယ်။ လက်ရှိ လူငယ်မိန်းကလေးပရိသတ်တွေကြားထဲမှာတော့ My Boo က ရေပန်းစားနေတဲ့ အမှတ်တံ ဆိပ်တစ်ခုပါ။
“My Boo က စက်တင်ဘာလလယ်၊ ဒါမှမဟုတ် အောက် တိုဘာလ ဆန်းလောက်မှာ ဒီဇိုင်းအသစ်တွေအများကြီးထွက် လာဖို့ ရှိပါတယ်။ အဲဒီအခါကျရင်လည်း အားပေး ပါလို့ပြော ချင်ပါတယ်။ ဒီတစ်ခေါက် ဒီဇိုင်းတွေက အရင်ဒီဇိုင်းတွေထက် ပိုပြီးတော့ အထာကျတယ်ပေါ့နော်” လို့ မိစန္ဒီကပြောပါတယ်။ သူမက လတ်တလောမှာစီစဉ်ထားတဲ့ သူမရဲ့ အနု ပညာလှုပ် ရှားမှုအစဉ်အစဉ်တွေ အကြောင်းကိုလည်း
… “လတ်တလောမှာတော့ မိစန္ဒီ ရှိုးပွဲရာသီချိန်ရောက်လာ ပြီဆိုတော့ မုံရွာသွားဖို့ရှိတယ်။ တောင်ကြီးမှာ သွားဆိုဖို့ရှိ တယ်။ ဆက်တိုက်ပါပဲ။ နောက်ပြီးတော့ ‘အသဲလေး’စီးရီးခွေ အခွေအတွက် အမ်တီဗီရိုက်ဖို့ပြင် ဆင်ရမှာပေါ့။ အမ်တီဗီ က တစ်နှစ် လောက်တော့ကြာဦးမှာပေါ့။ ဒါပေမဲ့ ကြား ထဲမှာ ပရိသတ်တွေအတွက် အမ်တီဗီတစ်ပုဒ်၊ နှစ်ပုဒ် လောက် ရိုက်ပြီးတင်သွားတာမျိုးတော့ လုပ်သွားမှာပါ” လို့ မိစန္ဒီက ပြောပါတယ်။ မိစန္ဒီရဲ့ တတိယတစ်ကိုယ် တော် စီးရီးခွေဖြစ်တဲ့ ‘အသဲလေး’က လည်း မကြာသေး ခင်ကမှ ထွက်ရှိထားတာ ဖြစ်ပါတယ်။ စီးရီးခွေနဲ့ ပတ် သက်ပြီး မိစန္ဒီရဲ့ ပီတိက..
“အဲဒီအခွေလေးကိုလည်း ပရိသတ်တွေအားပေးတဲ့ အတွက် မိစန္ဒီအရမ်းဝမ်းသာမိပါတယ်။ အခွေထဲမှာဆိုရင် မိစန္ဒီ အချစ်အကြောင်းလေးတွေအပြင် လူမှုဘဝအစုံအလင်ကို ဟာသသဘောမျိုးအနေနဲ့ရော၊ ပရိသတ်ကြီးကို Message ပေးတဲ့ အနေနဲ့ရော အများကြီးကြိုး စားထားတာရှိပါတယ်။ ပါဝင်တဲ့ အနုပညာရှင်တွေ၊ တေးရေး၊ တေးဆိုတွေ အားလုံးကလည်း သေသေ ချာချာ ကြိုးစားထားကြပါတယ်”လို့ ပြောပါတယ်။
မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း
