Friday, June 26, 2026

ရှမ်းပြည်သူများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းအား မူးယစ်ဆေးဝါး၏ ဆိုးရွားသောသက်ရောက်မှုများမှ...

ရှမ်းပြည်၊ ရှမ်းပြည်သူများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းအား မူးယစ်ဆေးဝါး၏ ဆိုးရွားသောသက်ရောက်မှုများမှကင်းဝေးစေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန် အာမခံနိုင်သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ယနေ့ ဇွန် ၂၆...

စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီဖြန့်ဖြူးမှုကွင်းဆက်တစ်လျှောက် ဒစ်ဂျစ်တယ်စနစ်ဖြင့်...

နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စွမ်းအင်ဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီဖြန့်ဖြူးမှုကွင်းဆက်တစ်လျှောက်ကို ဒစ်ဂျစ်တယ်စနစ်ဖြင့် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြောကြားသည်။ ဇွန် ၂၅...

MSME လုပ်ငန်းများအတွက် စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အား...

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ၏ ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်နိုင်ရေးအတွက် စက်သုံးဆီလိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ...

MSME ဖွံ့ဖြိုးရေး၊ AI နည်းပညာအသုံးချရေးနှင့်...

နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားကို ခိုင်မာစေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ AI နည်းပညာအသုံးချရေးနှင့်...
HomeMoviesBIMSTEC အတွင်းရေးမှူးချုပ်တာဝန်ကို မြန်မာနိုင်ငံ...

BIMSTEC အတွင်းရေးမှူးချုပ်တာဝန်ကို မြန်မာနိုင်ငံ လွှဲပြောင်းရယူမည်

မြန်မာနိုင်ငံ၏ အနာဂတ်သည် ပိုမိုပွင့်လင်းလာပြီဖြစ်ပြီး BIMSTEC အဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း BIMSTEC အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ BIMSTEC အတွင်းရေးမှူးချုပ်က ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

BIMSTEC အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ပြည်ပခရီးစဉ်များသည် ဒေသတွင်းဆက်ဆံရေးများကို ပိုမိုခိုင်မာအားကောင်းစေမည်ဟု ယုံကြည်ကြောင်း BIMSTEC အတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံသည် BIMSTEC အဖွဲ့ဝင်နိုင်ငံများအကြား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် BIMSTEC အဖွဲ့အနေဖြင့် မကြာမီကာလအတွင်း ထိပ်သီးအစည်းအဝေးများနှင့် ဒေသတွင်းလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က BIMSTEC သည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးနှင့် နိုင်ငံရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုမရှိဘဲ ပူးပေါင်းဆောင်ရွက်မှုကောင်းမွန်သည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်မြောက်စေရေးအတွက် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

နှစ်ဖက်ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ BIMSTEC အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ လာမည့်နှစ်တွင် မြန်မာနိုင်ငံက BIMSTEC အတွင်းရေးမှူးချုပ်တာဝန် လွှဲပြောင်းရယူမည့်ကိစ္စနှင့် တာဝန်ထမ်းဆောင်စဉ် အဖွဲ့အစည်း၏ လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် BIMSTEC အဖွဲ့ဝင်နိုင်ငံများအနက် ကုန်းတွင်းပိတ်နိုင်ငံများဖြစ်သည့် နီပေါနှင့် ဘူတန်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအချင်းချင်းနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုကောင်းမွန်လာစေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်းပြည်သူများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းအား မူးယစ်ဆေးဝါး၏ ဆိုးရွားသောသက်ရောက်မှုများမှ ကင်းဝေးစေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန် အာမခံနိုင်ဟု RCSS ထုတ်ပြန်

ရှမ်းပြည်၊ ရှမ်းပြည်သူများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းအား မူးယစ်ဆေးဝါး၏ ဆိုးရွားသောသက်ရောက်မှုများမှကင်းဝေးစေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန် အာမခံနိုင်သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ယနေ့ ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့၌ ထုတ်ပြန်အသိပေးခဲ့သည်။ တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုတို့ကို တင်းကြပ်စွာတားမြစ်ထားစဉ် ပြင်းထန်သောထိပ်တိုက်ရင်ဆိုင်မှုများထက် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများကို ပိုမိုဦးစားပေးပြီး ဥပဒေအရအရေးယူခြင်းကို နောက်ဆုံးနည်းလမ်းအနေဖြင့်သာအသုံးပြုသည်ဟု အသိပေးခဲ့သည်။ ထို့ပြင် ဒေသခံလူထု၏ ယုံကြည်မှုနှင့် လူမှုရေး သဟ ဇာတဖြစ်မှုကိုမြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုအ တွက် အားလုံးပါဝင်နိုင်သောနေရာတစ်ခုကိုဖန်တီးပေးကာ တရားမဝင်ကွန်ရက်များတွင်ပါဝင်နေသူများအား ရေရှည်တည်တံ့ပြီး တရားဝင်သော...

စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီဖြန့်ဖြူးမှုကွင်းဆက်တစ်လျှောက် ဒစ်ဂျစ်တယ်စနစ်ဖြင့် ကြပ်မတ်စောင့်ကြည့်နေ

နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စွမ်းအင်ဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီဖြန့်ဖြူးမှုကွင်းဆက်တစ်လျှောက်ကို ဒစ်ဂျစ်တယ်စနစ်ဖြင့် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြောကြားသည်။ ဇွန် ၂၅ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် ကမာရွတ်မဲဆန္ဒနယ်မှ ဦးကိုကိုသင်း၏ "စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် မဟာဗျူဟာမြောက် အရန်ဆီသိုလှောင်မှုစနစ် ဖော်ဆောင်ရန်နှင့် တင်သွင်းဖြန့်ဖြူးမှုကွင်းဆက်ကို စနစ်တကျ ထိန်းကျောင်းနိုင်မည့် အစီအစဉ်ရှိ/မရှိ" ဟူသည့် ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ စက်သုံးဆီရရှိမှုသည် ပြည်ပတင်သွင်းမှုအပေါ်...

MSME လုပ်ငန်းများအတွက် စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးရေး ဆက်လက်တိုးမြှင့်မည်ဟု နိုင်ငံတော်သမ္မတ ပြော

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ၏ ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်နိုင်ရေးအတွက် စက်သုံးဆီလိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်ရေးအတွက်လည်း နိုင်ငံတော်အနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ဇွန် ၂၅ ရက် နံနက်ပိုင်းက ကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက လျှပ်စစ်ဓာတ်အား လိုအပ်ချက်မြင့်မားသည့် ဒေသများတွင် နေရောင်ခြည်စွမ်းအင်သုံးနှင့် ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို တိုင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071