Thursday, April 30, 2026

မအူပင် (တောင်) သဘာဝဓာတ်ငွေ့မြေတွင် နည်းပညာသစ်အသုံးပြု၍...

​မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ လုံခြုံစိတ်ချရမှုနှင့် ပြည် တွင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်လုပ်ဆောင်လျက်ရှိရာ ဧရာဝတီတိုင်း၊ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၄) မှ...

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့ နံနက်၇နာရီအချိန်တွင် ပုသိမ်မြို့သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့ကြောင်း...

ကိုရီးယားနိုင်ငံ လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး...

ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းအပေါ် ဇနီးဖြစ်သူအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကိုရီးယားသမ္မတနိုင်ငံ ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့ရှိ သံမဏိ ပုံသွင်းစက်ရုံတစ်ရုံ၌...

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀...

"ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ"ဖွဲ့စည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်ကထုတ်ပြန်ခဲ့သည့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်၏ အပိုဒ် ၁၁ အားအစားထိုးကာ "ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီ"ကိုဖွဲ့စည်းကြောင်း...
HomeNewsLocal NewsART ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန်...

ART ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် နိုင်ငံတော်ကငွေကျပ် သန်း (၆၀,၀၀၀) တိုးမြှင့်ထောက်ပံ့ပေးထား

နိုင်ငံတော်မှ HIV ပိုးရှိလူနာများအား ကုသပေးလျက်ရှိသော ART နှင့် ဆေးပစ္စည်းများ ဝယ်ယူရန် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ငွေကျပ် သန်း ၆၀,၀၀၀ ကို တိုးမြှင့်ထောက်ပံ့ပေးထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပြောသည်။

ယမန်နေ့က ကျင်းပသည့် ခုခံကျ/ကာလသားရောဂါတို-က်ဖျ-က်ရေး စီမံချက်လုပ်ငန်းများအား ဆန်းစစ်သုံးသပ်ခြင်းမှတွေ့ရှိချက်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် HIV ကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း ဦးတည်အုပ်စုဝင်များတွင် Concentrated Ep idemic အနေနှင့် ဆက်လက်ကူးစက်လျက်ရှိကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် HIV/AIDS ရောဂါကို ဦး စားပေး ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြော သည်။

လက်ရှိတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသား မဟာဗျူဟာစီမံကိန်း (၂၀၂၇-၂၀၃၀) ရေးဆွဲနိုင်ရေးအတွက်လည်း လုပ်ဆောင်နေကြောင်း သိရသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ခုခံကျ/ကာလသားရောဂါတို-က်ဖျ-က်ရေးစီမံချက်မှ တာဝန်ရှိသူများ၊ လုပ်ငန်းဆန်းစစ်သုံးသပ်ရာတွင်ပါဝင်ခဲ့သည့် ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ဒေသဆိုင်ရာအဖွဲ့ရုံး၊ မြန်မာနိုင်ငံအခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ မြန်မာနိုင်ငံအခြေစိုက် HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ၏ ပူးတွဲအစီအစဉ်(UNAIDS)အဖွဲနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ART ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန်အတွက် ငွေကျပ် သန်း ၃၃,၆၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – MOI

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင် (တောင်) သဘာဝဓာတ်ငွေ့မြေတွင် နည်းပညာသစ်အသုံးပြု၍ ဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်မှု စံချိန်သစ်တင်

​မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ လုံခြုံစိတ်ချရမှုနှင့် ပြည် တွင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်လုပ်ဆောင်လျက်ရှိရာ ဧရာဝတီတိုင်း၊ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၄) မှ သဘာဝဓာတ်ငွေ့များတိုးတက်ထွက်ရှိလာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ ခေတ်မီနည်းပညာများအသုံးပြု၍ မအူပင် (တောင်) တွင်းအမှတ် (၁၄) ရှိ ပါးလွှာသဲကြောများအား သေချာစွာသုတေသနပြုဆန်းစစ်ပြီးဖောက်ယူထုတ်လုပ်ခဲ့ရာ ဧပြီ ၂၈ ရက်၌ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ (၂) သန်းခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။​တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့ရှိ ရွာမသဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းမှတစ်ဆင့်...

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့ နံနက်၇နာရီအချိန်တွင် ပုသိမ်မြို့သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။       အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပုသိမ်မြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော်များ၊ သီလရှင်ဆရာကြီးဆရာလေးများအား ရွှေမုဋ္ဌောစေတီရင်ပြင်တွင် ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ညောင်ရေသွန်းပွဲကိုရွေမုဋ္ဌောစေတီ ဗောဓိညောင်ပင်တွင် သွန်းလောင်းခဲ့ကြသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး ၏ ဇနီးအပေါ် လိုအပ်သည်များ သံရုံး ကူညီ

ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းအပေါ် ဇနီးဖြစ်သူအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကိုရီးယားသမ္မတနိုင်ငံ ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့ရှိ သံမဏိ ပုံသွင်းစက်ရုံတစ်ရုံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား မောင်စန်းယုသည် မတ် ၂၄ ရက်တွင် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားခဲ့ပြီး ဆေးရုံတက်ရောက်ကုသစဉ် သေဆုံးသွားခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာသံရုံးဆိုးလ်မြို့က ကျန်ရစ်သူမိသားစု ကိုရီးယားနိုင်ငံသို့ လာရောက်ပြီး ဈာပနကျင်းပနိုင်ရေးအတွက် ဗီဇာရရှိရေး အချိန်မီကူညီဆောင်ရွက်ပေးကာ ရသင့်ရထိုက်သည့်အခွင့်အရေးများ အပြည့်အဝရရှိစေရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အလုပ်သမားသံအရာရှိ၊ အလုပ်သမားဝန်ကြီးဌာနနှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးထားသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071